Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံနယ်မှာ လေကြောင်းတိုက်ခိုက် လို့ အရပ်သားသေဆုံး

မြန်မာနိုင်ငံအလယ်ပိုင်း မြင်းခြံ – မြို့သာလမ်းပိုင်းက ကျေးရွာအချို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ဗုံးကြဲခံရပြီးအရပ်သားထိခိုက်သေဆုံးမှု ရှိတယ်လို့ ဒေသတွင်းအခြေစိုက် တော်လှန်ရေးအဖွဲ့ထံကသိရပါတယ်။

၂၀၁၉ ခုနှစ်က မိတ္ထီလာတပ်နယ်(မုန်တိုင်) မှာ ပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်ခန်းမှာ ရုရှားထုတ် MiG -29 တိုက်လေယာဉ်နှစ်စင်းကိုတွေ့ရပုံ (ဓာတ်ပုံ - CINCDS)

ဇွန် – ၂၁ ၊၂၀၂၅ ၊ဆိုင်းမင်း/People’s Spring

မြန်မာနိုင်ငံအလယ်ပိုင်း မြင်းခြံ – မြို့သာလမ်းပိုင်းက ကျေးရွာအချို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ဗုံးကြဲခံရပြီးအရပ်သားထိခိုက်သေဆုံးမှု ရှိတယ်လို့ ဒေသတွင်းအခြေစိုက် တော်လှန်ရေးအဖွဲ့ထံကသိရပါတယ်။

ဇွန်လ ၁၈ ရက် မနက် ၁၁ နာရီခန့်က မြင်းခြံ – မြို့သာလမ်းပိုင်း မှာရှိတဲ့ နဘူးအိုင်ကျေးရွာ တောင်ဘက် က သိမ်ကုန်းကျေးရွာအနီး ဗုံးကြဲခံရတာပါ။

လေကြောင်းမတိုက်ခင် လက်နက်ကြီးနဲ့ အရင်ပစ်ခတ်တာဖြစ်ပြီး ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရွာထိပ်က ရေကန်မှာ ငါးမျှားနေတဲ့ အရပ်သား အမျိုးသား တစ်ဦးသေဆုံးခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

” တိုက်ပွဲမရှိဘူး လာပစ်တာ ၊ ဒဏ်ရာရတဲ့ ၃ဦးကတော့ မစိုးရိမ်ရပါဘူး “လို့ မြင်းခြံခရိုင်အတွင်းက တော်လှန်တပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

သေဆုံးသွားတဲ့အရပ်သား အမျိုးသားဟာ အသက် ၃၀ အရွယ်ဝန်းကျင်ရှိပြီလို့သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်ကို လက်နက်ကိုင်ဆန့်ကျင်တော်လှန်မှုအားကောင်းရာ မန္တလေးတိုင်း မြင်းခြံခရိုင် နွားထိုးကြီး ၊တောင်သာ ၊မြင်းခြံမြို့နယ်တွေထဲကကျေးရွာတွေအပြင် နယ်ချင်းထိစပ်နေတဲ့ ငါန်းဇွန်မြို့နယ် ၊ မလှိုင်မြို့နယ် ရှိ ရွာတွေကိုပါ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်တာ ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ လုပ်ဆောင်နေတာပါ။

စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်အချို့မှာတော့ တိုက်ခိုက်မှုပြုလုပ်တဲ့ ရွာတွေဟာ PDF တွေ ရှိတယ်လို့ စွပ်စွဲဝါဒဖြန့်တာတွေရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ(၁၅)တပ်ရင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘကကျောင်း)ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် KG တန်း ကလေးငယ် ၁ဦး သေဆုံးပြီး ကျောင်းသား၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က ပြောပါတယ်။

ဆောင်းပါး

စက်တင်ဘာ ၂၃ ရက်နေ့က မြင်းခြံမြို့ထဲက အဓိကလမ်းမကြီးပေါ်မှာ ဆိုင်ကယ်တွေ၊ ကားတွေနဲ့အတူ လူတွေ လှိုင်းလုံးထ စည်ကားနေတယ်။ ယာဥ်တွေရဲ့ရှေ့ဆုံးပေါ်မှာတော့ ဖျော်ဖြေရေးယာဥ်တွေ။ တီးဝိုင်းတွေ၊ အဆိုတော်တွေနဲ့ လှည့်လည်နေတယ်။ ကိုဗစ်ကတည်းက ရပ်နားလိုက်တဲ့ မြင်းခြံမြို့ရဲ့အထင်ကရ သုံးဆူဘုရားပွဲကို ဒီနှစ်မှာ ပြန်လည် ကျင်းပနေတဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာတရားစခန်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၁ဦးထပ်တိုးပြီး သေဆုံးသူ စုစုပေါင်း ၁၆ ဦးအထိ ရှိလာကြောင်း ဒေသခံတွေက ပြောပါတယ်။

Facebook