Connect with us

Hi, what are you looking for?

သတင်း

တောင်ငူတွင်ပေါ်တာလာဆွဲသည့် စစ်တပ် လေးခွနှင့် အပစ်ခံရပြီးနောက် လူငယ်၁ဦးကိုပစ်သတ်

တောင်ငူမြို့၊မင်းကြီးညိုရပ်ကွက်အပိုင် ခ‌ပေါင်းရွာမှ အသက်၂၀ အရွယ်လူငယ်တစ်ဦးကို ညဘက် နေအိမ်ပေါ်တက်၍ စစ်သားသစ်အတွက်ပေါ်တာဆွဲစဉ် လေးဂွဖြင့်အပစ်ခံရသည့်စစ်စစ်ကောင်စီတပ်က အဆိုပါလူငယ်ကို သေနတ်ဖြင့်ပစ်သတ်သွားသည်။

ဧည်စာရင်းစစ်​နေသည့် စစ်​ကောင်စီတပ်ဖွဲ့ဝင်များ/ ပုံအ​ဟောင်းဖြစ်ပါသည်။ ဓါတ်ပုံ-စစ်​ကောင်စီ

ဇွန်-၉၊၂၀၂၅။ယောနသံ/People’s Spring

တောင်ငူမြို့၊မင်းကြီးညိုရပ်ကွက်အပိုင် ခ‌ပေါင်းရွာမှ အသက်၂၀ အရွယ်လူငယ်တစ်ဦးကို ညဘက် နေအိမ်ပေါ်တက်၍ စစ်သားသစ်အတွက်ပေါ်တာဆွဲစဉ် လေးဂွဖြင့်အပစ်ခံရသည့်စစ်စစ်ကောင်စီတပ်က အဆိုပါလူငယ်ကို သေနတ်ဖြင့်ပစ်သတ်သွားသည်။

စစ်ကောင်စီတပ် နှင့် ပြည်သူ့စစ်များသည် ခ‌ပေါင်းရွာအတွင်းသို့ ဇွန်လ ၇ ရက်ညကဝင်လာပြီး စစ်မှုထမ်းရန် လူငယ်များအားပေါ်တာဆွဲစဉ် လေးဂွနှင့်အပစ်ခံရပြီးနောက် လူငယ်တစ်ဦးကိုပစ်သတ်သွားခြင်းဖြစ်သည်။

“သနားပါတယ်။ အိပ်ပေါ်တက်ဆွဲတော့ လေးဂွနဲ့ ဝိုင်းပစ်တာ။သူတို့လက်ထဲဖမ်းခေါ်ထားတဲ့ကလေးကို ခေါင်းကို ပစ်ချသွားတာပါ”ဟု တောင်ငူမြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည် ခပေါင်း၊ ဆားကျင်း၊ ရွာလည်ရွာအပါအဝင် တောင်ငူမြို့အနီးရှိကျေးရွာများတွင် ယခုရက်ပိုင်း၌ ညဘက်ပေါ်တာဆွဲနေပြီး ဒေသခံလူငယ်များ ထွက်ပြေးတိမ်းရှောင်နေရသည်။

“လွတ်တဲ့သူလွတ်၊ပါတဲ့သူပါနဲ့ အရမ်းဒုက္ခရောက်နေပြီ”ဟု တောင်ငူမြို့ခံတစ်ဦးကပြောသည်။

အထက်ပါဖြစ်စဉ်ဖြစ်ပွားပြီးနောက် ခ‌ပေါင်းရွာဒေသခံအချို့ကိုလည်း စစ်​ကောင်စီတပ်က ဖမ်းဆီးသွားသည်ဟု သတင်းရရှိသည်။​သေနတ်ဖြင့် ပစ်သတ်ခံရသည့်လူငယ်မှာ နောင်နောင်ဖြစ်ပြီး ဇွန်လ ၉ရက်၌ ၎င်း၏ နာရေးပြုလုပ်မည်ဖြစ်သည်။

တောင်ငူမြို့နယ်အတွင်း ရန်ကုန်-မန္တလေးအမြန်လမ်း၏ ၁မိုင်ခန့်မှ ၇မိုင်ခန့်ဝေးသော ကျေးရွာများတွင်မေလ ၂၃ရက်နေ့မှစ၍ တိုက်ပွဲဖြစ်ခဲ့သည်။စပါးကြွယ်ရွာ၊ ကြက်တက်ညောင်ပင်ရွာ၊ကြို့ပင်ဆိပ်ရွာ၊ ကြက်ရိုးပင်ရွာ၊ တောပုရွာ၊ ဇီးပင်သာ ၊ ဘိုကုန်းနှင့် ငုံးမင်းရွာတို့မှ ဒေသခံများ တိမ်းရှောင်နေကြရကြောင်း သိရသည်။

မေလ ၂၃ရက်က တိုက်ပွဲဖြစ်နေစဉ် စစ်ကောင်စီသည် အိမ် ခြေ၄၀၀ ကျော်ရှိသည့် စပါးကြွယ်ရွာကို လေကြောင်းမှဗုံးကြဲခဲ့ပြီး မီးရှို့ခဲ့ကြောင်း ဒေသခံစစ်ဘေးရှောင်များကပြောသည်။ မေလ ၂၈ရက်ကလည်းတောင်ငူမြို့နယ်၊ဒိုးနယ်ရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး ဒေသခံ ပြည်သူ၂ဦးကိုသတ်ဖြတ်သွားကြောင်း သတင်းရရှိသည်။

မြို့နယ်တွင်း၌တိုက်ပွဲများဖြစ်ပွားပြီးနောက် စစ်ကောင်စီက စစ်မှူးထမ်းဥပဒေအကြောင်းပြ၍ ဖမ်းဆီးခြင်းများ၊ ပေါ်တာဆွဲခြင်းများပြုလုပ်နေခြင်းဖြစ်သည်။

စစ်ကောင်စီက အဓမ္မစစ်သားစုဆောင်းနေမှုသည် ပဲခူးတိုင်း၌အဆိုးရွားဆုံးဖြစ်နေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ စစ်မှုထမ်းဥပဒေကိုထုတ်ပြန်ပြီးနောက် မြန်မာနိုင်ငံတစ်ဝှမ်းတွင် စစ်ကောင်စီက အတင်းအဓမ္မစစ်သားမှုဖြစ်စဉ်၁,၄၉၃ ခုရှိပြီး အတင်းအဓမ္မစစ်သားစုဆောင်းခံရသူ (၂၅,၉၄၄) ဦးရှိသည်ဟု ဇွန်လ ၄ရက်က ထုတ်ပြန်သည့် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

CNO/CNDFဟာ​တော်လှန်​ရေးကိုဆက်လုပ်ဆဲဖြစ်ပြီး အနာဂါတ်တွင်လည်းဆက်လက်​တော်လှန်မည်ဖြစ်သလို မကြာခင်သတင်းထုတ်ပြန်မည်ဟု ​တာဝန်ရှိသူအသိ​ပေး

သတင်း

အာဏာသိမ်းစစ်တပ်က သံတွဲမြို့နယ်၊ရွှေလှေ နဲ့ လင်းသီကျေးရွာတို့ကိုဒီက​​နေ့ ဂျက်ဖိုက်တာနဲ့ ဗုံးသုံးလုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့်အရပ်သားလူနေအိမ်ပေါ် တည့်တည့်ကျပြီး ၄ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တောင်ပိုင်းက ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ ၁ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်ကောင်စီယာဥ်တန်းအတွက် လုံခြုံရေးယူပေးနေတဲ့ စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။