Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်လာသည့် စစ်တပ်ရဟတ်ယာဉ်နှင့် KIA ပူးပေါင်းတပ် အပြန်အလှန်ပစ်ခတ်

ဇွန်-၄၊၂၀၂၅။ထားမြတ်/People’s Spring

ကချင်ပြည်နယ်ဖားကန့်မြို့အခြေစိုက် စစ်ကောင်စီတပ်သို့ လူလာခေါ်သည့် စစ်တပ်ရဟတ်ယာဉ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ပစ်ခတ်ခဲ့ကြောင်း ကချင်သတင်းရင်းမြစ် တဦးက ပြောကြားသည်။

ဇွန်လ ၄ရက်နေ့လည်ပိုင်းက ဖားကန့် တပ်မကုန်းသို့ ရဟတ်ယာဉ် ၁ စီး ဆင်းသက်သက်ရန် အခြား ရဟတ်ယာဉ် ၁ စီးဖြင့် ပတ်ပတ်လည်ကို ပစ်ခတ်ခဲ့သည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်တဦးက လူမှုကွန်ရက်တွင် အသိပေးထားသည်။

“ဖိုက်တာကပစ်ကူပေးပြီးလူလာခေါ်သွားတယ်” ဟုအခြားကချင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

https://www.facebook.com/LuduNwayOo/videos/1026288549572781

စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် လူလာခေါ်သည့် အခြေအနေ ကို စုံစမ်းနေဆဲဖြစ်ပြီး ကချင်သတင်းရင်းမြစ်အချို့၏ အသိပေးချက်တွင် တပ်မ(၃၃) တပ်မမှူး ဗိုလ်မှူးချုပ် ကျော်ဆက်မြင့်အား မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ဆိုသည်။

ရဟတ်ယာဉ်လာရောက်သည့် ရုပ်သံမှတ်တမ်းကိုလည်းတွေ့ရပြီး ပစ်ခတ်သံအချို့ကိုလည်း ကြားရသည်။ သို့​သော် ရဟတ်ယာဥ်ထိမှန်ပျက်ကျခြင်းမရှိ​ပေ။ KIA သည် စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်းစစ်တပ် ရဟတ်ယာဥ်​၊​လေယာဥ် စုစု​ပေါင်း ၅ စီးကိုပစ်ချထားသည်။

“သူပစ် ကိုယ်ပစ် ပစ်ကြတယ်။အရပ်သားထိခိုက်မှု ရှိတယ်။တပ်မမှူးကို လာဘ်စားမှုအမိန့်မနာခံမှုနဲ့လာဖမ်းတယ်။မြေပြင်မှာထပ်မီးရှို့တယ်။ “ ဟုကချင်သတင်းရင်းမြစ်တစ်ဦးက လူမှုကွန်ရက်၌ ရေးသားပြီး ရဟတ်ယာဉ် လာရောက်သည့် ရုပ်သံကို ဖော်ပြသည်။

အခြားသတင်းရင်းမြစ်တစ်ဦးကမူ တပ်မမှူးကို လာခေါ်ခြင်းမှာ ဇွန် ၃ ရက်​နေ့က ဖားကန့်ဒေသ ပေါက်ကွဲမှုနှင့် ဆက်စပ်သည်ဟု ဆိုသည်။ စစ်ကောင်စီတပ်က ဖားကန့်မြို့နယ်ကို ပြန်လည်ထိန်းချုပ်နိုင်ရေး စစ်ကြောင်းထိုး ဝင်ရောက်လာရာ ဇွန်လ ၂ရက်၊၃ရက်နှင့် ၄ရက်နေ့များတွင် လုံးခင်းဒေသ မှော်စီစာရှိ လုပ်ကွက်များအတွင်း ယာဥ် များကို မီးရှို့ဖျက်ဆီးခဲ့သည်။ထို့အပြင် မှော်စီစာ ရှိ တင်အောင်ကြိုင်လုပ်ကွက်၌ လက်နက်ကြီး ကျည်သို့မဟုတ် ဒရုံးဗုံး ကျခဲ့ပြီး​နောက် ယမ်းဂိုဒေါင်ဟု ယူဆရသည့် နေရာတွင် ကြီးမား​သောပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ လူထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

ရုပ်သံ-Naw Tu Awng

ဆက်စပ်သတင်းများ

သတင်း

ဩဂုတ်လ၁ရက် မနက်၉နာရီခွဲခန့်က ဖားကန့်မြို့၊ လုံးခင်းဆေးရုံကုန်းအနီးမှာအိမ်တစ်အိမ် ဓားပြတိုက်ခံနေရတာကိုသတင်းရတဲ့KIAနဲ့ KPDFကပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ရွှေကူမြို့နယ်ထဲမှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပြီး မြို့ထဲက အာဏာသိမ်းစစ်‌တပ်ရဲ့စခန်းတွေ KIA နဲ့ KPDF တို့က တိုက်ခိုက်တဲ့အတွက် စစ်တပ်သေဆုံးထိခိုက်မှုတွေရှိတယ်လို့ မြို့ခံတွေကပြောပါတယ်။