Connect with us

Hi, what are you looking for?

သတင်း

တောင်သာမြို့ စစ်ကောင်စီဂိတ်စခန်းနှင့် ဝန်ထမ်းအိမ်ရာကို တပြိုင်တည်း စီးနင်းတိုက်ခိုက်

စစ်ကောင်စီတပ်သား လေးဦးသေဆုံးပြီး ဝန်ထမ်းများအပါအဝင် ၁၁ဦးဖမ်းမိ

တောင်သာမြို့စစ်ဆေးရေးဂိတ်အား ရဲဘော်များ တိုက်ခိုက်နေစဉ်။ ဓာတ်ပုံ − screengrab

မေ ၂၆၊၂၀၂၅။ရဲခေါင်/People’s Spring

မန္တလေးတိုင်း၊တောင်သာမြို့ပေါ်ရှိ စစ်ကောင်စီဂိတ်စခန်းနှင့် ဝန်ထမ်းအိမ်ရာကို တပြိုင်တည်း စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား လေးဦးသေဆုံးပြီး ဝန်ထမ်းများအပါအဝင် ၁၁ဦးဖမ်းမိကာ လက်နက်ခဲယမ်းအချို့သိမ်းရခဲ့ကြောင်း တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ယနေ့(မေလ ၂၆ ရက်) ထုတ်ပြန်သည်။

မေလ ၂၂ ရက်က တောင်သာ − ကျောက်ပန်းတောင်းလမ်းအထွက် တောင်သာမြို့ မင်္ဂလာဦးရပ်ကွက်ရှိ ကွန်ကရိတ်အဆောက်အအုံများဖြင့် ဘန်ကာအခိုင်အမာပြုလုပ်ကာ ခရီးသွားပြည်သူများထံ နေ့စဉ်ငွေကြေးတောင်းယူနေသော ဂိတ်နေရာနှင့် ဘူတာကုန်းရပ်ကွက်ရှိ ဝန်ထမ်းအိမ်ယာအား တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

“မြင်းခြံခရိုင်စစ်ဆင်ရေးကို ဆက်လက်ဖော်ဆောင်နေတာဖြစ်ပါတယ်”ဟု တောင်သာပကဖ တာဝန်ရှိသူက ယခုတိုက်ခိုက်မှုဖြစ်စဥ်အပေါ် လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

မင်္ဂလာဦးဂိတ်အား စီးနင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သားနှစ်ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရသူများရှိပြီး ဂိတ်အား စွန့်ခွာထွက်ပြေးသွားကြောင်း အသိပေးသည်။

ဂိတ်တဲများ၊ ကွန်ကရိဘန်ကာများအတွင်း ရှာဖွေရာမှ ကျပ် ၉၆ သိန်း၊သေနတ်အတို တစ်လက်၊ ကျည် ၁,၅၀၈တောင့်၊ MA1 ကျည်ဘောက် လေးခု၊ G3 ကျည်ဘောက် နှစ်ခု သိမ်းဆည်းရရှိကာ ဂိတ်တဲများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ထပ်မံ အသိပေးထားသည်။ သို့သော် ကွန်ကရိဘန်ကာများကိုမူ မဖျက်ဆီးနိုင်ခဲ့ကြောင်း ဖော်ပြသည်။

ထို့အပြင် စစ်ကောင်စီတပ် စစ်ကူကားနှင့်ထိတွေ့တိုက်ပွဲဖြစ်ပြီး အဆိုပါကားပေါ်ပါ စစ်ကောင်စီတပ်သား ထပ်မံနှစ်ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူများရှိခဲ့သည်ဟု ဆိုသည်။

ဘူတာကုန်းရပ်ကွက် ဝန်ထမ်းအိမ်ယာအား စီးနင်းရာတွင် စစ်ကောင်စီထောက်တိုင် ဝန်ထမ်းများအပါအဝင် ၁၁ဦး ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး စစ်ကောင်စီယန္တယားကို အဟန့်အတားပြုလုပ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။

အဆိုပါ စစ်ရေးမစ်ရှင်ကို တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(တောင်သာ ပကဖ)၊ မိတ္ထီလာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တပ်ရင်းမှူး ရဲဘော်ကီး ဦးဆောင်သော နေပြည်တော် PDF အမှတ်(၈၀၁) တောင်သာ စစ်ဆင်ရေးအဖွဲ့တို့ ပူးပေါင်းဖော်ဆောင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၁၅ ရက်ကစ၍ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊နွားထိုးကြီး၊တောင်သာနှင့် ငါးန်းဇွန် မြို့နယ်တို့မှ စစ်ကောင်စီဂိတ်စခန်းများ တော်လှန်ရေးတပ်များက ထိုးစစ်ဆင်တိုက်ခိုက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ တောင်သာမြို့က စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်တွေကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၁)တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်မှာ ပြည်သူ့လွတ်မြောက် ရေးတပ်မ တော်(PLA )တပ်နဲ့ မြင်းခြံခရိုင်ကွပ်ကဲရေးတပ် ပဋိပက္ခဖြစ်စဉ်မှာ PLAတပ်ဖွဲ့ တွေထောင်ထားတဲ့ မိုင်းကြောင့် PDF ၄ဦး ကျဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်စစ်ရုံးချုပ်ကထုတ်ပြန်ပါတယ် ။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်ထဲက ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ အထိုင်စခန်း​တွေကို အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)လက်​အောက်ရှိ မြင်းခြံခရိုင် ကွပ်ကဲ​ရေးအဖွဲ့က အင်အား ၈၀ ခန့်ဖြင့် ဇွန် ၂၂ ရက်မှာ စီးနင်းခဲ့​ကြောင်း PLA ကထုတ်ပြန်ပါတယ် ။