Connect with us

Hi, what are you looking for?

သတင်း

မြန်မာအပါအဝင် ၁၂ နိုင်ငံကို အမေရိကန်က ပြည်ဝင်ခွင့်ပိတ်

မြန်မာ အပါအဝင် နိုင်ငံပေါင်း ၁၂ ခုက နိုင်ငံသားတွေ အမေရိကန်ဆီ လာရောက်မှုကို ပြည်ဝင်ခွင့် ပိတ်ပင်ကြောင်း ကြေညာချက် တစ်ခုကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ထုတ်ပြန်ခဲ့ပါတယ်။

AP

မြန်မာ အပါအဝင် နိုင်ငံပေါင်း ၁၂ ခုက နိုင်ငံသားတွေ အမေရိကန်ဆီ လာရောက်မှုကို ပြည်ဝင်ခွင့် ပိတ်ပင်ကြောင်း ကြေညာချက် တစ်ခုကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီ ပိတ်ပင်မှုဟာ လုံခြုံရေး စိုးရိမ်ရတဲ့ အခြေအနေတွေကို အကြောင်းပြုပြီး နိုင်ငံပေါင်း ၁၂ ခုရဲ့ နိုင်ငံသားတွေ ဝင်ရောက်မှုကို အပြည့်အဝ ကန့်သတ်သွားမှာလို့ ဆိုပါတယ်။ နိုင်ငံတွေ စာရင်းမှာတော့ အာဖဂန်နစ္စတန်၊ မြန်မာ၊ ချတ်ဒ်၊ ကွန်ဂို၊ အီကွေတိုရီရယ်လ် ဂီနီရာ၊ အီရီထရီးယား၊ ဟေတီ၊ အီရန်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆူဒန်နဲ့ ယီမင်တို့ ပါဝင်နေပါတယ်။

ဘာရွန်ဒီ၊ ကျူးဘား၊ လာအို၊ ဆီရာလီယွန်၊ တိုဂို၊ တာ့ခ်မစ်နစ္စတန်၊ ဗင်နီဇွဲလား နိုင်ငံတွေကတော့ အမေရိကန်ကို ပြန်ဝင်ခွင့်နဲ့ ပတ်သက်ပြီး အကန့်အသတ် တချို့နဲ့ ပိတ်ပင်မှုကို ခံရမှာ ဖြစ်ပါတယ်။

ကြေညာချက်ထဲမှာတော့ အရေးယူ ပိတ်ဆို့မှု ခံရတဲ့ စာရင်းထဲက နိုင်ငံသားတွေထဲကမှ အမေရိကန်မှာ ဥပဒေနဲ့အညီ ရှိနေတဲ့ အမြဲတမ်း နေထိုင်သူတွေ၊ သက်တမ်းမကုန်သေးတဲ့ ဗီဇာ ကိုင်ဆောင်ထားသူတွေ၊ တချို့သော ဗီဇာ အမျိုးအစား ကိုင်ဆောင်သူတွေနဲ့ အမေရိကန်ရဲ့ အကျိုးစီးပွားအတွက် အကူအညီပေးဖို့ ရောက်ရှိနေသူတွေကိုတော့ ကင်းလွတ်ခွင့် ပေးသွားမယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ကော်လိုရာဒို ပြည်နယ်၊ ဘိုလ်ဒါမြို့ထဲက အစ္စရေး ထောက်ခံတဲ့ ဆန္ဒပြ ချီတက်ပွဲ တစ်ခုကို မီးလောင်ဗုံးနဲ့ တိုက်ခိုက်မှု ဖြစ်ပွားခဲ့တဲ့နောက် သမ္မတဟာ အခု ကြေညာချက်ကို လက်မှတ်ရေးထိုးဖို့ ဆုံးဖြတ်ခဲ့ကြောင်း အိမ်ဖြူတော် အရာရှိ တစ်ဦးက ပြောပါတယ်။

