Connect with us

Hi, what are you looking for?

သတင်း

ထိုင်းမှာ မြန်မာ ၁၅ဦးအပါအဝင် တရားမဝင်လုပ်ကိုင်နေသူ ၂၀ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ နွန်ထဘူရီခရိုင်က ဘန်ယိုင်ဈေးကြီးကို ထိုင်းအာဏာပိုင်တွေက ဝင်ရောက်စစ်ဆေးဖမ်းဆီးရာ တရားမဝင်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သား ၁၅ဦး ဖမ်းဆီးခံခဲ့ရပါတယ်။

နွန်ထဘူရီခရိုင်က ဘန်ယိုင်ဈေးကြီးကို ထိုင်းအာဏာပိုင်တွေ ဝင်ရောက်စစ်ဆေးနေစဉ်။ ဓာတ်ပုံ − Khaosod

ဇွန်-၁၃၊ ၂၀၂၅။ People’s Spring

ထိုင်းနိုင်ငံ၊ နွန်ထဘူရီခရိုင်က ဘန်ယိုင်ဈေးကြီးကို ထိုင်းအာဏာပိုင်တွေက ဝင်ရောက်စစ်ဆေးဖမ်းဆီးရာ တရားမဝင်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သား ၁၅ဦး ဖမ်းဆီးခံခဲ့ရပါတယ်။

ဒီကနေ့(ဇွန်လ ၁၃ရက်)မနက်စောမှာ ဘန်ယိုင်ဈေးကြီးကို ထိုင်းနိုင်ငံရဲ့ အာဏာပိုင်တွေ အဖွဲ့စုံက ဝင်ရောက်စစ်ဆေးခဲ့တာလို့ သိရပါတယ်။ အဲဒီစျေးကြီးမှာ တရားမဝင်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၁၅ဦး၊ လာအိုနိုင်ငံသား ၄ဦးနဲ့ ဗီယက်နမ်နိုင်ငံသား ၁ဦး စုစုပေါင်း ၂၀ဦး ဖမ်းဆီးခံခဲ့ရတာလို့ ထိုင်းသတင်းဌာန Khaosodက ဖော်ပြပါတယ်။

နွန်ထဘူရီခရိုင်က ဘန်ယိုင်ဈေးကြီးကို ထိုင်းအာဏာပိုင်တွေ ဝင်ရောက်စစ်ဆေးနေစဉ်။ ဓာတ်ပုံ − Khaosod

ထိုင်းနိုင်ငံကို မြန်မာနိုင်ငံသားတွေ တရားမဝင်လာရောက်မှုနဲ့ တရားမဝင်အလုပ်လုပ်ကိုင်တာကြောင့် ထိုင်းရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးခံရမှု ဖြစ်စဉ်တွေ အခုရက်ပိုင်းအတွင်း ခပ်စိပ်စိပ်ဖြစ်လာတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေးကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဇွန်လ ၁၂ရက် မနက်ပိုင်းကလည်း ကန်ချန်နဘူရီခရိုင်အတွင်းမှာ တရားမဝင်လာရောက်တဲ့ မြန်မာလုပ်သား ၂၉ဦးကို တင်ဆောင်လာတဲ့ ကားတစ်စီးကို ထိုင်းရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိပြီး ဖမ်းဆီးခဲ့ပါတယ်။

လတ်တလောမှာ ထိုင်းအာဏာပိုင်တွေက စစ်ဆေးမှုတွေ ပြုလုပ်နေလို့ မြန်မာလုပ်သားတွေအနေနဲ့ သတိထားနေထိုင်ဖို့ ကိုရဲမင်း(အေအေစီ)က သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်​ကောင်စီက သက်ရှိစည်းရိုး လို့ ဝါဒဖြန့်စစ်ကားဇာတ်လမ်းရိုက်ခဲ့တဲ့ မြန်မာ-ထိုင်းနယ်စပ် ဥကရစ်ထ စစ်တပ်စခန်းက စစ်သား ၁၀၀ ခန့်ဟာထိုင်းနိုင်ငံဘက်ကို ထွက်​ပြေးလာတယ်လို့ ထိုင်းနယ်စပ်ကမီဒီယာတွေက​ဖော်ပြပါတယ် ။

နိုင်ငံတကာ

နိုင်ငံရဲ့ ရိုးရာဝတ်စုံ တစ်မျိုးကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင် ဖြစ်ခွင့်ရအောင် ထိုင်းအစိုးရက အဆိုပြုထားကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်းနဲ့ အရမ်းနီးကပ်တဲ့ ဆက်ဆံရေးမျိုး ရှိနေပြီး ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေရဲ့ အထင်ကရ ခေါင်းဆောင် တစ်ဦးလို့ ကျော်ဇောတဲ့ ခုတ်အန်းနဲ့ ဆက်စပ်တဲ့ နေရာပေါင်း ၁၉ ခုကို ထိုင်းရဲတပ်ဖွဲ့က စီးနင်း ရှာဖွေခဲ့ပြီး ပိုင်ဆိုင်မှုတွေ၊ ဇိမ်ခံကားတွေနဲ့ ငွေသား ဘတ်...

ဆောင်းပါး

ရက်နှစ်ပတ်ကျော်ကြာတိတ်ဆိတ်ခဲ့ရတဲ့ မဲဆောကမြို့ရောက်မြန်မာတွေအတွက် ၁၇ရက်ကြာစစ်ဆေးဖမ်းဆီးရေးစီမံချက်ဟာ ဇူလိုင် ၄ရက်နေ့က ပြီးဆုံးသွားပါတယ်။