Connect with us

Hi, what are you looking for?

သတင်း

မြန်မာ-ထိုင်းနယ်စပ်သေ့​ဘောဘိုးစခန်းကို ​တော်လှန်​ရေးတပ်​တွေဆက်လက်တိုက်ခိုက်

စစ်​ဘေး​ရှောင် ၅၀၀ ​ကျော်ထိုင်းနယ်စပ်သို့တိမ်း​ရှောင်

KNLA ဦး​ဆောင်တဲ့ ပူး​ပေါင်းတပ်​တွေက ​သေ​ဘော့ဘိုး စခန်းကို တိုက်ခိုက်စဥ်။ ဓါတ်ပုံ-Addy Chaiyadech

ဇွန်-၃၊၂၀၂၅။/People’s Spring

မြန်မာ-ထိုင်းနယ်စပ်ရှိ စစ်​ကောင်စီရဲ့သေ့ဘောဘိုးစခန်းကို KNLA ဦး​ဆောင်တဲ့ ပူး​ပေါင်းတပ်​တွေက ဇွန် ၂ ရက်​နေ့မှာဆက်လက်တိုက်ခိုက်​နေပြီး ​ဒေသခံ ၅၀၀ ​ကျော်ဟာထိုင်းနိုင်ငံဘက်ခြမ်းကို စစ်​ရှောင်လာတယ်လို့ ထိုင်း​ဒေသတွင်းသတင်းဌာနအချို့က​ဖော်ပြပါတယ် ။

မြန်မာ-ထိုင်းနယ်စပ်က စစ်တပ်စခန်း​တွေကို ဆက်တိုက်သိမ်းပိုက်​နေတဲ့ ​တော်လှန်​ရေးတပ်​တွေက ဇွန် ၂ ရက်​နေ့မှာသေ့​ဘောဘိုးစခန်းကိုဒရုန်း​​တွေနဲ့ တိုက်ခိုက်ခဲ့ပြီး ​ပေါက်ကွဲသံ​တွေကို ထိုင်းနိုင်ငံဘက်ခြမ်းကကြား​နေရပါတယ် ။

တိုက်ပွဲ​တွေ​ကြောင့် ​ဒေသခံပြည်သူ ၅၀၇ ဦးဟာထိုင်းနိုင်ငံဘက်ခြမ်းက ​နေရာသုံး​နေရာမှာ ယာယီစစ်​ဘေးတိမ်း​ရှောင်​နေတယ်လို့ သိရပါတယ် ။

Public Service Announcement

Public Service Announcement

မြ၀တီမြို့ တောင်ဘက် မြန်မာ-ထိုင်းနယ်စပ် တလျှောက် နယ်စပ်စခန်း​တွေကို KNU ပူးပေါင်းတပ်က တခုပြီးတခု တိုက်ခိုက်သိမ်းပိုက်လျက်ရှိရာသေ့​ဘောဘိုးစခန်း၊ ဥကရစ်ထစခန်း၊ ဝေါ်လေဗျူဟာကုန်း ၊ တီသဲလယ်စခန်း၊ ထီးကပလယ်စခန်းတို့သာ ကျန်ရှိပါ​တော့တယ်။

KNU ဟာ တပ်မဟာ (၇) စစ်ရေးလှုပ်ရှားရာနယ်မြေ က စစ်ကောင်စီတပ်ရဲ့ နယ်စပ်စခန်းအားလုံးနီးပါးကို တိုက်ယူပြီးနောက်မှာ တပ်မဟာ (၆) ဂွင်ထဲက တပ်စခန်းတွေကို ဆက်လက်တိုက်ခိုက်လာတာတွေ့ရပါတယ်။

KNU တပ်မဟာ (၇)ဒေါနတောင်တန်းအရှေ့ခြမ်း ထိုင်းနယ်စပ်တလျောက်က စစ်ကောင်စီတပ်စခန်းတွေထဲ ပူလူတူ၊ ခလယ့်ဒေး၊ တခေါဘီခွီး၊ မော်ဖားသူးစခန်း ၊ တာလယ်ဗျူဟာ နဲ့ မယ်လစခန်းကို ဧပြီလနဲ့ ​မေလမှာ ဆက်တိုက်သိမ်းယူထားပါတယ်။ဒါ​ကြောင့် တပ်မဟာ (၇) ဆက်လက်တိုက်ခိုက်သိမ်းယူဖို့ နော်တရာ(​နောင်ခလာ)စခန်းတစ်ခုပဲ ကျန်ပါတော့တယ်။

KNU ရဲ့ စစ်ရေးဆိုင်ရာ ရည်မှန်းချက်မှာ ဒေသတွင်းကနေ စစ်ကောင်စီတပ်စခန်းတွေအားလုံးကို တိုက်ထုတ်ဖို့ ဖြစ်တယ်လို့ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက ပြောထားပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ ကရင်ပြည်နယ်အတွင်း နယ်စပ်တပ်စခန်းတွေဆက်တိုက် လက်လွှတ်ဆုံးရှုံးနေတာ၊ စစ်သား​တွေထိုင်းဘက်ထွက်​ပြေးတာ​တွေနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာလုံးဝ မရှိပဲ နှုတ်ဆိတ်​နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်၊စံပြကျေးရွာက စစ်တပ်အထိုင်စခန်းကိုတော်လှန်ရေးပူးပေါင်းတပ် တွေက ဒီနေ့မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ မြင်းခြံမြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြား ရေးတာဝန်ခံက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့က ဆင်းလာတဲ့ စစ်သင်္ဘောအုပ်စု တိုက်ခိုက်ခံရပြီး တစ်စီး ထိခိုက်မှုရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ဝမ်ပေါင်ကြေးနီစီမံကိန်းကနေ ကြေးနီတွေတင်လာပြီးနောက် ချင်းတွင်းမြစ်အတွင်း ရေကြောင်းမှားလို့ သော​င်တင်နေတဲ့ ရေယာဥ်တွေကို ဒေသတွေတော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ကြပါတယ်။

သတင်း

စစ်တပ်က စစ်ဖက်ဆိုင်ရာအဖြစ် အသုံးပြုနေတဲ့ ရှေးဟောင်းမြို့တော်ပုဂံ၊ညောင်ဦးမြို့က လေဆိပ်ကို ရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က ထုတ်ထားပြန်ပါတယ်။