Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ အပစ်ရပ်ကြေညာသော်လည်း TNLA နယ်မြေကို ​မေလအတွင်း လက်နက်ကြီး နှင့် ဗုံး အလုံးတထောင်ကျော်ကြဲ

စစ်ကောင်စီက အပစ်ရပ်​ကြောင်း​ကြေညာထား​သော်လည်းမေလတစ်လအတွင်းမှာပင်တအာင်းအမျိုးသားလွတ်မြောက်ရေတပ်မတော်(TNLA)နယ်​မြေကိုလေကြောင်း ၊ လက်နက်ကြီး၊ ဒရုန်း တိုက်ခိုက်ခဲ့ရာ ပြည်သူ ၈ဦး သေဆုံးပြီး ၁၈ဦး ဒဏ်ရာရခဲ့ကြောင်း TNLAကသတင်းထုတ်ပြန်သည်။

စစ်​ကောင်စီက ဗုံးကြဲ၍ အပျက်အစီးများနှင့် စစ်တပ်က အဆိပ်ဗုံးကြဲပြီး​နောက်မြင်ကွင်း။ဓါတ်ပုံ-TNLA

အဆိပ်ငွေ့ဗုံးအလုံ၁၀၀ကျော်အသုံးပြု၊ ပြည်သူ ၈ဦးသေဆုံးကာ ၁၈ဦး ဒဏ်ရာရ

ဇွန်-၄၊၂၀၂၅။ထားမြတ်/People’s Spring

စစ်ကောင်စီက အပစ်ရပ်​ကြောင်း​ကြေညာထား​သော်လည်းမေလတစ်လအတွင်းမှာပင်တအာင်းအမျိုးသားလွတ်မြောက်ရေတပ်မတော်(TNLA)နယ်​မြေကိုလေကြောင်း ၊ လက်နက်ကြီး၊ ဒရုန်း တိုက်ခိုက်ခဲ့ရာ ပြည်သူ ၈ဦး သေဆုံးပြီး ၁၈ဦး ဒဏ်ရာရခဲ့ကြောင်း TNLA ကသတင်းထုတ်ပြန်သည်။

စစ်​ကောင်စီက ဗုံးကြဲ၍ အပျက်အစီးများနှင့် စစ်တပ်က အဆိပ်ဗုံးကြဲပြီး​နောက်မြင်ကွင်း။ဓါတ်ပုံ-TNLA

မေလအတွင်း စစ်ကောင်စီက TNLA နယ်မြေများဖြစ်သည့် နောင်ချို၊ မိုးကုတ်၊ ကျောက်မဲ၊ မိုင်းငေါ့ ၊ မိုင်းလုံ နှင့် မန်တုံမြို့နယ်များကို မကြာခဏဗုံးကြဲခဲ့ခြင်းဖြစ်သည်။အဆိုပါ နယ်မြေများကို စစ်ကောင်စီက မေလအတွင်း လေကြောင်း တိုက်ခိုက်မှု ၂၆ကြိမ်၊ လက်နက်ကြီး (၇၇၆) လုံး၊ ဒရုန်းဖြင့် ဗုံး (၃၂၉)လုံး နှင့် အဆိပ်ငွေ့ဗုံး (၁၁၄)လုံးတို့ ပစ်ခတ်တိုက်ခိုက်ခဲ့ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ထိုသို့တိုက်ခိုက်မှုများကြောင့် ​ဒေသခံပြည်သူ ၈ဦးသေဆုံးပြီး ၁၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ်အများအပြားပျက်စီးသွားခဲ့သည်။

စစ်ကောင်စီကနောင်ချိုကိုအဓိက ပစ်မှတ်ထား တိုက်ခိုက်ခဲ့ရာ မေလအတွင်း နောင်ချိုမြို့နယ်ကို လေကြောင်း တိုက်ခိုက်မှု ၁၂ကြိမ်၊ လက်နက်ကြီး(၇၇၆)လုံး၊ ဒရုန်းဖြင့် ဗုံး (၃၂၉)လုံးနှင့်အဆိပ်ငွေ့ဗုံး (၁၄၄)လုံးဖြင့်တိုက်ခိုက်ခဲ့သည်ဟု TNLA က အသိပေးသည်။

