Connect with us

Hi, what are you looking for?

သတင်း

နည်းလမ်းအမျိုးမျိုးဖြင့် အာရက္ခဒေသတွင်းမှ ထွက်ခွာရန်ကြိုးပမ်းနေသူများကို ULA/AA တားမြစ်

တည်ငြိမ်သောစစ်ရေးအခြေအနေတစ်ခုသို့ ရောက်ရှိချိန်အထိတားမြစ်ထားမည်

စစ်​​တွေမြို့ကို အ​ပေါ်စီးမှ​တွေ့ရစဥ်။ဓါတ်ပုံ-CJ

မေ-၂၂၊ ၂၀၂၅။ ထင်လင်း/People’s Spring

မြို့သိမ်းတိုက်ပွဲများဆင်နွှဲလျှက်ရှိသောရခိုင် ပြည်နယ်တွင် စစ်ရေးပြင်းထန်နေဆဲဖြစ်ရာ ဒေသတွင်းမှ နေရပ်စွန့်ခွာရန် အားထုတ်ကြိုးပမ်းမှုများ တွေ့ရှိရ​သော​ကြောင့် အဆိုပါဒေသနေပြည်သူများ လိုက်နာရမည့်စည်းကမ်းချက်များကို ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA)က ယနေ့ မေလ ၂၂ ရက်တွင် ထုတ်ပြန်လိုက်သည်။

လူငယ်လူရွယ်အချို့သည် ပြဌာန်းထားသော အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြ ဌာန်းချက်(NDEP)ကို သေချာစွာနားမလည်ဘဲ အဓိပ္ပါယ်ကောက်လွဲမှားကာ တိုင်းပြည်တာဝန်ထမ်းဆောင်မှုကိုရှောင်လွှဲရန် အားထုတ်မှုအချို့ တွေ့လာရသည်ဟု ULA/AA က​ဖော်ပြထားသည်။

ထို့ကြောင့် လိုက်နာရမည့် စည်းကမ်းချက်များကို ထုတ်ပြန်ရာတွင် ကျိုးကြောင်းဆီလျော်မှုမရှိသော အကြောင်းပြချက်များဖြင့် အာရက္ခဒေသတွင်းမှ နေရပ်စွန့်ခွာရန် လိုလားကြသူများနှင့် NDEP ပါ ပြဌာန်းချက်အရ စစ်မှုထမ်းရန် အကျုံးဝင်သော်လည်း စစ်မှုမထမ်းလို၍ နေရပ်စွန့်ခွာသူများကို သွားလာခွင့်တားမြစ်လိုက်ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ယင်းအပြင် ​အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှကုသမပေးနိုင်သည့် ပြင်းထန်ရောဂါရှိသောလူနာများ၊ အသက်အန္တရာယ်စိုးရိမ်ရသည့် လူနာများမှလွဲ၍ စစ်မှုထမ်းရမည့် အသက်အရွယ်၌အကျုံး ဝင်သောအမျိုးသမီး ၁၈ နှစ်မှ၂၅ နှစ်အထိ၊ အမျိုးသား ၁၈ နှစ်မှ ၄၅ အထိ အသက်အရွယ်ရှိသူများကိုလည်း သွားလာခွင့်တားမြစ်ကြောင်း လိုက်နာရမည့် စည်းကမ်းချက်များတွင် ထည့်သွင်းထားသည်။

အလားတူ အာရက္ခဒေသတွင်းမှနေရပ်စွန့်ခွာသွားလာလိုသူများကို ကုန်းလမ်း၊ ရေလမ်းရေလမ်းများမှ အခကြေးငွေယူ၍ ပို့ဆောင်ပေးနေသူများကိုလည်းတားမြစ်လိုက်ပြီးတွေ့ရှိပါကတည်ဆဲဥပဒေအရအရေးယူမည်ဟု ULA/AA က သတိပေးသည်။

အခြေခံစားသောက်ကုန် ရောင်းဝယ်ကြသော ကုန်သည်များ၊ ကျွဲ၊ နွားကုန်သည်များနှင့် နွားချအငှားလိုက်သူများနှင့် ကုန်သည်များအနေဖြင့် လူပိုများခေါ်ဆောင်ခြင်း၊ အခကြေးငွေယူ၍ လူကယ်ရီပို့ဆောင်ခြင်းများ မပြုလုပ်ရဟု တားမြစ်ထားသည်။

