Connect with us

Hi, what are you looking for?

သတင်း

မရှဲမယ်​ရေးခဲ့သည့်စာက​လေးတ​စ်စောင်

ကရင်နီပြည်နယ်၊လွိုင်ကော်မြို့မှအသက် ၁၄နှစ်အရွယ် ၆ တန်းကျောင်းသူစစ်ရှောင်ကလေးငယ်တစ်ဦး မိမိကိုယ့်ကို အဆုံးစီခဲ့သည်။

ဇွန်-၇၊၂၀၂၅။ရဲခေါင်/People’s Spring

ကရင်နီပြည်နယ်၊လွိုင်ကော်မြို့မှအသက် ၁၄နှစ်အရွယ် ၆ တန်းကျောင်းသူစစ်ရှောင်ကလေးငယ်တစ်ဦး မိမိကိုယ့်ကို အဆုံးစီခဲ့သည်။

အသက်၁၄ နှစ်အရွယ် မရှဲမယ်သည်ဇွန်လ ၆ ရက်တွင် အဆုံးစီရင်ခဲ့ခြင်းဖြစ်ပြီး မိသားစုငွေကြေးအဆင်မပြေမှု နှင့် ကျောင်းထွက်အလုပ်လုပ်ရမည့် အ​ခြေအ​နေကြောင့် စိတ်ဖိစီးမှုများဖြစ်ခဲ့ရသည်ဟုသိရသည်။

“ကလေးကို ကျောင်းတက်ဖို့လုံးဝအားမပေးဘူးလို့သိရတယ်။အိမ်အလုပ်ပဲခိုင်းချင်တာပြောတယ်။ ကလေးကို အပြစ်ပဲပြောပြီးကျောင်းထွက်ခိုင်းတယ်။ကလေးခမျာလည်းစိတ်ဖိစီးမှုအရမ်းဖြစ်နေပုံရပါတယ်”ဟု သေဆုံးခဲ့သည့် ကလေး ၏ မိသားစုနှင့်နီးစပ်သူတဦးက People’s Springသို့သို့ ​ပြောသည်။

Public Service Announcement

Public Service Announcement

ကရင်နီပြည်နယ်၌ စစ်ရှောင်အရေးကူညီနေသူတစ်ဦးကလည်း “သူနောက်ဆုံးရေးခဲ့တဲ့ စာကိုဖတ်ကြည့်မိတော့ မိဘတွေရဲ့ ခက်ခဲကြပ်တည်းမှုတွေကို သိနားလည်နေတဲ့ ကလေးတစ်ယောက်ရဲ့ ဝမ်းနည်းစရာ ခံစားချက်ကို တွေ့ရတယ်ဗျာ။စိတ်ဒဏ်ရာတွေရနေတာ။အတော်စိတ်မကောင်းဘူးဗျာ။လူကြီးတွေမှ မဟုတ်ဘူး ၊ကလေးတွေလည်း ဒီဒုက္ခဆင်းရဲ ကြပ်တည်းမှုတွေကို ရင်ဆိုင်ခံစားနေကြရတယ်”ဟု ပြောသည်။

မရှဲမယ်​ရေးသားခဲ့​သောစာတွင် မိသားစုဝင်တစ်ဦးချင်းနှင့် စာသင်​ပေး​​သောဆရာ ၊ဆရာအ​ပေါ် ​ကျေးဇူးတင်​ကြောင်း နှင့် အမှာစကားများပါပြီး၊ သူမစိတ်ဖိစီးမှုများ​နေသည်ကို​လည်းရေးသားထားသည်ကို​တွေ့ရသည်။ အဆိုပါစာ နှင့် မရှဲမယ် အဆုံးစီရင်သွားသည့် သတင်းမှာ ဇွန် ၆ ရက်တွင်​ဖေစ်ဘွခ်လူမှုကွန်ယက်တွင် ပျံ့နှံ့ခဲ့ပြီး​နောက် ပြည်သူများကြား မရှဲမယ်အတွက် ဝမ်းနည်းစိတ်မ​ကောင်း​ကြောင်း နှင့် စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ပြည်သူများစီးပွား​ရေး၊ပညာ​ရေး၊လူမှု​ရေး ဘက်​ပေါင်းစုံအကြပ်အတည်း​တွေ့​နေကြချိန်တွင် က​လေးငယ်များ၏ စိတ်ခံစားချက်များကို ဂရုပြု​ပေးကြရန်လည်း ​​ရေးသားမှတ်ချက်ပြု​နေကြသည်။

စစ်ဘေးရှောင်ကလေးငယ်များနှင့် ပြည်သူများကို တက်နိုင်သမျှ ခွန်အားပေးရန်နှင့် လိုအပ်ချက်များ ကို တတ်စွမ်းသူများက ဖြည့်ဆည်းပေးကြရန် ၎င်းက တိုက်တွန်းသည်။

“လစဥ်ကြေး ကြောင့်လားမေးတော့။ အဲ့ကျောင်းကအရင်နှစ်တွေတည်းကလစဥ်ကြေးတွေမကောက်ခဲ့ကြဘူး။အနည်အကျဥ်းကောက်ရင်တောင်မှ pass ပေးတာ​ရှိတယ်ပြောပါတယ်။ ဒီနှစ်တောင်မှ ၅၀၀၀ ကျပ်ကောက်ဖို့တောင် မနည်းလုပ်နေရတဲ့ကျောင်း​လေးပါ”ဟု သေဆုံးသွားသည့် ကလေး ငယ် တက်ရောက်ခဲ့သော ကျောင်းနှင့် ပတ်သက်၍ ကရင်နီပြည်နယ်ကြား ကာလအစိုးရအဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။

၂၀၂၁ ခုနှစ်တွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်နယ်၌ စစ်ရှောင်ရသည့်ပြည်သူ နှစ်သိန်း ခွဲထက်မနည်းရှိနေသည်။

တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF ၏ ဇွန်လ ၁ ရက်နေ့ ထုတ်ပြန်သောစာရင်းများအရကရင် နီပြည်နယ်နှင့်ကယန်းဒေသအတွင်း စစ်ကောင်စီ ၏ လူ့အခွင့်အရေးအချိုးဖောက်မှုများကြောင့် သတ်ဖြတ်ခံရသည့်အရပ်သား ၅၆၉ ဦး၊ စစ်ရှောင်သေဆုံးသူ ၁၇၇ ဦး ၊မတရားဖမ်းဆီးခံရသူ ၁၆၀ ဦး နှင့် နေအိမ်အလုံး သုံးထောင်ကျော်ဖျက်ဆီးခံထားရသည်။

ထို့အပြင် စစ်အုပ်စုက အာဏသိမ်းပြီး​​နောက်နိုင်ငံတစ်ဝန်းမှပြည်သူ အနည်းဆုံး ၆၈၀၀ ​ခန့်ကိုစစ်​ကောင်စီလက်နက်ကိုင်အဖွဲ့များကသတ်ဖြတ်ခဲ့ပြီးက​လေးငယ် ၈၀၀ ​ကျော်ကိုစစ်အုပ်စုကသတ်ဖြတ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်းက စဉ့်ကူးနဲ့ မတ္တရာမြို့နယ်တို့မှာ စစ်ဘေးရှောင်နေရတဲ့ဒေသခံပြည်သူ ထောင်နဲ့ချီပြီး စား‌ဝတ်နေရေးခက်ခဲ နေတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်ကူညီသူတွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ငါးပတ်ချောင်းရွာရဲ့ အနောက်ဘက် ရှေးဟောင်းသမိုင်းဝင်သစ္စာရဘုရားအနီး စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ အသက် ၇၆နှစ်အရွယ် စစ်ဘေးရှောင်အဘိုးအိုတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

ထားဝယ်ဒေသအတွင်း လူသားချင်းစာနာထောက်ထားရေး၊ ပညာရေး လုပ်ငန်းများ ဆောင်ရွက်နေတဲ့ လူငယ် ၃ဦးကို စစ်တပ်က ဖမ်းဆီးပြီး ရက်စက်စွာ သတ်ဖြတ်ခဲ့တာ ကြားသိရတဲ့အပေါ် ဝမ်းနည်းကြေကွဲကြောင်း ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ(ထားဝယ်ခရိုင်)က ဒီကနေ့ ထုတ်ပြန်ပါတယ်။