တိုက်ခိုက်မှုများ​ကြောင့် ​နောင်ချိုမြို့နယ်တွင်ပြည်သူ ၆ဦးသေဆုံးကာ ၁၄ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ထို့အပြင် ကျောက်မဲကို လေကြောင်း တိုက်ခိုက်မှု ၂ကြိမ်၊ မိုးကုတ်မြို့ကို လေကြောင်း တိုက်ခိုက်မှု၆ကြိမ်၊မိုင်းငေါ့ကို လေကြောင်း တိုက်ခိုက်မှု ၁ကြိမ် ၊ မိုင်းလုံမြို့နယ်ကို လေကြောင်း တိုက်ခိုက်မှု ၃ကြိမ်၊ မန်တုံမြို့နယ်ကို လေကြောင်း တိုက်ခိုက်မှု ၂ကြိမ် ပြုလုပ်ခဲ့ဟု ဖော်ပြသည်။

စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် မိုးကုတ်မြို့နယ်တွင် ပြည်သူ ၁ဦးသေဆုံးကာ ၁ဦး ဒဏ်ရာရရှိခဲ့ပြီး မန်တုံတွင်လည်း ၁ဦး သေဆုံးကာ ၃ဦး ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီနှင့် TNLAတို့သည် တရုတ်အစိုးရ၏ စီစဉ်မှုဖြင့် ဧပြီ လကုန်ပိုင်းက တရုတ်နိုင်ငံ ကူမင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ရာ စစ်ကောင်စီက ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ မိုးမိတ်၊ မိုးကုတ်မြို့များမှ TNLA တပ်ဖွဲ့အားလုံး ဆုတ်ခွာရန် တောင်းဆိုခဲ့ရာ TNLAက လက်မခံ၍ ဆွေးနွေးပွဲ မပြေလည်ဘဲ ပြီးဆုံးခဲ့သည်ဟု TNLA ကထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီ နှင့်TNLAတို့ဆွေးနွေးပွဲကိုဩဂုတ်လတွင် ပြန်လည်ကျင်းပရန် စီစဉ်ခဲ့သော် လည်းစစ်ကောင်စီက TNLA နယ်မြေများကို လေကြောင်း၊လက်နက်ကြီး တိုက်ခိုက်မှုများအပြင် မြေပြင်ထိုးစစ်ဆင်မှုများ ပြုလုပ်ခဲ့၍ နောင်ချို၌ တိုက်ပွဲများဆက်ရှိနေခဲ့သည်။

TNLA အနေဖြင့် ၎င်း၏ မဟာမိတ်များဖြစ်သော ကိုးကန့်တပ်(MNDAA)၊ ရက္ခိုင်တပ်(AA)တို့နှင့်ပူးပေါင်းပြီး အပစ်ရပ်စဲရေးကြေညာချက်ကို ယခု ဇွန်လကုန်ပိုင်းအထိ သက်တမ်းထိုးထားသကဲ့သို့ စစ်ကောင်စီကလည်း ဇွန်လကုန်အထိ အပစ်ရပ်ကြေညာထားသည်။ သို့သော်လည်း စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုများကို နိုင်ငံတဝန်း ဒေသအသီးသီးရှိ ပြည်သူများကို ပစ်မှတ်ထား၍ ဗုံးကြဲခြင်း ၊လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများ ကိုဆက်လက်ကျူးလွန်နေသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးချောင်းဖျားဒေသမှာ ဂျန်ပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း အကူအညီနဲ့ ဆောက်လုပ်ထားတဲ့ ဒုက္ခသည်စခန်းနေရာကို စစ်တပ်က ဒီကနေ့ ဇွန်လ ၁၈ရက်မနက်အစောမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ မွန် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို