Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီက ဖားကန့်တွင်အရပ်သားပိုင် စက်ယန္တရားများကို မီးရှို့ဖျက်ဆီးပြန်

ဖားကန့်ကို ရောက်ရှိလာပြီးနောက်ကျောက်စိမ်းလုပ်ကွက်အချို့ကိုဆက်တိုက် မီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီတပ်က ဇွန် ၁၀ရက် နေ့လယ်ပိုင်းတွင်လည်း မှော်စီစာကျေးရွာရှိ ကျောက်စိမ်းလုပ်ကွက်တခုမှ စက်ယန္တရားများများကို မီးရှို့ဖျက်ဆီးသွားသည်။

Screenshot

ဇွန်-၁၀၊၂၀၂၅။ကဖေး/People’s Spring

ဖားကန့်ကို ရောက်ရှိလာပြီးနောက်ကျောက်စိမ်းလုပ်ကွက်အချို့ကိုဆက်တိုက် မီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီတပ်က ဇွန် ၁၀ရက် နေ့လယ်ပိုင်းတွင်လည်း မှော်စီစာကျေးရွာရှိ ကျောက်စိမ်းလုပ်ကွက်တခုမှ စက်ယန္တရားများများကို မီးရှို့ဖျက်ဆီးသွားသည်။

ဦးဇော်နိုင်ဌေးဆိုသူပိုင် စက်ယန္တရားများကို မီးရှို့ဖျက်ဆီးခြင်းဖြစ်ပြီး ဝန်ထမ်းများက မီးငြှိမ်းသတ်နေသည်ကို လူမှုကွန်ရက်ပေါ်ပျံ့နှံလာသည့်ရုပ်သံ၌တွေ့ရသည်။

ကာမိုင်း – လုံးခင်း – ဖားကန့်လမ်းအတိုင်း ဧပြီလ ၂၃ရက်က ဝင်လာသည့်စစ်ကောင်စီစစ်ကြောင်းသည် ‌မေလ ၂၇ရက်၌ လုံးခင်းယမ်းချက်စက်ရုံသို့ရောက်ရှိလာသည်။ ၎င်းတို့အားတိုက်ခိုက်ပါက နေအိမ်များအားမီးရှို့မည်ဟုခြိမ်းခြောက်ခဲ့သည်။

Public Service Announcement

Public Service Announcement

မေလ ၂၉ရက် နေ့လယ်ပိုင်းတွင်ဖားကန့်သို့ရောက် ရှိလာကာ ကျောက်စိမ်းမှော်ဝန်းကျင်တွင် စစ်ကြောင်းထိုးရန်ကြိုးစားခဲ့သည်။ KIAနှင့် KPDF တပ်စွဲထားသည့်နေရာများကိုလည်း ဖယ်ရှားရန် ဖိအားပေးပြီး ကျောက်စိမ်းလုပ်ကွက်အချို့ကိုလည်းမီးရှို့ဖျက်ဆီးခဲ့သည်။

“အရပ်သားပြည်သူတွေအပေါ်ကိုဒီလိုသာအကြမ်းဖက်နေရင် KIAနဲ့ KPDFက တိုက်လိမ့်မယ်။ တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်လာလိမ့်မယ်”ဟုဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီစစ်ကြောင်းကို KIA နှင့် KPDF ပူးပေါင်းတပ်က ဇွန်လ ၅ရက်ကတိုက်ခိုက်ပြီးနောက် တိုက်ပွဲများငြိမ်သက်နေရာမှဇွန်လ ၉ရက်နှင့်ယနေ့ ၂ရက်ဆက်တိုက်ပွဲဖြစ်ခဲ့သည်။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၁၈ဦးထက်မနည်းသေဆုံးကြောင်း KIA၊ KPDF နှင့်နီးစပ်သူကပြောသည်။

လက်ရှိဒေသတွင်းစစ်ရေးအခြေအနေအရ အရပ်သားပြည်သူများအနေဖြင့်ည ၉နာရီမှမနက် ၄နာရီအတွင်း ပြင်ပသို့မထွက်ရန်၊ စစ်ကောင်စီစစ်ကြောင်းများအန္တရာယ်ကိုသတိပြုကြရန် KIA၊PDF ပူးပေါင်းတပ်က သတိပေးထားသည်။

https://www.facebook.com/LuduNwayOo/videos/706390852352036

Video – Padang Shingni/Facebook

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က လုံးခင်းဆေးရုံကုန်းနဲ့ ဂေါက်ကွင်းအနီးမှာ စက်တင်ဘာ ၁၁ရက် ညနေကစပြီး တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က ရှစ်မျက်နှာဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မြို့တွင်းက ကြောင်ပန်းခုံကျေးရွာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး မီးငြှိမ်းတဲ့ ဒေသခံတွေကိုပါ သေနတ်နဲ့လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ရွှေကူမြို့နယ်ထဲက ဧရာဝတီမြစ်ကြောင်းတိုက်ပွဲမှာ KIAနဲ့ KPDFတိုက်ခိုက်လို့ ထိခိုက်သေဆုံးမှုတွေများပြားနေချိန်မှာပဲ စစ်တပ်က ဖားကန့်မှာ စစ်ရေးလှုပ်ရှားမှုရှ်ိလာပြီး လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေရှိနေပါတယ်။