Connect with us

Hi, what are you looking for?

သတင်း

စဉ့်ကူးမြို့ပေါ်ကဘုန်းကြီးကျောင်းကိုစစ်တပ်ဗုံးကြဲ

မန္တလေးတိုင်း၊စဉ့်ကူးမြို့​ပေါ်က ဘုန်ကြီး​ကျောင်းနဲ့ဘုရားကိုစစ်‌‌တပ်ကလေကြောင်းက​နေထပ်မံဗုံးကြဲခဲ့တာ​ကြောင့်ဘုန်းကြီးကျောင်းပျက်စီးခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖသတင်းတာဝန်ခံဆီကသိရပါတယ်။

ဗုံးကြဲခံရပြီး​နောက် အပျက်အစီး​​တွေကို​​တွေ့ရစဥ်။ဓါတ်ပုံ- ပြင်ဦးလွင် ပကဖ

ဇွန်-၄၊‌‌၂၀၂၅။မေ/People Spring

မန္တလေးတိုင်း၊စဉ့်ကူးမြို့​ပေါ်က ဘုန်ကြီး​ကျောင်းနဲ့ဘုရားကိုစစ်‌‌တပ်ကလေကြောင်းက​နေထပ်မံဗုံးကြဲခဲ့တာ​ကြောင့်ဘုန်းကြီးကျောင်းပျက်စီးခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖသတင်းတာဝန်ခံဆီကသိရပါတယ်။

ဇွန်လ၃ရက် နေ့၊မနက်၁၁နာရီ ၅မိနစ် အချိန်မှာစဉ့်ကူးမြို့ပေါ်မှာရှိတဲ့ မြသိန်းတန်ဘုရားနဲ့ ဘုန်းကြီး ကျောင်းကို တံတားဦးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာက ဗုံးကြဲခဲ့တာလို့ သိရပါတယ်။

ဗုံးကြဲမှု​ကြောင့် ဘုန်းကြီး​ကျောင်းပျက်စီးခဲ့​ပေမယ့် လူထိခိုက်မှု မရှိပါဘူး။မြသိန်းတန်ဘရားလည်းအနည်းငယ်ထိခိုက်ပျက်စီးခဲ့တယ်လို့သူကဆက်​ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ထုံးစံအတိုင်း ဘာမှမရှိပဲဘုန်းကြီး ကျောင်းနဲ့ စာသင် ကျောင်းတွေ ကို ပစ်မှတ်ထားဗုံးကြဲသွားတာပါ။စစ်ကောင်စီက အရပ်သားပြည်သူတွေကို အဓိအဓိကပစ်မှတ်ထား ဗုံးကြဲ နေတာမို့ ပြည်သူတွေအနေနဲ့ ဗုံးခိုကျင်းတွေတူးထားကြတာပါ”လို့ ပြင်ဦးလွင် ခရိုင်ပကဖ သတင်းတာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီတပ်က စဉ့်ကူးမြို့နယ်ကိုဆက်တိုက် လေ ကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်နေပြီးနွယ်ရုံကျေးရွာကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်​နေပါတယ်။ ဇွန်လ၁ရက် နေ့ကလည်း နွယ်ရုံရွာနဲ့ နတ်တောင် ကျေးရွာကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာမို့ အဆောက်အဦး ၃လုံး ပျက်စီးကာ အမျိုးသမီး၃ဦး ထိခိုက်‌‌ဒဏ်ရာ တွေရရှိခဲ့တယ်လို့ သိရပါတယ်။

ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(မန္တ​လေး)ဦး​​ဆောင်တဲ့ ပူး​ပေါင်းတပ်​တွေက စဥ်ကူးမြို့ကို ၂၀၂၄ ဇူလိုင် ၁၇ ရက်မှာ အပြီးသတ်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်ကိုစစ်တပ်က ၄ ရက်ဆက် လေကြောင်းတိုက်ခိုက်ခဲ့လို့ အနည်းဆုံး ပြည်သူ ၃ဦး သေဆုံးပြီး နေအိမ်တွေပျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်တပ်က ထိုးစစ်ဆင်နေတဲ့ KNU တပ်မဟာ ၆ နယ်မြေ မြ၀တီမြို့တောင်ဘက်က မင်းလက်ပံရွာမှာ မနေ့(ဧပြီလ ၁၄)ရက်က စစ်တပ်က ဗုံးကြဲလို့ နေအိမ်တွေ မီးလောင်ပျက်စီးဆုံးရှုံးသွားခဲ့ပြီး အရပ်သားတချို့ ထိခိုက်မှုရှိတယ်လို့ ကြားသိရကြောင်း ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်က ကမ်းပြူကျေးရွာမှာ စစ်တပ်က အသေခံဒရုန်းတွေနဲ့ ဘုန်းကြီးကျောင်း ၃ကျောင်းကို ဗုံးကြဲတိုက်ခိုက်လို့ သံဃာတော် ၂ ပါး ဒဏ်ရာရရှိပြီး သာသနိကအဆောက်အအုံတွေ ပျက်စီးခဲ့ပါတယ်။

သတင်း

ကရင်ပြည်နယ် ၊ ထိုင်း - မြန်မာ နယ်စပ် မြဝတီမြို့တောင်ဘက် က ဝေါ်လေမြို့အနီးရှိ ဗျုဟာစခန်းကုန်းမကျဖို့အတွက် စစ်ကောင်စီလေတပ်က လေကြောင်းပစ်ကူနေ့စဉ်နီးပါးပေးနေရတယ်လို့ ကရင်သတင်းရင်းမြစ်ဆီကသိရပါတယ်။