Connect with us

Hi, what are you looking for?

သတင်း

ရွှေဘို-မန္တလေးလမ်းမကြီးမှာ တိုက်ပွဲဖြစ်နေလို့ ကားအစီးရေ ရာချီ လေးရက်ကြာပိတ်မိနေ

စစ်ကိုင်းတိုင်း၊ရွှေဘို-မန္တလေးလမ်းမကြီးမှာ တိုက်ပွဲတွေဖြစ်ပွားနေလို့ ကားအစီးရေ ရာချီပိတ်မိနေကြောင်း ဒေသခံတွေက ပြောပါတယ်။

ရွှေဘို-မန္တလေးလမ်းပေါ်တွင် ကားများပိတ်မိနေစဥ်။ ဓာတ်ပုံ-​ဒေသခံ

ဇွန်-၂၀၊၂၀၂၅။ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ရွှေဘို-မန္တလေးလမ်းမကြီးမှာ တိုက်ပွဲတွေဖြစ်ပွားနေလို့ ကားအစီးရေ ရာချီပိတ်မိနေကြောင်း ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ဇွန်လ (၁၇)ရက်နေ့ကစပြီး ရွှေဘို-မန္တလေးလမ်းမကြီး၊ စစ်ကိုင်းနဲ့ ဝက်လက်မြို့နယ်ကြားထဲမှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ဒီကနေ့အထိ ကားအစီးရေ ရာချီပိတ်မိနေတာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

ရွှေဘို-မန္တလေးလမ်းပေါ်တွင် ကားများပိတ်မိနေစဥ်။ ဓာတ်ပုံ-​ဒေသခံ

“ဒီနေ့မနက်လည်းကားတွေပိတ်နေလို့ ကွင်းလမ်းတွေကနေ ပတ်သွားနေရတယ်။”လို့ မန္တလေးကနေ ရွှေဘိုသွားတဲ့ ကားသမားတဦးကဒီကနေ့ ဇွန်(၂၀)ရက် နေ့လယ်ပိုင်းက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ရွှေဘိုမှ မန္တလေးသွားမယ့် ခရီးသွားကားတွေကို ဆားတောင်မြို့အဝင်လမ်းကနေ ရက်အကန့်သတ်မရှိပိတ်ဆို့ထားကြောင်း၊ မန္တလေးမှ – ရွှေဘိုသွားမယ့်ကားတွေကိုတော့ ရုံးပင်ကန်ကျေးရွာကနေ စပြီး ပိတ်ဆို့ထားကြောင်း Phoenix Denfence Force အဖွဲ့က အသိပေးပါတယ်။

“ရွှေဘိုလမ်းကိုစစ်ကြောင်းထိုးလာတဲ့စကစနဲ့ တော်လှန်ရေးအဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်နေလို့ နက်ဖြန်လည်းဆက်ပိတ်နေဦးမှာပါပဲ။”လို့စစ်ကိုင်တိုင်းက စစ်ရှောင်တွေကို ကူညီနေသူတဦးကလည်းဇွန်လ (၁၉)ရက်က လူမှုကွန်ရက်ကနေ အသိပေးထားပါတယ်။

ကွင်းလမ်းအနေနဲ့အရာတော်-ထီးဆောင်းလမ်းပိုင်းနဲ့ ဝက်လက်အရှေ့ချမ်း ခရိုင်ချင်းဆက် အမှတ် (၃)လမ်းပိုင်းမှလည်း သွားလာလို့ရကြောင်း သိရပါတယ်။

အလားတူမုံရွာ-မန္တလေးလမ်းပိုင်းမှာလည်းစစ်ကောင်စီယာဥ်တွေဖြတ်သန်းသွားတိုင်း ကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်လေ့ရှိတာကြောင့် ကားတွေမကြာခဏ ပိတ်မိလေ့ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။