အဲဒီအမိန့်ဟာ အမေရိကန်ပြည်သူတွေကို အန္တရာယ်ရှိတဲ့ နိုင်ငံခြားသားတွေရဲ့ ခြိမ်းခြောက်မှုကနေ ကာကွယ်ပေးသွားမယ် ဆိုတဲ့ ထရမ့်ရဲ့ ရွေးကောက်ပွဲကြို ကတိကို ဖြည့်ဆည်းခြင်းလည်း ဖြစ်တယ်လို့ အိမ်ဖြူတော်က ဆိုပါတယ်။

ထရမ့်က ကမ္ဘာကြီးမှာ ဖြစ်ပျက်ပြောင်းလဲနေတဲ့ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှု အခြေအနေတွေအပေါ် မူတည်ပြီး အဲဒီ ပိတ်ပင်မှု စာရင်းဝင် နိုင်ငံအရေအတွက် ထပ်တိုးလာနိုင်တယ်လို့လည်း ပြောပါတယ်။

ထရမ့်ဟာ ဒုတိယအကြိမ် အမေရိကန် သမ္မတသက်တမ်းကို စတင် တာဝန်ယူတဲ့ နေ့မှာတင်ပဲ ပိတ်ပင်သင့်တဲ့ နိုင်ငံတွေ စာရင်းကို ဆန်းစစ် ပြုစုဖို့ နိုင်ငံခြားရေး ဝန်ကြီး အပါအဝင် သက်ဆိုင်ရာ အစိုးရ အရာရှိတွေကို အထူးအမိန့်ထုတ် ညွှန်ကြားခဲ့ပါတယ်။ အဲဒီနောက် ၅ လလောက် ကြာပြီးတဲ့ အချိန်မှာ အခုလို ကြေညာချက် ထွက်လာတာလည်း ဖြစ်ပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံရဲ့ကုန်ထုတ်လုပ်မှုခြောက်လဆက်တိုက်ကျဆင်းနေပြီး ကုန်ကြမ်းမလုံလောက်မှု၊ သယ်ယူပို့ဆောင်စရိတ် ၊ သွင်းကုန်လိုင်စင်ရရှိရေး အခက်အခဲနဲ့ ငွေလဲနှုန်းအပြောင်းအလဲတွေ မြင့်တက်နေတယ်လို့ အမေရိကန်အခြေစိုက်စီးပွားရေးသတင်းအချက်အလက်အဖွဲ့အစည်း S&P Global ကထုတ်ပြန်ပါတယ်။

ဆောင်းပါး

“အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံသား ၃၇ သန်းကျော်၊ နိုင်ငံလူဦးရေရဲ့ ၆၈ ရာခိုင်နှုန်းအထိ ဆင်းရဲမွဲတေမှုထဲ နစ်မြုပ်လာပါတယ်။”

သတင်း

မြန်မာနဲ့ ပတ်သက်လို့ ကြီးမားတဲ့ မူဝါဒ အပြောင်းအလဲအနေနဲ့ အမေရိကန် အစိုးရဟာ အာဏာသိမ်း စစ်တပ်နဲ့ တိုက်ရိုက် ဆွေးနွေးမှုတွေ စတင်လာကြောင်း ရိုက်တာသတင်းဌာနရဲ့အထူးသတင်း​ပေးပို့ချက်က​ဖော်ပြလိုက်ပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံဘက်ကို လူငယ်တွေအများအပြားထွက်ခွာကြတယ်။ အရင်ခေတ် နှစ်ပေါင်းများစွာ ကတော့ “ထိုင်းဘက်သွားရင် အလုပ်ရမယ်” ဆိုတဲ့ အကြောင်းပြချက်ကိုအဓိကကြားရတယ်။တောင်ပေါ်သွားကြတယ်ဆိုတာကို မကြာခဏကြားရနေကျ။ ကိုယ့်ရပ်ရွာ၊ ကိုယ့်နိုင်ငံမှာထက် အလုပ်ပိုရှိလို့၊လုပ်အားခပိုကောင်းလို့၊ မိသားစုကို ပိုကောင်းကောင်း ထောက်ပံ့ချင်လို့ နယ်စပ်ဖြတ်ကြတယ်။

Facebook