အထက်ပါကဲ့သို့ တားမြစ်ရခြင်းမှာ စစ်ကောင်စီထိန်းချုပ်နယ်မြေများ၌ရခိုင်လူမျိုးမှတ်ပုံတင်ကိုင်ဆောင်ထားသူများကို စစ်ကောင်စီက ရည် ရွယ်ချက်ရှိရှိဖမ်းဆီးခြင်း၊ ငွေညှစ်ခြင်း၊ အကြမ်း ဖက်ခြင်း၊ ပုဒ်မအမျိုးမျိုးတပ်ကာ ဖမ်းဆီးထောင်ချခြင်း၊ ပေါ်တာဆွဲခြင်း၊ လူသတ်အ လောင်းဖျောက်ခြင်း စသည့်အန္တရယ်များမှ ကာကွယ်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ULA/AA က အသိပေးသည်။

ထို့အပြင်အာရက္ခဒေသ မြို့သိမ်းတိုက်ပွဲများတွင်လည်း စစ်ကောင်စီထောင်ထားသော မိုင်းများမနင်းမိစေရန်၊စစ်ကောင်စီထိန်းချုပ်နယ်မြေသို့ ရောက်လျှင် စစ်မှုထမ်းရန် စုဆောင်းမခံရစေရန်၊ လူမှောင်ခိုနှင့် ကျားဖြန့်ဂိုင်းများလက်သို့ မရောက်ရှိစေရန်အပါအဝင် လူ၊ မိုင်း၊အန္တရာယ်များမှ ကင်းလွတ်စေရန် ရည်ရွယ်ပါသည်ဟု ဖော် ပြသည်။

ယခုထုတ်ပြန်သော စည်းကမ်းချက်ပါ တားမြစ်ချက်များကို တည်ငြိမ်သော စစ်ရေးအခြေအနေတစ်ခုသို့ ရောက်ရှိချိန်အထိ တားမြစ်လိုက်ပြီး အရေးပေါ်ကာလ ပြန်လည်ရုပ်သိမ်းမည့်အချိန်အား ထပ်မံထုတ်ပြန်ကြေညာပေးသွားမည်ဟု ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA)က ထုတ်ပြန်ထားသည်။

အာရက္ခတပ်​တော်(AA)က ရခိုင်ပြည်နယ်တွင် ၁၇ မြို့နယ်ရှိသည့်အနက် စစ်​တွေ ၊​ကျောက်ဖြူ ၊မာန်​အောင် သုံးမြို့နယ်မှအပ ကျန် ၁၄ မြို့နယ်ကိုသိမ်းပိုက်ထိန်းချုပ်ထားသည်။ထို့အပြင် ချင်းပြည်နယ်မှ ပလက်ဝမြို့နယ်ကိုလည်းသိမ်းပိုက်ထိန်းချုပ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရိုဟင်ဂျာတွေကိုတန်းတူပညာသင်ခွင့်နဲ့ ဌာနဆိုင်ရာတွေမှာအလုပ်လုပ်ခွင့်ပေးထားတယ်လို့ဆို

သတင်း

စားဝတ်နေရေးကြပ်တည်းမှုကြောင့် လုယက်သူတွေအပြင် အဆုံးစီရင်သူတွေပါ ရှိနေ

သတင်း

စစ်တွေမြို့နဲ့အနီးဆုံးမှာရှိတဲ့အာဏာသိမ်းစစ်တပ်ရဲ့အကြီးဆုံးထောက်ပို့ရေတပ်စခန်း ရွှေမင်းဂံရေတပ်ကို အာရက္ခတပ်တော်(AA)က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး သုံးရက်ဆက်တိုက်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေတယ်လို့ မြေ ပြင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အာရက္ခပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများ ရဲ့ အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)ကို တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း) ကနဦးအဖြစ် ကူညီပံ့ပိုးခဲ့တယ်လို့ NUGက သတင်းထုတ်ပြန်ပါတယ်။