Connect with us

Hi, what are you looking for?

သတင်း

တပ်မဟာ(၆)နယ်မြေရှိ စစ်ကောင်စီ၏ဘလယ်ဒိုတပ်စခန်း KNLA ပူးပေါင်းတပ် သိမ်းပိုက်၊ လက်နက်မျိုးစုံအလက် ၅၀ခန့်ရ

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)နယ်မြေရှိ စစ်ကောင်စီတပ်စခန်းတစ်ခု သိမ်းပိုက်ရရှိခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

ဘလယ်ဒိုတပ်စခန်းမှ သိမ်းပိုက်ရရှိသောလက်နက်ခဲယမ်းများ။ ဓာတ်ပုံ − KNU

မေ ၂၃၊၂၀၂၅။ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)နယ်မြေရှိ စစ်ကောင်စီတပ်စခန်းတစ်ခု သိမ်းပိုက်ရရှိခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ် ဘလယ်ဒိုကျေးရွာအနီး ကျူးကျော်တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို မေလ ၂၃ရက် ညနေပိုင်းတွင် သိမ်းပိုက်ရရှိခဲ့ဟု အသိပေးသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တို့ ပူးပေါင်းဆင်နွှဲခဲ့ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်မှုရှိ၊မရှိ စစ်သုံ့ပန်းများ ရ၊မရ အခြေအနေ ဖော်ပြမထားသော်လည်း ဘလယ်ဒိုတပ်စခန်းမှ သိမ်းရခဲ့သည့် လက်နက်ခဲယမ်းများ မှတ်တမ်းဓာတ်ပုံကို ဖော်ပြသည်။

ဖော်ပြထားသည့် လက်နက်များကို ရေတွက်ကြည့်ရာ လက်နက်ကြီး လက်နက်ငယ်မျိုးစုံ အလက် ၅၀ ခန့် ရှိသည်ကို တွေ့ရသည်။

KNUတပ်မဟာ(၃) ၊ တပ်မဟာ(၄)၊ တပ်မဟာ(၇)နှင့် တပ်မဟာ(၆)နယ်မြေများရှိ စစ်ကောင်စီတပ်စခန်းများ တစ်ခုပြီးတစ်ခု တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်လျက်ရှိသည်။

တပ်မဟာ(၅)နယ်မြေတွင်လည်း စစ်ကောင်စီတပ်စခန်းသိမ်း တိုက်ပွဲကို ဆင်နွှဲလျက်ရှိသည်။

KNUအနေဖြင့် ၂၀၂၅အတွင်း စစ်ရှိန်မြှင့်မည်ဟု ဗဟိုအဆင့်တာဝန်ရှိသူများက အသိပေးခဲ့ပြီးနောက် တပ်မဟာ နယ်မြေများ၌ စခန်းသိမ်းတိုက်ပွဲများ အရှိန်မြှင့်လုပ်ဆောင်နေခြင်းဖြစ်သည်။

တပ်မဟာ(၇)နယ်မြေတွင် ၂၀၂၄နှစ်ကုန်ပိုင်းမှ ၂၀၂၅မေလအတွင်း တပ်မဟာ(၇)နယ်မြေ မာနယ်ပလောဒေသအပါအဝင် သောင်ရင်းမြစ်ဘေး အခြေချ စစ်ကောင်စီတပ်စခန်း ၈ခုကို သိမ်းပိုက်နိုင်ခဲ့သည်။

ထို့ပြင် တပ်မဟာ(၄)နယ်မြေတွင်လည်း နယ်စပ်ရှိ ထီးခီးတပ်စခန်း၊ ထီးထဗျူဟာတို့ကို ဧပြီနှင့် မေလတွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မြန်မာ-ထိုင်းနယ်စပ်စစ်တပ်ရဲ့ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက ထပ်မံထိုးစစ်ဆင်​နေပြီးတိုက်ပွဲ​တွေပြင်းထန်နေတယ်လို့ လူထုနွေဦးရဲ့စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။