Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင်ဆန့်ကျင်ရေး စစ်ကိုင်းတိုင်းတွင်ဆန္ဒပြ

စစ်ကိုင်းတိုင်းအတွင်းသပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇွန်လ ၆)မှာစစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု ဆန္ဒပြပွဲတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

ဓာတ်ပုံ - စစ်ကိုင်းဒေသသပိတ်အင်အားစု၊ လက်ပံတောင်းသပိတ်၊ ABFSU

ဇွန် ၆၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်းသပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇွန်လ ၆)မှာစစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု ဆန္ဒပြပွဲတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်းယင်းမာပင်မြို့နယ်ကအများပြည်သူသွားလာနေတဲ့ လမ်းပိုင်းတစ်နေရာမှာ “လည်ပင်းနဲ့ဓား အတူယှဉ်တွဲနေထိုင်လို့မရ” စာသားပါဘန်နာကို ချိတ်ဆွဲ၍ ပြည်သူတရပ်လုံးကို သွေးစွန်းစေမယ့် ပညာရေး၊ သွေးစွန်းငွေတွေနဲ့ ညှိနှိုင်းလာတာမျိုးကို ကျောင်းသားထုအနေနဲ့ လုံးဝ လက်မခံစေလိုကြောင်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ယင်းဆန္ဒပြမှုကို ယင်းမာပင်မြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)နဲ့ ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က ပူးပေါင်းပြုလုပ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဆားလင်းကြီးမြို့နယ်မှာလည်းလက်ပံတောင်းတောင်ဒေသ လူထုသပိတ်က ဦးဆောင်ပြီး စစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်ကောင်စီကို ပိုမိုထိရောက်မယ့် ဒဏ်ခတ်အရေးယူမှုမျိုး ဆောင်ရွက်ပေးရေး လူထုလှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင် ဒေသခံပြည်သူတွေနဲ့အတူ “Vote ILO Article 33 to save LIVES” စာသားကို ကိုင်ဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံတွေနဲ့ ချီတက်ခဲ့ကြပါတယ်။

အလားတူ ယင်းမာပင်မြို့နယ်​​​​မြောက်ခြမ်းမှာလည်း အောင်လံလွှင့်မည်ဒေါင်းသွေးနီသပိတ်စစ်ကြောင်းက ဒီကနေ့မှာ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေး ကြွေးကြော်သံတွေနဲ့ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက ဒေသခံတော်လှန်ပြည်သူတွေဟာနယ်မြေမငြိမ်သက်မှုကြားထဲကနေစစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေကို နေ့စဉ်ပြုလုပ်နေကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ နိုင်ငံရေးအကျဥ်းသားတွေအားလုံးလွတ်မြောက်ရေး လှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ဒေသအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ နယ်မြေမငြိမ်သက်တဲ့ကြားမှ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဖေဖော်ဝါရီ ၂၆) မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ လေကြောင်းအန္တရာယ် ပညာပေးဟောပြောပွဲနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ဒီကနေ့ (ဖေဖော်ဝါရီ ၂၄) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကသာခရိုင်နဲ့ ယင်းမာပင်မြို့နယ်တွေမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ နယ်မြေမငြိမ်သက်တဲ့ကြားမှ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဖေဖော်ဝါရီ ၂၃) မှာ ဆက်လက်ပြုလုပ်ခဲ့ပါတယ်။