Connect with us

Hi, what are you looking for?

သတင်း

ငလျင်ဘေးသင့် တံတားဦးမှာ တစ်ရွာကိုစစ်မှုထမ်းဖို့ ၅ ဦးစီတောင်းလို့ အုပ်ကြီး ၁၆ ယောက် နှုတ်ထွက်

ငလျင်ဘေးဒဏ်သင့်တံတားဦးမြို့နယ်မှာစစ်တပ်က တစ်ရွာကို စစ်မှုထမ်းဖို့ လူ ၅ ဦး တောင်းလို့ ကျေးရွာအုပ်ချုပ်ရေးမှူး ၁၆ ဦး နှုတ်ထွက်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက် တံတားဦးမြို့တွင် ၂၀၂၁ ခုနှစ် မေလက စစ်ကောင်စီ၏ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ တွေ့ဆုံစဥ်။ ဓာတ်ပုံ-MOI

ဇွန်-၁၃၊၂၀၂၅။ဇေအောင်/People’s Spring

ငလျင်ဘေးဒဏ်သင့်တံတားဦးမြို့နယ်မှာစစ်တပ်က တစ်ရွာကို စစ်မှုထမ်းဖို့ လူ ၅ ဦး တောင်းလို့ ကျေးရွာအုပ်ချုပ်ရေးမှူး ၁၆ ဦး နှုတ်ထွက်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်မှုထမ်းဖို့ တစ်ရွာကို ၅ ဦးနှူန်း မဖြစ်မနေပေးရမယ်ဆိုလို့ ဒီကနေ့ ဇွန်လ (၁၃)ရက်နေ့မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူး (၁၆)ဦးဟာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို နူတ်ထွက်စာတွေတင်ပြီး တာဝန်ကနေ နှုတ်ထွက်လိုက်ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“လူအတင်းလာတောင်းနေလို့ လက်မှတ်ထိုး နူတ်ထွက်ကြတာပြောတယ်။”လို့ ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

နှုတ်ထွက်ကြတဲ့ အုပ်ကြီးတွေရဲ့ ကျေးရွာအမည်တွေကိုတော့ လူထုနွေဦးက မသိရသေးပါဘူး။ တံတားဦးမြို့နယ်အနောက်ခြမ်းက စစ်ကောင်စီလက်လှမ်းမမီတဲ့ ရွာတွေဖြစ်နိုင်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် မြို့ပေါ်မှာလည်းယာဥ်လိုင်စင်စစ်တာအကြောင်းပြပြီး လူငယ်တွေကို ဖမ်းဆီးနေပြီး လူငယ်အများအပြား ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တံတားဦးမြို့နယ်အပြင်မန္တလေး၊ စစ်ကိုင်းနဲ့ အခြားတိုင်းနဲ့ပြည်နယ်အသီးသီးမှာပါစစ်ကောင်စီတပ်က ယာဥ်စစ်ဆေးရင်း လူငယ်တွေကို ဖမ်းဆီးနေပါတယ်။

ငလျင်ဘေးကြောင့် လူရာချီသေဆုံးပြီး ထိခိုက်ပျက်စီးမှုများတဲ့ တံတားဦးမြို့နယ်ဟာ အပျက်အစီးတွေရှင်းလင်းနေရဆဲဖြစ်ပြီး အကူအညီတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ စစ်မှုထမ်းခေါ်ယူမှုကို ခရိုင်အဆင့်က စတင်ကိုင်တွယ်နေပြီး စစ်မှုထမ်း ရှောင်တဲ့သူတွေကို ရှောင်တဲ့နေရာလိုက်ဖမ်းဖို့ သင်္ကန်းဝတ် ပျူခေါင်းဆောင် ပေါက်ကိုယ်တော်က ​မြှောက်​ပေးပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

သတင်း

မန္တလေးမြို့က ချမ်းမြသာစည်နဲ့ အမရပူရမြို့နယ်တွေမှာ ရပ်ကွက်တိုင်း စစ်မှုထမ်းခေါ်ဆောင်ဖို့ မဲနှိုက်နေတဲ့အပြင် ပေါ်တာဆွဲဖမ်းဆီးတာတွေလည်း ပြုလုပ်​နေကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။