Connect with us

Hi, what are you looking for?

သတင်း

ကန့်ဒေါင့်ရဲစခန်းကို အပြီးသတ်သိမ်းယူနိုင်ပြီလို့ PLA ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်၊ကန့်ဒေါင့်ရွာနယ်မြေရဲစခန်းကို ဒီနေ့မနက်ပိုင်းမှာ အပြီးသတ်သိမ်းယူနိုင်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက် ရေးတပ်မ တော်(PLA)ကထုတ်ပြန်လိုက်ပါတယ်။

PLA တပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-PLA

ဇွန်၁၉၊၂၀၂၅။ရှိန်း/People’s Spring

စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်၊ကန့်ဒေါင့်ရွာနယ်မြေရဲစခန်းကို ဒီနေ့မနက်ပိုင်းမှာ အပြီးသတ်သိမ်းယူနိုင်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက် ရေးတပ်မ တော်(PLA)ကထုတ်ပြန်လိုက်ပါတယ်။

မဟာမိတ်တပ်ပေါင်းစုနဲ့ PLAတပ် ပူးပေါင်းကာ ဇွန်လ၁၉ရက် နေ့၊ဒီနေ့မနက် ၆နာရီ ၄၀မိနစ်မှာ သိမ်းယူနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။အသေးစိတ်အချက်အလက်ကို တော့ထပ်မံထုတ်ပြန်သွားမယ်လို့ဆိုပါတယ်။

ကန့်ဒေါင့်ရွာနယ်မြေရဲစခန်းကိုဇွန်လ၂ရက်နေ့ကတည်းက ‌‌‌‌‌‌‌‌‌‌‌‌‌‌PLAတပ်ဖွဲ့က ဦးဆောင်တိုက်ခိုက် နေပြီး ဇွန် ၁၈ ရက်​​​နေ့အထိ စစ်တပ်က အနီးနားက အင်မထီးပျူစောထီးရွာက နေတဆင့် အင်အားတိုးဖို့လုပ် ဆောင်ခဲ့တယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင်မနေ့ကတိုက်ပွဲပြင်းထန်ချိန်မှာလည်း စစ်တပ်က လေယာဉ်နဲ့ တရစပ်ဗုံးကြဲတိုက်ခိုက်တာ တွေပြုလုပ်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေ ဆီကသိရပါတယ်။

ပြည်သူ့လွတ်မြောက်ရေးတပ်မ တော်(PLA)ဦး ဆောင်ပြီး ဇွန်လ၂ရက်နေ့က ပုလဲမြို့နယ် ၊ကန့်ဒေါင့်ရွာ နယ်မြေရဲစခန်းကို တိုက်ခိုက် နေတာပါ။ PLA က ကန့်​ဒေါင့်ရဲစခန်းကိုထိုးစစ်ဆင်တိုက်ခိုက်ချိန်မှာ အခြား​တော်လှန်​ရေးတပ်​တွေက စစ်တပ်ရဲ့စစ်ကူလာတဲ့ စစ်​ကြောင်း​တွေကို ဖြတ်​တောက်တိုက်ခိုက်​နေတာပါ ။

ကန်ဒေါင့်ရဲစခန်းဟာ ပုလဲမြို့ကနေ မကွေးတိုင်း ဂန့်ဂေါမြို့ကိုသွားတဲ့ လမ်းပိုင်းပေါ်မှာရှိပြီး ပုလဲမြို့နဲ့ (၁၄)မိုင်ကွာဝေးပါတယ်။ အဲဒီကျေးရွာက နယ်မြေရဲစခန်းကို စစ်ကောင်စီက တပ်စွဲပြီး အခိုင်အမာပြုလုပ်ထားတဲ့ စခန်းဖြစ်ကာ အင်အား ၁၀၀ခန့်ရှိနေတယ်လို့ PLAရဲ့ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ရဲစခန်းဟာ ကန့်​ဒေါင့်ရွာရဲ့အ ရှေ့ဘက်မှာရှိတာပါ။

ပုလဲမြို့နယ်ထဲက ပျူ​စောထီးရွာ​တွေထဲမှာအချက်အချကျလှတဲ့ စခန်းဖြစ်ပါတယ် ။ ဒါအပြင်ပုလဲမြို့နယ်က နာမည်ကြီး ပျူစောထီးရွာတွေဖြစ်တဲ့ အင်မထီး၊ဇီးဖြူ ကုန်းရွာ တွေနဲ့ တြိဂံပုံ တည်ရှိပြီး ဒီနယ် မြေကို တော်လှန်ရေး တပ်တွေ စိုးမိုးနိုင်ဖို့ အရေးပါတဲ့ စခန်းဖြစ်တယ်လို့ နယ်‌ မြေကျွမ်းကျင်သူ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌တွေဆီကသိရပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLA က အကြီးပိုင်းတာဝန်ရှိသူ အမျိုးသမီးရဲဘော်တစ်ဦးရဲ့ Facebook အကောင့်ကနေ စမ်းရေမိုးကိုပေးကဖို့ ဇာတ်မင်းသားချမ်းသာကို တောင်းဆိုထားတဲ့ မှတ်ချက်(Comment )စကရင်ရှူတစ်ခု လူမှုကွန်ရက်မှာ ​ပြန့်လာပါတယ်။ ကွန်မြူနစ်ရဲဘော်တစ်ယောက်က စစ်အာဏာရှင်လက်အောက်က စစ်တပ်အလိုကြဝါဒဖြန့်အသုံး​တော်ခံ​နေတဲ့ ဇာတ်မင်းသားကို အားပေးနေတာနဲ့ပတ်သက်ပြီး အွန်လိုင်း​ပေါ်မှာဝေဖန်ခဲ့ကြတယ်။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်မှာ ပြည်သူ့လွတ်မြောက် ရေးတပ်မ တော်(PLA )တပ်နဲ့ မြင်းခြံခရိုင်ကွပ်ကဲရေးတပ် ပဋိပက္ခဖြစ်စဉ်မှာ PLAတပ်ဖွဲ့ တွေထောင်ထားတဲ့ မိုင်းကြောင့် PDF ၄ဦး ကျဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်စစ်ရုံးချုပ်ကထုတ်ပြန်ပါတယ် ။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်ထဲက ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ အထိုင်စခန်း​တွေကို အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)လက်​အောက်ရှိ မြင်းခြံခရိုင် ကွပ်ကဲ​ရေးအဖွဲ့က အင်အား ၈၀ ခန့်ဖြင့် ဇွန် ၂၂ ရက်မှာ စီးနင်းခဲ့​ကြောင်း PLA ကထုတ်ပြန်ပါတယ် ။

သတင်း

​မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)က မကွေးတိုင်းအတွင်းမှာ ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ထိခိုက်သေဆုံးမှုရှိပြီး တိုက်ခိုက်ရေးဒရုန်းတစ်စင်းအပါအဝင် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ပါတယ်။