Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ကျဉ်းများအားလုံးကို အမြန်ဆုံးလွှတ်ပေးဖို့ လွှတ်တော်ကိုယ်စားပြုကော်မတီတွေ ပူးတွဲတောင်းဆို

ကမ္ဘာ့ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွနိုင်ငံရေးအကျဉ်းသားများအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့ ပြည်နယ်နဲ့ ဖက်ဒရယ်ယူနစ်လွှတ်တော်တွေ၊ လွှတ်တော်ကိုယ်စားပြုကော်မတီတွေကဒီကနေ့ရက်စွဲနဲ့ ပူးတွဲသဘောထားထုတ်ပြန်လိုက်ပါတယ်။

EPA

ဇွန်-၁၇၊ ၂၀၂၅။ People’s Spring

ကမ္ဘာ့ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွနိုင်ငံရေးအကျဉ်းသားများအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့ ပြည်နယ်နဲ့ ဖက်ဒရယ်ယူနစ်လွှတ်တော်တွေ၊ လွှတ်တော်ကိုယ်စားပြုကော်မတီတွေကဒီကနေ့ရက်စွဲနဲ့ ပူးတွဲသဘောထားထုတ်ပြန်လိုက်ပါတယ်။

လာမယ့်ဇွန်လ ၁၉ရက်မှာကျရောက်တဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၀)ပြည့်နှစ် မွေးနေ့အထိမ်းအမှတ်အဖြစ် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်၊ တနင်္သာရီတိုင်းလွှတ်တော်၊ မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်၊ ရန်ကုန်တိုင်းလွှတ်တော်၊ ဧရာဝတီတိုင်းလွှတ်တော်၊ကချင်ပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ၊ ကယားပြည်နယ်လွှတ်တော်သုံးရပ်ကော်မတီ(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)၊ ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ၊ ချင်းပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီတို့က ထုတ်ပြန်လိုက်တာပါ။

“ကမ္ဘာ့ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အသက်၈၀ပြည့် မွေးနေ့မှသည် သက်တော်ရာကျော်ရှည်ပါစေကြောင်းနှင့် အမြန်ဆုံးလွတ်မြောက်ပါစေကြောင်း မွေးနေ့ဆုမွန်ကောင်း တောင်းအပ်ပါသည်”လို့ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်တပ်ရဲ့ဥပဒေမဲ့လုပ်ရပ်​တွေကြောင့်ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်စပြုနေတဲ့ နိုင်ငံတော်နဲ့ နိုင်ငံသူ နိုင်ငံသားတွေဟာ တောင်ပေါ်၊ မြေပြန့်၊ ကျေးလက်၊ မြို့ပြမကျန် နေရာဒေသ အစုံမှာ အထွေထွေအကြပ်အတည်းတွေကိုအဆိုးဝါးဆုံးရင်ဆိုင်ကြုံတွေ့နေရပြီး ပြည်ထောင်စုရဲ့ အနာဂတ်မှာလည်း မရေရာ၊ မသေချာမှုတွေနဲ့ အလွန်စိုးရိမ်ရတဲ့ အခြေအနေ ရောက်ရှိနေတယ်လို့ ပူးတွဲကြေညာချက်ပါ အဖွဲ့အစည်းတွေက ဆိုပါတယ်။

မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့လိုလားတောင့်တချက် သဘောထားဆန္ဒဖြစ်တဲ့ ဒီမိုကရေစီ ရှင်သန်ရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့မှာပြည်ထောင်စုရဲ့အနာဂတ်နိုင်ငံရေး လုပ်ငန်းစဉ်တစ်ရပ် ဖြစ်တယ်လို့ အလေးအနက် ယုံကြည်လက်ခံတယ်လို့လည်း ဖော်ပြပါတယ်။

ဒီမိုကရေစီရှင်သန်ရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် တိုင်းရင်းသားခေါင်းဆောင်တွေအပါအဝင် Key Stakeholders အားလုံး သဘောတူတဲ့ နိုင်ငံရေးအခင်းအကျင်းကို မဖြစ်မနေ အကောင်အထည်ဖော်ဆောင်ရမှာဖြစ်ပြီး အဲဒီ နိုင်ငံရေး အခင်းအကျင်းတရပ် ပေါ်ပေါက်ပြီးမှသာ အခြားသော နိုင်ငံရေးအစီအမံတွေကို ဆက်လက် ဆောင်ရွက်ရမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒီနေ့မှာ ကျရောက်တဲ့ အာဇာနည်နေ့ အခမ်းအနားကို စစ်ကောင်စီ ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို ယခင်နှစ်တွေနည်းတူ တက်ရောက်ခွင့် မပေးခဲ့တာကို စစ်ကောင်စီက ထုတ်လွင့်တဲ့ အာဇာနည်နေ့ အခမ်းအနား မြင်ကွင်းအရ သိရပါတယ်။

သတင်း

ပဲခူးတိုင်း ၊သာယာဝတီအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ကိုအောင်သူထက် ရိုက်နှက်ခံရပြီး တိုက်ပိတ်ခံထားရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဇူလိုင် ၁၆ ရက်က ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေး၊ အိုးဘိုအကျဉ်းထောင်မှာ ဖျားနာပြီး ဝမ်းလျောသူတွေ အလွန်များပြားနေပြီး ဆေးကုသခွင့်မရသလို ဆေးပေးခန်း‌မှာလည်း ဆေးမရှိဘူးလို့ နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တွေက ပြောပါတယ်။

သတင်း

"အသက်တွေကိုပိတ်မထားနဲ့ဖွင့်ပေး" ကမ်ပိန်းတွင် ချမ်းမြသာစည် မြို့နယ် အခြေခံပညာကျောင်းသားလူငယ်များ အစည်းအရုံး-အကလ ရဲဘော်များ က ဓာတ်ပုံလှုပ်ရှားမှုဖြင့် ပါဝင်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က အသိပေးသည်။

Facebook