Connect with us

Hi, what are you looking for?

သတင်း

သပိတ်ကျင်းမြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်က မိုးကုတ်လမ်းပိုင်းပေါ်မှာရှိတဲ့ လမ်းလယ်ကျစ်ကျေးရွာမှာ တိုက်ပွဲတွေပြင်းထန်ပြီးနောက် စစ်တပ်က ပြန်လည်ထိန်းချုပ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုးကုတ်-မန္တလေး လမ်းပိုင်းမှာ သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က လမ်းပိုင်းစစ်ရေးလုပ်ဆောင်နေစဉ်။ ဓာတ်ပုံ - သပိတ်ကျင်း ပကဖ

စက်တင်ဘာ−၂၃၊၂၀၂၅၊မေ/People’s Spring

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်က မိုးကုတ်လမ်းပိုင်းပေါ်မှာရှိတဲ့ လမ်းလယ်ကျစ်ကျေးရွာမှာ တိုက်ပွဲတွေပြင်းထန်ပြီးနောက် စစ်တပ်က ပြန်လည်ထိန်းချုပ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တော်လှန်ရေးတပ်တွေ ရက်ပေါင်းများစွာခုခံခဲ့ပြီး တိုက်ပွဲပြင်းထန်နေတဲ့ လမ်းလယ်ကျစ်ကျေးရွာကို စက်တင်ဘာ ၂၃ရက်မှာ ပြန်ရခဲ့တယ်လို့ စစ်တပ်က ဓာတ်ပုံတွေနဲ့ ထုတ်ပြန်လာပါတယ်။

“နေ့တိုင်း လေကြောင်းတိုက်နေတော့ ဆုတ်ပေးလိုက်ရတာပါ။တခြားနေရာ တွေလည်းထိပ်တိုက်ရင်ဆိုင် နေကြပါတယ်”လို့ တော်လှန်ရေးရဲဘော်တဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိမှာ လမ်းလယ်ကျစ်ကျေးရွာအတွင်း စစ်တပ်က တပ်စွဲထားတယ်လို့ အဲဒီရဲဘော်က ဆက်ပြောပါတယ်။

လမ်းလယ်ကျစ်ရွာဟာ သပိတ်ကျင်း − မိုးကုတ်လမ်းပိုင်းပေါ်မှာရှိပြီး မိုးကုတ်မြို့အတွက် အရေးပါတဲ့ နေရာလို့လည်း သပိတ်ကျင်းနယ်မှာ တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တခုက တာဝန်ရှိသူက ပြောပါတယ်။

“ပြန်ပါသွားတယ်လို့တော့ သတင်းကြားတယ်။ အဲဒီမှာ ပြီးခဲ့တဲ့အပတ်တည်းက ပြင်းထန်နေတာ။ စကစက လေကြောင်းအားကိုးပြီးလုပ်တော့ ရဲဘော်တွေလည်း အတော်လေးခုခံပါတယ်”လို့ ၎င်းက ဆက်ပြောပါတယ်။

စက်တင်ဘာ ၁၅ ရက်က လမ်းလယ်ကျစ်ကျေးရွာတိုက်ပွဲမှာ မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်က ပကဖရဲ ဘော်တဦးလည်း ကျဆုံးထားတယ်လို့ သိရပါတယ်။

သပိတ်ကျင်းမြို့နယ်ရဲ့ (၁၃)မိုင်ဘက်မှာလည်း တိုက်ပွဲ‌တွေ ပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်က ဒရုန်းနဲ့ လေကြောင်းအားကိုးကာ ထိုးစစ်ဆင်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဖားကန့်မှာဒီနေ့ မနက်အစောပိုင်းကစပြီးတိုက်ပွဲပြင်းထန်ဖြစ်နေသလို စစ်တပ်ကမြို့ထဲကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတယ်လို့​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်မှာတိုက်ပွဲအလွန်ပြင်းထန်နေပြီး အာဏာသိမ်းစစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအပြင်းအထန်ပစ်ကူပေးခုခံနေပါတယ်။

သတင်း

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီက ဒီကနေ့မှာ လေကြောင်းကနေအပြင်းအထန်ဗုံးကြဲတိုက်ခိုက်နေရာ ကလေးငယ် ၂ဦးအပါအဝင် ပြည်သူ ၇ဦးသေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့၌ အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ−၂၁) အပါအဝင် နေရာ သုံးနေရာထက်မနည်းတွင် ယနေ့(ဩဂုတ်၂၆ရက်) တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။