Connect with us

Hi, what are you looking for?

သတင်း

အမေရိကန်၊ ဂျပန် နှင့် တောင်ကိုရီးယားတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ကျဉ်းများ လွတ်မြောက်ရေးဆုတောင်းပွဲနှင့်ဆန္ဒပြပွဲများပြုလုပ်

အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့တွင် ပြည်ပ​ရောက် မြန်မာနိုင်ငံသားများ စုပေါင်း၍ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဆုတောင်းပွဲများကို ယနေ့ (ဇွန်လ ၁၅) ပြုလုပ်ခဲ့သည်။

ဇွန်-၁၅၊၂၀၂၅။ သုည/People’s Spring

အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့တွင် ပြည်ပ​ရောက် မြန်မာနိုင်ငံသားများ စုပေါင်း၍ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဆုတောင်းပွဲများကို ယနေ့ (ဇွန်လ ၁၅) ပြုလုပ်ခဲ့သည်။

အမေရိကန်ပြည်ထောင်စု ဘတ်ဖလိုမြို့တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၈၀) နှစ်ပြည့်မွေးနေ့ အကြိုဆုတောင်းပွဲ ကျင်းပခဲ့သည်။

အဆိုပါပွဲကို ဘတ်ဖလိုမြို့ခံများ၊ နိုင်ငံရေးစိတ်အားထက်သန်သူများ၊ တိုင်းရင်းသားညီအကိုမောင်နှမများနှင့် ၂၁ရာစု နွေဦးတော်လှန်ရေးအတွင်း ရောက်ရှိလာသည့် မြန်မာမိသားစုများက စုပေါင်းကျင်းပခဲ့ကြခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

ဂျပန်နိုင်ငံ Shizuoka ခရိုင်၊ Gotenba မြို့ရှိ ငြိမ်းချမ်းရေးစေတီတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး ဆုတောင်းပွဲ ကျင်းပခဲ့သည်။

ယင်းဆုတောင်းပွဲကို LDB(Japan) က ဦးဆောင်ပြုလုပ်တာဖြစ်ပြီး NUG Japan ကိုယ်စားလှယ် ဦးစောဘလှသိန်းနှင့် အဖွဲ့အသီးသီး၏ တာဝန်ခံများကလည်း အမှတ်တရ ဆုတောင်းစကား ပြောကြားပေးခဲ့သည်။

အလားတူ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင်လည်း စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ(ကိုရီးယား)က ဦးစီးကာဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့်မွေးနေ့ အထိမ်းအမှတ် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးနှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဆန္ဒပြချီတက်ခဲ့ကြသည်။

ယင်းဆန္ဒပြပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးရန်နိုင်ထွန်း တက်ရောက်ပြီး တော်လှန်ရေးစကားနှင့်ဒေါ်အောင်ဆန်းစုကြည် ၈၀ ပြည့် မွေးနေ့အတွက် ဆုတောင်းစကား ပြောကြားခဲ့သလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကထုတ်ပြန်တဲ့ နိုင်ငံသားများသို့ မေတ္တာရပ်ခံစာကိုလည်း NLD-OC ကိုရီးယားဌာနခွဲက ဖတ်ကြားခဲ့သည်။

ဆန္ဒပြချီတက်ပွဲတလျှောက်တွင် ဒေါ်အောင်ဆန်းစုကြည်၏သားငယ်ကိုထိန်လင်း၏မွေးနေ့ဆုတောင်းစကားအပါအဝင် ဒေါ်အောင်ဆန်းစုကြည်၏ရုပ်သံမှတ်တမ်းများ၊ဂုဏ်ပြု တေးသီချင်းများကို ကိုရီးယား၊ အင်္ဂလိပ်၊ မြန်မာ သုံးဘာသာဖြင့် ထုတ်လွှင့်ပြသခဲ့သည်။

ဆန္ဒပြပွဲပါဝင်သူများက ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ပြည်တွင်းလှုံဆော်မှုကို အားပေးသည့် အနေဖြင့် အပြာရောင်ဝတ်ဆင်ပြီး နှင်းဆီပန်းတွေလည်း ကိုင်ဆောင်ခဲ့ကြသလို ချီတက်ပွဲအတွင်း မြန်မာ့နွေဦးတော်လှန်ရေး ကိုရီးယားဘာသာ လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေခဲ့သည်။

ဓာတ်ပုံ – Phay Sist Naing၊ CJ

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ကျန်းမာရေးနဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အရေးကြီးအချက်အလက်တွေကို ICRC အနေနဲ့ အများပြည်သူ သိရှိနိုင်ဖို့ ပိုမိုပွင့်လင်းမြင်သာစွာ ထပ်မံထုတ်ပြန်ပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က တောင်းဆိုပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) တို့ တွေ့ဆုံမှုဟာ မျှော်လင့်ချက်တွေကို ယူဆောင်လာကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်းက ပြောကြားလိုက်ပြီး မိခင်နဲ့စကားပြောခွင့်၊ တွေ့ဆုံခွင့်အပြင် မိခင်နဲ့အတူ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးမျှော်လင့်နေကြောင်း အသိပေးပါတယ်။

သတင်း

ငါးနှစ်ကျော်အတွင်း မိခင်နဲ့ ပတ်သက်ပြီး အပြုသဘောဆောင်တဲ့ ပထမဆုံးတိုးတက်မှုဖြစ်ပြီး မိခင်အပါအဝင်နိုင်ကျဥ်းအားလုံးလွှတ်​ပေးရန် ကင်မ် ဆက်လက်​တောင်းဆို

သတင်း

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)နဲ့သာ​​ရွေးချယ်​တွေ့ဆုံခွင့်​ပေးခြင်းဟာ အကျဉ်းသားအဖြစ်သာ သဘောထားနေကြောင်း သိသာထင်ရှားစေ​တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေအသင်း(AAPP)ကထုတ်ပြန်ပါတယ် ။