Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ကျဉ်းများအားလုံးကို အမြန်ဆုံးလွှတ်ပေးဖို့ လွှတ်တော်ကိုယ်စားပြုကော်မတီတွေ ပူးတွဲတောင်းဆို

ကမ္ဘာ့ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွနိုင်ငံရေးအကျဉ်းသားများအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့ ပြည်နယ်နဲ့ ဖက်ဒရယ်ယူနစ်လွှတ်တော်တွေ၊ လွှတ်တော်ကိုယ်စားပြုကော်မတီတွေကဒီကနေ့ရက်စွဲနဲ့ ပူးတွဲသဘောထားထုတ်ပြန်လိုက်ပါတယ်။

EPA

ဇွန်-၁၇၊ ၂၀၂၅။ People’s Spring

ကမ္ဘာ့ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွနိုင်ငံရေးအကျဉ်းသားများအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့ ပြည်နယ်နဲ့ ဖက်ဒရယ်ယူနစ်လွှတ်တော်တွေ၊ လွှတ်တော်ကိုယ်စားပြုကော်မတီတွေကဒီကနေ့ရက်စွဲနဲ့ ပူးတွဲသဘောထားထုတ်ပြန်လိုက်ပါတယ်။

လာမယ့်ဇွန်လ ၁၉ရက်မှာကျရောက်တဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၀)ပြည့်နှစ် မွေးနေ့အထိမ်းအမှတ်အဖြစ် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်၊ တနင်္သာရီတိုင်းလွှတ်တော်၊ မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်၊ ရန်ကုန်တိုင်းလွှတ်တော်၊ ဧရာဝတီတိုင်းလွှတ်တော်၊ကချင်ပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ၊ ကယားပြည်နယ်လွှတ်တော်သုံးရပ်ကော်မတီ(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)၊ ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ၊ ချင်းပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီတို့က ထုတ်ပြန်လိုက်တာပါ။

“ကမ္ဘာ့ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အသက်၈၀ပြည့် မွေးနေ့မှသည် သက်တော်ရာကျော်ရှည်ပါစေကြောင်းနှင့် အမြန်ဆုံးလွတ်မြောက်ပါစေကြောင်း မွေးနေ့ဆုမွန်ကောင်း တောင်းအပ်ပါသည်”လို့ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်တပ်ရဲ့ဥပဒေမဲ့လုပ်ရပ်​တွေကြောင့်ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်စပြုနေတဲ့ နိုင်ငံတော်နဲ့ နိုင်ငံသူ နိုင်ငံသားတွေဟာ တောင်ပေါ်၊ မြေပြန့်၊ ကျေးလက်၊ မြို့ပြမကျန် နေရာဒေသ အစုံမှာ အထွေထွေအကြပ်အတည်းတွေကိုအဆိုးဝါးဆုံးရင်ဆိုင်ကြုံတွေ့နေရပြီး ပြည်ထောင်စုရဲ့ အနာဂတ်မှာလည်း မရေရာ၊ မသေချာမှုတွေနဲ့ အလွန်စိုးရိမ်ရတဲ့ အခြေအနေ ရောက်ရှိနေတယ်လို့ ပူးတွဲကြေညာချက်ပါ အဖွဲ့အစည်းတွေက ဆိုပါတယ်။

မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့လိုလားတောင့်တချက် သဘောထားဆန္ဒဖြစ်တဲ့ ဒီမိုကရေစီ ရှင်သန်ရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့မှာပြည်ထောင်စုရဲ့အနာဂတ်နိုင်ငံရေး လုပ်ငန်းစဉ်တစ်ရပ် ဖြစ်တယ်လို့ အလေးအနက် ယုံကြည်လက်ခံတယ်လို့လည်း ဖော်ပြပါတယ်။

ဒီမိုကရေစီရှင်သန်ရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် တိုင်းရင်းသားခေါင်းဆောင်တွေအပါအဝင် Key Stakeholders အားလုံး သဘောတူတဲ့ နိုင်ငံရေးအခင်းအကျင်းကို မဖြစ်မနေ အကောင်အထည်ဖော်ဆောင်ရမှာဖြစ်ပြီး အဲဒီ နိုင်ငံရေး အခင်းအကျင်းတရပ် ပေါ်ပေါက်ပြီးမှသာ အခြားသော နိုင်ငံရေးအစီအမံတွေကို ဆက်လက် ဆောင်ရွက်ရမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကနေဒါနိုင်ငံ၊ ဗန်ကူးဗား ဆာရီမြို့ရှိ ဟော်လန်ပန်းခြံမှာ ပြည်ပရောက်မြန်မာတွေ ပါဝင်တဲ့ BCSBC အဖွဲ့က ဦးဆောင်ပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းထောက်ခံရေးဆန္ဒပြပွဲနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး "FREE HER" ကမ်ပိန်းကို စက်တင်ဘာ ၁၉ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

မန္တလေးမြို့က ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဒိန်းဒေါင်(ခ)ဦးစိုးမိုးနိုင်ဟာ ဒီကနေ့မနက်မှာမြင်းခြံအကျဉ်းထောင်မှာ ကွယ်လွန်သွားတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။

သတင်း

အကျဉ်းထောင် ၁၃ခုမှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေဆီကနေ ငွေကြေး မတရားခေါင်းပုံဖြတ်တာနဲ့ ဆေးဝါးပေးပို့မှု ပိတ်ပင်ကန့်သတ်တာတွေ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်လုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။