Connect with us

Hi, what are you looking for?

သတင်း

နောင်ချိုမြို့နယ်ကရွာခုနှစ်ရွာမှာတိုက်ပွဲ​ဖြစ်​နေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ကရွာ ခုနစ်ရွာမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ တအာင်းတပ်မတော်(TNLA)ကဒီကနေ့(ဇွန်လ ၂၁)မှာထုတ်ပြန်ပါတယ်။

တအာင်းတပ်မတော် -TNLAမှ ရဲဘော်တွေကို တိုက်ပွဲအတွင်း တွေ့ရစဉ်။ ဓာတ်ပုံ − TNLA

ဇွန်-၂၁၊၂၀၂၅/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ကရွာ ခုနစ်ရွာမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ တအာင်းတပ်မတော်(TNLA)ကဒီကနေ့(ဇွန်လ ၂၁)မှာထုတ်ပြန်ပါတယ်။

နောင်ချိုမြို့ကိုစစ်ကြောင်းထိုးလာတဲ့စစ်တပ်စစ်ကြောင်း သုံးခုလုံးနဲ့ တော်လှန်ရေးတပ်တွေဟာ ကျေးရွာခုနစ်ရွာမှာ တိုက်ပွဲဖြစ်ပွားနေတာပါ။

နောင်ချိုမြို့တောင်ဘက် တောင်းခမ်းဒေသကနေ စစ်ကြောင်းထိုးလာတဲ့တောင်းခမ်း-ကံကြီးလမ်းပိုင်းက စစ်ကောင်စီတပ်နဲ့ လက်ပန်ကုန်း၊ သရက်ကုန်းနဲ့ လုံဝယ်ကျေးရွာတို့မှာ တိုက်ပွဲဖြစ်ပွားနေပြီး တောင်းခမ်းကနေလာတဲ့ ကံကြီးရွာ အရှေ့ဘက်က တောင်းခမ်း – မဲပုတ် – နောင်ချိုလမ်းပိုင်းက စစ်တပ်နဲ့ ဉာဏ်တောနဲ့ရွှေသွန်းကျေးတွေမှာ တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ TNLAက ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ပြင်ဦးလွင်-ဝက်ဝံ-ဘန့်ဘွေး-နောင်ချိုလမ်းပိုင်းကလာတဲ့ စစ်​ကြောင်းနဲ့ အုမ္မသီးနဲ့ ဆမ္မဆယ်ကျေးရွာတွေမှာ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲတွေအတွင်းကိုစစ်ကောင်စီတပ်က လက်နက်ကြီး(၁၄၄)လုံးနဲ့ ဒရုန်းနဲ့ ဗုံး (၃၁)လုံး ကြဲချတိုက်ခိုက်ခဲ့နယ်လို့ အသိပေးထားပါတယ်။

ဇွန်လ ၂၀ရက် နံနက်က ကံကြီးရွာရဲ့ အရှေ့ဘက်က စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ ပိန္နဲကုန်းနဲ့ ဉာဏ်တော‌ကျေးရွာကြားမှာတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်တပ်ကလက်နက်ကြီး(၁၃)လုံးပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLAက ထုတ်ပြန်ပါတယ်။

နံနက် ၈နာရီခွဲအချိန်မှာလည်း သရက်ကုန်းကျေးရွာနဲ့ ကန်ကြီးကျေးရွာမှာ တိုက်ပွဲဖြစ်ပွားပြီး အဲဒီတိုက်ပွဲအတွင်းကို လက်နက်ကြီး(၂၀)လုံး၊ ဒရုန်းနဲ့ ဗုံး(၁၁)လုံး ကြဲချပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

ဒါ့အပြင် လက်ပန်ကုန်း‌ကျေးရွာနဲ့ လုံဝယ် ကျေးရွာ တိုက်ပွဲအတွင်းကိုလည်းစစ်တပ်ကလက်နက်ကြီး(၄၆)လုံးနဲ့ ဒရုန်းနဲ့ ဗုံး(၆)လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ရွှေသွန်းကျေးရွာတိုက်ပွဲကိုလည်း စစ်ကောင်စီတပ်က လက်နက်ကြီး(၅၃)လုံးနဲ့ ဒရုန်းနဲ့ ဗုံး(၁၅)လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြင်ဦးလွင်-ဝက်ဝံလမ်းပိုင်းက စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဆမ္မဆယ်ကျေးရွာနဲ့ အုမ္မသီးကျေးရွာမှာတိုက်ပွဲဆက်ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာနောင်ချိုထိုးစစ်အတွက် အင်အားအများအပြားပို့ဆောင်နေတယ်လို့ ပြင်ဦးလွင်မြို့ခံအချို့က ပြောပါတယ်။ ဒီကနေ့ (ဇွန်လ၂၁)မှာလည်း ပြင်ဦးလွင်မြို့ကနေ စစ်ကားတွေ အများအပြား နောင်ချိုဘက်သွားတယ်လို့ ပြောပါတယ်။

“မြို့ပတ်လည်မှာ လက်နက်ကြီးသံတွေကြားနေရတာတနေကုန်ပဲ။တိုက်ပွဲကပိုကြမ်းလာတယ်”လို့ နောင်ချိုမြို့ခံတစ်ဦးက ပြောပါတယ်။

နောင်ချိုမြို့နယ်မှာ နေရာအနှံ့တိုက်ပွဲဖြစ်နေပြီး စစ်မျက်နှာပြင်ကျယ်ပြန့်နေတယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ညီနောင်မဟာမိတ်သုံးဖွဲ့က ငလျင်ဒဏ်သင့်ပြည်သူတွေနဲ့ လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နိုင်ဖို့အတွက် တိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေကို ထိုးစစ်ဆင်မှာမဟုတ်ဘဲ တဖက်သတ်အပစ်ရပ်ကာလကို ဇွန်လကုန်အထိ့ထပ်တိုးထားနေစဉ်မှာ စစ်ကောင်စီတပ်က အခွင့်ကောင်းယူပြီး အဆက်မပြတ်ထိုးစစ်ဆင်နေတာကြောင့် နောင်ချိုမြို့နယ်မှာ တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေတယ်လို့ TNLAရဲ့က ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၉လက်နဲ့ စစ်သုံ့ပန်း ၄ဦးဖမ်းမိဟု PDF ထုတ်ပြန်

သတင်း

ရွှေကူမြို့ထဲပါတိုက်ပွဲဖြစ်လာပြီး စစ်တပ်စစ်ကြောင်းမှာပါတဲ့ ရဲတွေနဲ့ စစ်မှုထမ်းသင်တန်းဆင်း စစ်သားသစ်တွေ ထွက်ပြေးသွားကြသလို KIA ၊KPDF ထံအလင်းဝင်သူအချို့လည်းရှိတယ်လို့မြေပြင်စစ်​ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။