Connect with us

Hi, what are you looking for?

သတင်း

တောင်သာနယ် လေကြောင်းတိုက်ခိုက်မှု ငါးရက်အတွင်း ပြည်သူနှစ်ဦးသေဆုံး၊ စာရင်းမကောက်နိုင်သေး

မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ငါးရက်အတွင်းမှာ ပြည်သူ၂ဦးသေဆုံးပြီး စာရင်းတွေမကောက်ယူနိုင်သေးဘူးလို့ အဲဒီမြို့နယ်က လူ့အခွင့်အရေးတာဝန်ခံက ပြောပါတယ်။

တောင်သာမြို့နယ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်၍ နေအိမ်တစ်လုံး ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ − CJ

မေ ၂၀၊၂၀၂၅/People’s Spring

မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ငါးရက်အတွင်းမှာ ပြည်သူ၂ဦးသေဆုံးပြီး စာရင်းတွေမကောက်ယူနိုင်သေးဘူးလို့ အဲဒီမြို့နယ်က လူ့အခွင့်အရေးတာဝန်ခံက ပြောပါတယ်။

၉/အညာ မြေစစ်ဆင်ရေးမှာ ပါဝင်ခဲ့တဲ့ တောင်သာမြို့နယ်ကို မေလ၁၅ရက်ကနေ ၁‌‌၉ရက်နေ့အထိ ငါးရက်အတွင်းမှာ စစ်ကောင်စီက Y12 ၊ဂျက်ဖိုက်တာ၊ စက်တပ်လေထီး (Paramotor) တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

မေလ ၁၈ရက်က ဗုံးကြဲတိုက်ခိုက်မှုမှာ ကျွန်းကျေးရွာက စစ်ဘေးရှောင်တစ်ဦးနဲ့ မေလ၁၉ရက် မနေ့က ဗုံးကြဲတိုက်ခိုက်မှုမှာ မြင်းတဲကျေးရွာက အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့တာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“စာရင်းမကောက် နိုင်သေးတာ တွေရှိတယ်။လေကြောင်းတိုက်တာတွေက များလွန်းတော့ ဘယ်‌နေ့တွေက သေမှန်းမသိဘူး။Paramotor နဲ့က ဆက်တိုက်ကြဲနေတာ”လို့ တောင်သာမြို့နယ် လူ့အခွင့်အရေး တာဝန်ခံက ပြောပါတယ်။

တောင်သာမြို့နယ်အတွင်းက ထနောင်းကုန်းပတ်လည်၊ကျွန်းရွာ၊မြင်းတဲ၊သန်းတန်းကျေးရွာတွေကို‌ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာလို့ ဆိုပါတယ်။

ဒါ့အပြင် ပျူစောထီးအားကောင်းရာ ထနောင်းကုန်းရွာကို တော်လှန်ရေးတပ်တွေက မေလ၁၅ရက်ကနေ ၁၉ရက်အထိ တိုက်ခိုက်ခဲ့ပြီး ဒီနေ့မှာတော့ တိုက်ပွဲငြိမ်သက် နေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဇူလိုင် ၁၄ ရက် ၁ရက်တည်း ကလေးငယ် ၄ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သမ္မတအမည်ခံတင်မြှောက်ပြီး ရက် ၁၀၀ စီမံကိန်း အပူတပြင်း ပုံဖော်နေပေမဲ့ စစ်တပ်ဟာ အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်လုပ်နေလို့ ကလေးငယ်တွေ အပါအဝင် ပြည်သူ ရာချီသေဆုံးထိခိုက်ခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူသေဆုံးထိခိုက်မှုတွေ ရှိနေကြောင်း ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က သတင်းထုတ်ပြန်ခဲ့ပြီး မြို့နယ်အတွင်း ပြည်သူတွေ အနေနဲ့ နေအိမ် တိုင်း ပုန်းခိုကျင်းတွေ တူးကြဖို့ နှိုးဆော် ထားပါတယ်။

သတင်း

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ သရက်ကောင်းပင်ကျေးရွာလေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်မှုအတွင်း ကျောင်းသားကလေးငယ် ၃ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ပြင်းထန်ဒဏ်ရာရတဲ့ကလေးငယ် ၅ ဦးထက်မနည်းရှိနေကြောင်း လူထုသတင်းကွန်ယက်-မလှိုင်မြို့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။