Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ရဟတ်ယာဉ် ၂စီးပစ်ချသည့်ရဲဘော်များအား “ငှက်သားကြိုက်သူလေးများအဖွဲ့”က ကျပ်သိန်း ၁၀၀ ဂုဏ်ပြု

ကချင်ပြည်နယ်၊ဗန်းမော်မြိုသိမ်းစစ်ဆင်ရေးဖော်ဆောင်နေသည့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် မဟာမိတ်ပူးပေါင်းတပ်က စစ်တပ်ရဟတ်ယာဉ် ၂ စီးကိုထိမှန်အောင်ပစ်ခတ်ခဲ့ရာ ထိုသို့ ပစ်ခတ်ခဲ့သည့် တော်လှန်ရေး ရဲဘော်များအား ငှက်သားကြိုက်သူလေးများအဖွဲ့မှ ကျပ်သိန်း ၁၀၀ ဂုဏ်ပြု​အလှူ​ငွေပေးပို့ခဲ့ကြောင်း KIA စစ်ရုံးချုပ် စစ်ရေးဌာန၏ ကျေးဇူးတင်လွှာ၌ ဖော်ပြထားသည်။

ဗန်း​မော်စကခ ၂၁ သို့ ရိက္ခာလာပို့​သောMi-17 ရဟတ်ယာဥ်ကို တိုက်ခိုက်ရာ ​ရွှေကူမြို့အနီး​တောထဲ၌ ပျက်ကျ​သောရဟတ်ယာဥ်။ ဓါတ်ပုံ-CJ

ဇွန်-၁၄၊၂၀၂၅။ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ဗန်းမော်မြိုသိမ်းစစ်ဆင်ရေးဖော်ဆောင်နေသည့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် မဟာမိတ်ပူးပေါင်းတပ်က စစ်တပ်ရဟတ်ယာဉ် ၂ စီးကိုထိမှန်အောင်ပစ်ခတ်ခဲ့ရာ ထိုသို့ ပစ်ခတ်ခဲ့သည့် တော်လှန်ရေး ရဲဘော်များအား ငှက်သားကြိုက်သူလေးများအဖွဲ့မှ ကျပ်သိန်း ၁၀၀ ဂုဏ်ပြု​အလှူ​ငွေပေးပို့ခဲ့ကြောင်း KIA စစ်ရုံးချုပ် စစ်ရေးဌာန၏ ကျေးဇူးတင်လွှာ၌ ဖော်ပြထားသည်။

KIAစစ်ရေးဗိုလ်မှူးချုပ် တဦးလက်မှတ်ထိုးထားသည့်အဆိုပါစာကိုကချင်သတင်းဌာနအချို့ကစတင် ဖော်ပြလာရာ စာမှာ အမှန်ဖြစ်​ကြောင်းကချင်သတင်းရင်းမြစ်တဦးကအတည်ပြုသည်။

“အလှူရှင်တွေရဲ့လျှို့ဝှက်အမည်” ဟုအဆိုပါ သတင်းရင်းမြစ်က ကျေးဇူးတင်လွှာ၌ ပါရှိသည့် “ငှက်သားကြိုက်သူလေးများအဖွဲ့” ၏ အမည်ကို ရည်ညွှန်းပြောပြသည်။

Public Service Announcement

Public Service Announcement

KIA စစ်ရေးဌာန၏ မေလ ၂၉ရက် နေ့စွဲပါ စာတွင် ငှက်သား ကြိုက်သူလေးများအဖွဲ့မှ ဗန်းမော် စစ်မျက်နှာတွင် စစ်ကောင်စီ၏ ရဟတ်ယာဉ်အား ပစ်ချခဲ့သည့် စစ်သည်များအတွက်ပေးပို့ကူညီသော အလှူငွေ ကျပ် သိန်း ၁၀၀အား မေလ ၂၈ရက်တွင် KIA စစ်ရုံးချုပ်တွင် လက်ခံရရှိသည်ဟု ရေးသားထားသည်။

တော်လှန်ရေးတွင်ပါဝင်ကူညီမှုအပေးများစွာ ကျေးဇူးတင်ရှိကြောင်း ဂုဏ်ပြု မှတ်တမ်းတင်အပ်သည်ဟုလည်း ရေးသားထားသည်။

အဆိုပါစာနှင့်ပတ်သက်ပြီးKIAသတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ သဘောထား မှတ်ချက်မေးမြန်းထားပြီး အဆက်အသွယ်မရသေးပေ။

KIA နှင့်မဟာမိတ်ပူးပေါင်းတပ်သည်မေလ ၂၀ရက်က ဗန်းမော်စစ်မြေပြင်သို့စစ်အင်အားဖြည့်တင်းရန်လာသည့် စစ်ကောင်စီ ရဟတ်ယာဉ် ၃စီးအနက် ၂စီးကို ထိမှန်အောင် ပစ်ခတ်နိုင်ခဲ့ရာ တစီးသည် ယင်းနေ့၌ပင် ရွှေကူနှင့် ၁၅မိုင်ခန့်အကွာ တောတွင်းတနေရာ၌ ပျက်ကျခဲ့သည်။ရဟတ်ယာဥ်​ပေါ်ပါသည့် စစ်တပ်အရာရှိအားလုံး​သေဆုံးခဲ့သည်။

ကျန်တစီးသည်ရွှေကူရှိစစ်ကောင်စီတပ်သို့အရေးပေါ် ဆင်းသက်ခဲ့ရသည်။အဆိုပါအရေးပေါ် ဆင်းသက်ခဲ့သည့် ရဟတ်ယာဉ်ကိုလည်း KIA ပူးပေါင်းတပ်က မေလ ၂၁ရက်တွင် ဒရုန်းဖြင့် ပစ်ခတ်ခဲ့ရာ ရဟတ်ယာဉ် ပျက်စီးခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း​တော်လှန်​ရေးအဖွဲ့များက စစ်တပ်တိုက်​လေယာဥ် ၊ရဟတ်ယာဥ်များကို အနည်းဆုံး ၁၂ စီးပစ်ခတ်ဖျက်ဆီးနိုင်ခဲ့သည်။ ထိုထဲတွင် KIA ဦး​ဆောင်​သော မဟာမိတ်တပ်များက တိုက်​လေယာဥ် နှင့် ရဟတ်ယာဥ် ၅ စီးပစ်ချနိုင်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ကနေ ဗန်းမော်ကိုစစ်ကူသွားတဲ့ စစ်သင်္ဘောတွေတိုက်ခိုက်ခံရပြီး တစ်စီးမြှုပ်သွားကာ သုံးစီးခန့် စက်ခန်းတွေ ထိခိုက်သွားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က​ပြောပါတယ်။

သတင်း

ဝိုင်းမော်တွင် အင်အားထောင်ချီစုစည်းကာ KIA သိမ်းပိုက်ထားသည့် ပန်ဝါ၊ ချီဖွေ၊ ကန်ပိုက်တီကို ထိုးစစ်ဆင်ရန် စစ်ကောင်စီပြင်ဆင်နေဟုဆို

သတင်း

စစ်ကောင်စီတိုက်​လေယာဥ်က စစ်သား​များကို မှားယွင်းဗုံးကြဲမိပြီးစက်သေနတ်ဖြင့်ပါပစ်ခတ်ဟု​ဒေသခံများ​ပြော

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ကချင်လွတ်လပ်ရေး တပ်မ တော်(KIA)၊ကချင်ဒေသကာကွယ်ရေးတပ်(KPDF)ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ ယ‌နေ့ (ဇူလိုင် ၁၁ရက်)ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုများကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Facebook