Connect with us

Hi, what are you looking for?

သတင်း

သေနတ်၊ ဓားတွေနဲ့ ဓာတ်ပုံကြောင့် ထိုင်းမှာ မြန်မာလူငယ်တစ်ဦး အဖမ်းခံရ

သေနတ်၊ ဓားတွေ ကိုင်ထားတဲ့ ဓာတ်ပုံတွေ Facebookပေါ် ရောက်လာရာက ထိုင်းနိုင်ငံမှာ မြန်မာလူငယ်တစ်ယောက် အဖမ်းခံခဲ့ရတယ်လို့ Phuket Newsက​ဖော်ပြပါတယ်။

ဇွန်-၄၊၂၀၂၅။People’s Spring

သေနတ်၊ ဓားတွေ ကိုင်ထားတဲ့ ဓာတ်ပုံတွေ Facebookပေါ် ရောက်လာရာက ထိုင်းနိုင်ငံမှာ မြန်မာလူငယ်တစ်ယောက် အဖမ်းခံခဲ့ရတယ်လို့ Phuket Newsက​ဖော်ပြပါတယ်။

အဲဒီလူငယ်နဲ့ အပေါင်းအသင်း တချို့က ပစ္စတို သေနတ်တစ်လက်၊ တောခုတ်ဓားတွေနဲ့ ဟန်ရေးပြနေတဲ့ ဓာတ်ပုံ ၃ ပုံဟာ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာတဲ့နောက် ရဲတွေက စုံစမ်းခဲ့တာ ဖြစ်ပါတယ်။

Facebookမှာ ပျံ့နှံ့ခဲ့တဲ့ ဓာတ်ပုံ ၃ ပုံနဲ့အတူ ဖူးခက်မြို့ရဲ့ချန်းတာလေကမ်းခြေတဝိုက်မှာ ဆယ်ကျော်သက်မြန်မာလူငယ်ဂိုဏ်းတစ်ဂိုဏ်းက သေနတ်တွေ၊ တောခုတ်ဓားတွေ ကိုင်ဆောင်ထားပြီး အဲဒီကိစ္စနဲ့ ပတ်သက်လို့ ထိုင်းအာဏာပိုင်တွေက စစ်ဆေးပေးဖို့ တောင်းဆိုကြောင်း ရေးသားထားတဲ့ စာသားကိုလည်း တွေ့ခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံတွေအကြောင်း လူပြောများလာတဲ့နောက် ဇွန်လ ၂ ရက်နေ့မှာတော့ ချန်းတာလေ ရဲတပ်ဖွဲ့က ဓာတ်ပုံထဲက လူငယ်တစ်ဦးကို ဖမ်းဆီးရမိပြီလို့ အတည်ပြုခဲ့ပါတယ်။ ရဲတွေက နာမည် ထုတ်မကြေညာတဲ့ အဲဒီလူငယ်ကို သာလန်မှာရှိတဲ့ ဘန်ယား ဧရိယာထဲက အလုပ်သမား တန်းလျားတစ်ခုမှာ ရှာတွေ့ခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။

လူငယ်က ဓာတ်ပုံထဲမှာ ပါတာဟာ သူကိုယ်တိုင် ဟုတ်မှန်ကြောင်း ရဲတွေဆီ ထွက်ဆိုခဲ့ပြီး သူသိတဲ့ တခြားမြန်မာ လူငယ်တချို့ အကြောင်းကိုလည်း ပြောပြခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ရဲတွေက မထုတ်ပြန်ခဲ့ပါဘူး။

သူက ဓာတ်ပုံထဲမှာကိုင်ထားတဲ့သေနတ်ဟာအစစ်မဟုတ်ဘဲအရုပ်သာ ဖြစ်တယ်လို့ ပြောခဲ့ပြီး ဓားနှစ်ချောင်းကိုတော့ဖူးခက်မှာရှိတဲ့ စျေးတန်းတစ်ခုကနေဝယ်လာခဲ့တာလို့ ဆိုပါတယ်။ရဲတွေက သက်သေခံ ပစ္စည်းတွေကို သိမ်းဆည်းခဲ့ပြီး လူငယ်ကိုလည်း အန္တရာယ် ပေးနိုင်ခြေ ရှိသူတစ်ဦးအဖြစ် မှတ်တမ်းတင် စာရင်းသွင်းခဲ့ပါတယ်။

ရဲတွေက လူငယ်ကို သူတို့ဓာတ်ပုံ ရိုက်ခဲ့တဲ့နေရာထိခေါ်သွားခိုင်းပြီးဖြစ်စဉ်အသေးစိတ်ကို တိုက်ဆိုင်စစ်ဆေးခဲ့ပါတယ်။ နောက်ထပ် ဖမ်းဆီးမှုတွေ ထပ်မံ လုပ်ဆောင်သွားဖို့ ရှိမရှိ ဆိုတာကိုတော့ ရဲတွေက လတ်တလော ဘာမှတ်ချက်မှ မပေးသေးဘူးလို့ သိရပါတယ်။

ကိုးကား-Phuket News

ဆက်စပ်သတင်းများ

သတင်း

သဘာဝအတိုင်း ပေါက်နေတဲ့ ရှားပါးမျိုးစိတ် မြေလျှောက်ပင်တွေကို တက်နင်းခဲ့တဲ့အတွက် မင်္ဂလာပွဲကြို (pre-wedding) ဓာတ်ပုံရိုက်သူ မြန်မာနှစ်ဦးဟာ ဒဏ်ကြေး ဘတ် ၁၀,၀၀၀ ပေးဆောင်ခဲ့ရပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ဗီဇာစည်းမျဉ်းအပြောင်းအလဲတွေဟာ ဒီနေ့ (စက်တင်ဘာ ၁၅ ရက်)မှာစတင် အသက်ဝင်လာပြီ ဖြစ်ပါတယ်။

Facebook