Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်မဇွမ်ယာန်ရွာအနီး တိုက်ပွဲဖြစ်

ဖားကန့်မြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်း နှစ်ခုထွက်လာ​သော​ကြောင့်ယနေ့ နံနက်ပိုင်းတွင်မဇွမ်ယာန်ရွာအနီး၌ စစ်ကောင်စီနှင့် KIA၊KPDF ပူးပေါင်းတပ်တိုက်ပွဲဖြစ်နေသည်။

KIA တပ်ဖွဲ့ဝင်အချို့/ပုံ​ဟောင်းဖြစ်ပါသည်​

ဇွန်-၅၊၂၀၂၅။ယောနသံ/People’s Spring

ဖားကန့်မြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်း နှစ်ခုထွက်လာ​သော​ကြောင့်ယနေ့ နံနက်ပိုင်းတွင်မဇွမ်ယာန်ရွာအနီး၌ စစ်ကောင်စီနှင့် KIA၊KPDF ပူးပေါင်းတပ်တိုက်ပွဲဖြစ်နေသည်။

“မဇွပ်ယာန်နဲ့ဆန်ခါဘက်ကိုစစ်ကြောင်းနှစ်ကြောင်းထွက်လာတာ။တိုက်ပွဲဖြစ်တာကမဇွန်
ယာန်မှာ။ လက်နက်အသေးသံရော၊ အကြီးသံရော ကြားရတယ်။မှော်ထဲတောအားလုံးသတိအနေအထားနေနေရတယ်”ဟုဖားကန့်ဒေသခံတစ်ဦးကပြောသည်။

တိုက်ပွဲသည် နံနက် ၆နာရီ ၅၀မိနစ်ခန့်မှစတင်ခဲ့ပြီး နံနက် ၇နာရီခွဲအထိသေနတ်သံကြားနေရဆဲဖြစ်သည်ဟုဒေသခံအချို့ကပြောသည်။

Public Service Announcement

Public Service Announcement

အခြား​ဒေသခံတဦးကလည်း “KIA စစ်ကြောင်းနဲ့ စစ်ကောင်စီစစ်ကြောင်း ထိပ်တိုက်တွေ့ပြီး လမ်းကြောင်းရှင်းအောင်ပစ်ခတ်တာလည်းဖြစ်နိုင်တယ်။ သေနတ်သံတွေ ပြန်ငြိမ်နေတယ်။သေချာတာက ဖားကန့်နဲ့ လုံးခင်းတကြောမှာ စစ်ကောင်စီစစ်ကြောင်းတွေ ထွက်လာတာများတယ်။ တိုက်ပွဲတွေ ဆက်လာနိုင်တယ်”ဟုဇွန် ၅ ရက် နံနက် ၈နာရီခန့်၌ပြောသည်။

ကာမိုင်း-လုံးခင်း-ဖားကန့်လမ်းအတိုင်းဧပြီလ ၂၃ရက်ကဝင်လာသည့်စစ်ကောင်စီစစ်ကြောင်းသည် ‌မေလ၂၇ ရက်၌လုံးခင်းယမ်းချက်စက်ရုံသို့ရောက်ရှိလာပြီးနောက်မေလ ၂၈ရက်မှစ၍လုံးခင်းပတ်ဝန်းကျင်တွင်စစ်ကြောင်းထိုးခဲ့သည်။

မေလ ၂၉ ရက်နေ့လယ်ပိုင်းတွင် ဖားကန့်သို့ထွက်ခွာလာပြီး ယင်းနေ့ညနေပိုင်းတွင်ဖားကန့်စုပေါင်းရုံး၊ မြို့ဦးစေတီ၊ အထက၊ မရှီကထောင်တရုတ်ဘုံကျောင်း၊သီတဂူမျက်စိကုဆေးရုံ၊ ပန်းတင်တံတား၊ ဗျူဟာကုန်းတို့တွင် နေရာယူခဲ့သည်။ ထို့နောက် ဖားကန့်ကျောက်စိမ်းမှော်ဝန်းကျင်တွင် စစ်ကြောင်းထိုးရန်ကြိုးစားနေပြီး KIA တပ်စွဲထားသည့်နေရာများကိုလည်း ဖယ်ရှားရန် ဖိအားပေးနေကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှသိရသည်။

ဇွန်လ ၄ရက် နံနက်အစောပိုင်း၌ထွက်လာသော စစ်ကောင်စီစစ်ကြောင်းသည် နေ့လယ် ၁နာရီခန့်တွင် ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်တစ်ခု၌ ​မြေစာသယ်​သောကားနှစ်စီးကို မီးရှို့ခဲ့သည်။ ညနေပိုင်းတွင် စစ်ကောင်စီသည် ဖားကန့်ဗျူဟာကုန်းကို ရဟတ်ယာဉ်ဖြင့် အင်အားဖြည့်တင်းရန်ကြိုးစားခဲ့ပြီး အဆိုပါ ရဟတ်ယာဉ်ကို KIA က ပစ်ခတ်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

ရဟတ်ယဉ်ပေါ်မှစစ်ကောင်စီကပစ်ခတ်စဉ် ဗျူဟာကုန်း နှင့် ကပ်လျက်ရှိသော မှော်ဝမ်းရပ်ကွက်မှ ဒေသခံနှစ်ဦး ဒဏ်ရာရခဲ့သည်။

ဇွန်လ ၃ရက်ကလည်းဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာရှိတင်အောင်ကြိုင်လုပ်ကွက်အမည်ရ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်ကို စစ်တပ်က ကလက်နက်ကြီးဖြင့်ပစ်ခတ်ရာမှ ယမ်းသို​​လှောင်ရာဂို​ဒေါင်ပြင်းထန်သည့်ပေါက်ကွဲမှုဖြစ်ပြီး လူသုံးဦး သေဆုံး၊ ဆယ်ဦး ဒဏ်ရာအပြင်းအထန်ရခဲ့သည်။ထိူ့အပြင် ဇွန် ၃ ရက်နံနက်ကလည်း မှော်စီဆာလုပ်ကွက်ရှိ ကျောက်စိမ်းကုမ္ပဏီပိုင်တစ်ခုပိုင် မြေသယ်ကား နှင့် ဘက်ဟိုးကား စုစု​ပေါင်း ၃ စီးကိုမီးရှို့ဖျက်ဆီးသွားသည်ဟု ဒေသခံများကပြောသည်။

“KIA နဲ့ PDF တပ်စွဲထားတဲ့နေရာတွေကို ဖယ်ဖို့ စစ်တပ်က ဖိအားပေးနေတာ။ တိုက်ပွဲတွေက အချိန်မရွေးဖြစ်လာနိုင်တယ်လို့ ယူဆရတယ်”ဟု ဖားကန့်ဒေသခံတစ်ဦးကပြောသည်။

ဖားကန့်ကို စစ်ကောင်စီစစ်ကြောင်းရောက်ရှိနေစဉ် အရပ်သားပြည်သူများအနေဖြင့်ည ၉နာရီမှမနက်၄ နာရီအတွင်း ပြင်ပသို့မထွက်ရန် KIA၊KPDF ပူးပေါင်းတပ်က သတိပေးထားကြောင်းဒေသခံများကပြောသည်။ စစ်ကောင်စီစစ်ကြောင်းများရှိနေ၍ ဒေသခံများအနေဖြင့် လုံခြုံရေးဂရုပြုနေထိုင်ကြရန် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက သတိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ် ဖားကန့်မြို့မှာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်‌ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။