Connect with us

Hi, what are you looking for?

သတင်း

ဗုံးခြိမ်းခြောက်မှုကြောင့် အိန္ဒိယလေယာဉ် ထိုင်းမှာ အရေးပေါ်ဆင်းသက်

အိမ်သာထဲမှာ ဗုံးခြိမ်းခြောက်စာ ရှာတွေ့ခဲ့တဲ့နောက် အိန္ဒိယ လေကြောင်းရဲ့ ခရီးသည်တင် လေယာဉ် တစ်စီးဟာ ထိုင်းနိုင်ငံကို နောက်ကြောင်းပြန်လှည့်ပြီး အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။

ဓာတ်ပုံ - Thai Enquirer

ဇွန် – ၁၃ ၊ ၂၀၂၅ /People’s Spring

အိမ်သာထဲမှာ ဗုံးခြိမ်းခြောက်စာ ရှာတွေ့ခဲ့တဲ့နောက် အိန္ဒိယ လေကြောင်းရဲ့ ခရီးသည်တင် လေယာဉ် တစ်စီးဟာ ထိုင်းနိုင်ငံကို နောက်ကြောင်းပြန်လှည့်ပြီး အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။

ဇွန်လ ၁၃ ရက်နေ့က အိန္ဒိယ လေကြောင်းရဲ့ ခရီးစဉ်အမှတ်ာ AI 379 လေယာဉ်ဟာ ထိုင်းနိုင်ငံ၊ ဖူးခက်မြို့ နိုင်ငံတကာ လေဆိပ်ကနေ ပျံတက်လာပြီး အိန္ဒိယနိုင်ငံ၊ ဒေလီမြို့တော်ရဲ့ အင်ဒီယာဂန္ဒီ နိုင်ငံတကာ လေဆိပ်ဆီ ဦးတည်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ လေယာဉ်ဟာ ရုတ်တရက် နောက်ကြောင်း ပြန်လှည့်သွားပြီး ဖူးခက်တဝိုက်နဲ့ ကပ္ပလီပင်လယ်ပြင်ပေါ်မှာ ဝဲပတ်ပျံသန်းနေတာကို လေယာဉ် ပျံသန်းမှု စောင့်ကြည့်ရေး ဝက်ဘ်ဆိုက်တွေမှာ တွေ့ခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

နောက်ဆုံးမှာတော့ လေယာဉ်ဟာ ဖူးခက်မှာ အရေးပေါ် ဆင်းသက်ခဲ့ပါတယ်။ ထိုင်းမီဒီယာတွေက အခုလို အထိတ်တလန့် အခြေအနေ ကြုံရတာဟာ ဗုံးထောင်ထားကြောင်း ခြိမ်းခြောက်စာ တစ်စောင်ကို လေယာဉ်ရဲ့ အိမ်သာထဲမှာ ရှာတွေ့ခဲ့လို့ ဖြစ်တယ်လို့ ဖော်ပြခဲ့ကြပါတယ်။

Airbus A320 အမျိုးအစား လေယာဉ်ဟာ ဖူးခက်ကနေ ပျံတက်ပြီး မိနစ် ၂၀ လောက် အကြာမှာပဲ နောက်ကြောင်း ပြန်လှည့်လာခဲ့တာ ဖြစ်ပါတယ်။

အရေးပေါ် ဆင်းသက်ခဲ့ပြီးတဲ့နောက် ခရီးသည်တွေနဲ့ အမှုထမ်းတွေကို လေဆိပ် တာဝန်ရှိသူတွေက သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ စနစ်တကျ ခြံရံ ရွှေ့ပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။

လေယာဉ်ပေါ်မှာ လူ ၁၅၆ ဦး လိုက်ပါခဲ့ပြီး ဗုံးခြိမ်းခြောက်မှု ကြုံရတဲ့ အချိန်မှာ လေယာဉ်မှူးက အရေးပေါ် ဆင်းသက်ဖို့ ဖူးခက်လေဆိပ်ကို လှမ်းအကြောင်းကြားပြီး ခွင့်တောင်းခဲ့တာပါ။

လေယာဉ်ပေါ်မှာ တကယ်ပဲ ဗုံးပါလာသလား ဆိုတာကိုတော့ လောလော ဆယ် အတည်မပြုနိုင်သေးပါဘူး။

အိန္ဒိယ လေကြောင်းလိုင်း အတွက်တော့ လက်ရှိဟာ ပြဿနာပွေတဲ့ ကာလလို့ ဆိုနိုင်ပါတယ်။ လေကြောင်းလိုင်းရဲ့ ခရီးသည်တင် လေယာဉ် တစ်စီးဟာ မနေ့ (ဇွန်လ ၁၂ ရက်)တုန်းက အိန္ဒိယ အနောက်ပိုင်းမှာ ပျက်ကျခဲ့တာကြောင့် လိုက်ပါသွားသူ ၂၄၁ ဦး သေဆုံးခဲ့ပြီး ၁ ဦးသာ အသက်ရှင်ခဲ့ပါတယ်။

ကိုးကား – Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဘုန်းတော်ကြီးကျောင်း ရန်ပုံငွေ ဘတ်သန်း ၁၀၀ ကျော် အလွဲသုံးစား လုပ်ခဲ့ကြောင်း စွပ်စွဲခံထားရတဲ့ ကျောင်းထိုင် ဘုန်းကြီးနဲ့ အမျိုးသမီးကို ထိုင်းတရားရုံး တစ်ခု ရှေ့မှောက်ကို ပို့ဆောင်ပြီး ချုပ်ရက် ရမန်ယူခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားတွေရဲ့ ဩဇာ လွှမ်းမိုးမှုနဲ့ စီးပွားရေး လက်ဝါးကြီးအုပ်မှုတွေကို ဆန့်ကျင်ဖို့၊ အဲဒီကိစ္စအတွက် ထိုင်းအစိုးရက ပိုပြီး ထိထိရောက်ရောက် ကိုင်တွယ် ဆောင်ရွက်အောင် ဖိအားပေးဖို့အတွက် ‘ထိုင်းနိုင်ငံကို ပြန်ယူကြ’ (Take Back Our Thailand’ဆိုတဲ့ လှုပ်ရှားမှုကို အကောင်အထည် ဖော်သွားမယ်လို့ ဝါရင့်...

နိုင်ငံတကာ

ရေတပ်သားတွေ အပန်း‌ဖြေ အနားယူဖို့အတွက် ထိုင်းနိုင်ငံ၊ ပတ္တယားမြို့ဆီ ရောက်ရှိနေခဲ့တဲ့ အမေရိကန် လေယာဉ်တင် သင်္ဘောကြီး USS Abraham Lincolnဟာ အခုအခါ ဆိပ်ကမ်းကနေ ပြန်လည် ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ ကမ်းခြေမြို့ ပတ္တယားမှာ အပန်းဖြေ ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ အမေရိကန် တပ်ဖွဲ့ဝင် ၅၀၀၀ ကျော်လောက်ဟာ ၅ ရက်အတွင်း ဘတ်ငွေ သန်း ၁၀၀ (အမေရိကန်ဒေါ်လာ ၃ သန်းကျော်)လောက် သုံးစွဲမယ်လို့ မြို့ရဲ့ အာဏာပိုင်တွေက မျှော်လင့်ထားပါတယ်။