Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ ငလျင်ကောလဟာလကြောင့်ကျောင်းတချို့ ရုတ်ရုတ်သဲသဲဖြစ်

မန္တလေးမှာ ဒီကနေ့ ညနေပိုင်းက ငလျင်ကောလဟာလကြောင့် အခြေခံပညာကျောင်းတချို့မှာ ရုတ်ရုတ်သဲသဲ ဖြစ်ပွားခဲ့ပါတယ်။

မန္တလေးမြို့ရှိအခြေခံပညာကျောင်းတကျောင်းကိုတွေ့ရစဥ်။ ဓာတ်ပုံ-CJ

ဇွန် ၆၊ ၂၀၂၅။မေရီ/People’s Spring

မန္တလေးမှာ ဒီကနေ့ ညနေပိုင်းက ငလျင်ကောလဟာလကြောင့် အခြေခံပညာကျောင်းတချို့မှာ ရုတ်ရုတ်သဲသဲ ဖြစ်ပွားခဲ့ပါတယ်။

ဇွန်လ(၆)ရက် ညနေ(၄)နာရီခန့်က မန္တလေးမြို့မှာ ငလျင်ကြီးထပ်လှုပ်မယ်ဆိုတဲ့ ကောလဟာလ ပြန့်လာလို့ အခြေခံပညာကျောင်းတချို့မှာ ကလေးတွေကို မိဘတွေက လာရောက်ခေါ်ယူတာကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်ပွားခဲ့တယ်လို့ မြို့ခံအချို့က ပြောပါတယ်။

“ကျောင်းအပေါက်ဝမှာမိဘတွေအကုန်စုပြုံရောက်နေတာ။ အကုန်လုံး စိတ်ပူပြီး လာခေါ်ကြတာ။”လို့ အမရပူရမြို့ကကလေးမိဘတဦးကပြောပါတယ်။ ဒါပေမဲ့ ကျောင်းဆင်းချိန်ကျမှသာ ကလေးတွေကို ပြန်လွှတ်လိုက်တယ်လို့ မိဘတွေက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

မနေ့ကလည်း နေပြည်တော်မှာ နောက်ဆက်တွဲ ငလျင်လှုပ်ခတ်ပြီးနောက် အခြေခံပညာကျောင်းတွေမှာ မိဘတွေက ကလေးတွေကို လာရောက်ခေါ်ယူခဲ့ရပြီး ကျောင်းဆင်းမပေးတဲ့ ဆရာမတွေကြောင့် ကျောင်းသားမိဘတွေနဲ့ စကားများခဲ့ကြတယ်လို့ မြို့ခံတွေက ပြောပြပါတယ်။

မတ်လ (၂၈)ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးကြောင့် အခြေခံပညာကျောင်းတွေမှာ အဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့ပေမဲ့ စစ်ကောင်စီကတော့ ဇွန်လဆန်းမှာ ကျောင်းဖွင့်စေခဲ့ပါတယ်။

လက်ရှိမှာ စစ်ကောင်စီဟာ အခြေခံပညာကျောင်းတွေကို အတန်းအလိုက်မနက်ပိုင်းနဲ့ နေ့လယ်ပိုင်း နှစ်ပိုင်းခွဲပြီး ကျောင်းတက်ခိုင်းထားတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဂျပန် နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်တဲ့ ငလျင်ကြီးကြောင်း သေဆုံးသူ အရေအတွက်ဟာ ၁၃ ဦးထိ မြင့်တက်လာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့တဲ့နောက် ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။