Connect with us

Hi, what are you looking for?

သတင်း

စက်သုံးဆီ​ဈေး ၁ လီတာ ကျပ်၁၀၀ ​ကျော်တက်၊ ရွှေနှင့် ​ဒေါ်လာလည်း​ဈေးအတက်တွင်ရှိ​နေ

ပြည်တွင်း စက်သုံးဆီတစ်လီတာကျပ်၁၀၀ကျော်စျေးခုန်တက်ပြီးရွှေစျေးလည်းတစ်ကျပ်သား သိန်း ၈၀ ကျော်နေဆဲဖြစ်သည်။

ဇွန်-၂၁၊၂၀၂၅။ရဲခေါင်/People’s Spring

ပြည်တွင်း စက်သုံးဆီတစ်လီတာကျပ်၁၀၀ကျော်စျေးခုန်တက်ပြီးရွှေစျေးလည်းတစ်ကျပ်သား သိန်း ၈၀ ကျော်နေဆဲဖြစ်သည်။

အစ္စ​ရေး-အီရန်စစ်ရေးပဋိပက္ခများကြောင့် ကမ္ဘာ​ရွှေ နှင့် ရေနံ စျေးများသည် ဆက်တိုက်တက်​နေ​သောအကျိုးဆက်ကြောင့်ပြည်ပမှတင်သွင်း​သော စက်သုံးဆီးစျေးမြင့်တက်​နေသည်။ထို့အပြင်ကျပ်ငွေ အစားထိုး ရွှေ နှင့် ဒေါ်လာ ဝယ်လိုသူနှင့်စု ဆောင်သူလည်း များလာသည်။

ယနေ့(ဇွန်လ ၂၁ ရက်)နေ့ ရန်ကုန်တွင်စက်သုံးဆီတရားဝင်အရောင်းဆိုင်များ၏ရည်ညွှန်းစျေးတွင် ဓါတ်ဆီ၉၂ တစ်လီတာလျင် ၂,၉၆၀ကျပ်၊ ၉၅ တစ်လီတာလျင် ၃,၀၃၀ ကျပ်၊ဒီဇယ်တစ်လီတာလျင်ကျပ် ၂,၅၀၀ နှင့် ပရီမီယံ ဒီဇယ်တစ်လီတာ ကျပ် ၃,၁၀၀ နှုန်းစစ်​ကောင်စီကသတ်မှတ်သည်။

Public Service Announcement

Public Service Announcement

ထိုဈေးနှုန်းသည် (ဇွန်လ ၁၉ ရက်)စျေးနှင့် နှိုင်းယှဉ်ပါက ၉၂ တစ်လီတာ ကျပ် ၁၁၀ နှင့် ၉၅ တစ်လီတာ ၁၁၅ ကျပ် မြင့်တက်ခဲ့ပြီး ဒီဇယ်တစ်လီတာ ကျပ် ၉၀ နှင့် ပရီမီယံဒီဇယ်တစ်လီတာ ကျပ် ၁၁၀ စျေးတက်လာခဲ့ခြင်းဖြစ်သည်။

“ကမ္ဘာ့ရေနံစျေးကွက်စျေးတက်နေဆဲပါပဲ။အစ္စရေး- အီရန် အခြေအနေထပ်တင်းမာလာရင်ဒီထက်စျေးပိုတတ်လာနိုင်တယ်”ဟုရေနံစျေးကွက်လေ့လာနေသူတစ်ဦးက ပြောသည်။

ထို့ကြောင့် ပြည်ပမှတင်သွင်းနေရသည့် ပြည်တွင်းစက်သုံးဆီစျေးမှာလည်း အတက်သာ ရှိနိုင်ကြောင်း၎င်းက ခန့်မှန်းသည်။

ထို့အတူ ပြည်တွင်းရွှေစျေး ၁၆ ပဲရည်တစ်ကျပ်သား စျေးနှုန်းမှာလည်း ယနေ့(ဇွန် ၂၁ ရက်)ညနေပိုင်းစျေးကွက်ပိတ်ချိန်ထိ အရောင်း ၈,၀၄၀,၀၀၀ ကျပ်နှင့်အဝယ် ၇,၉၆၀,၀၀၀ ဝန်းကျင်ရှိကြောင်း ရွှေအရောင်းအဝယ်ပြုလုပ်နေသူအချို့က ပြောသည်။

“ရွှေဆိုင်တွေကတော့ အခုအတက်စျေးနီးပါးနဲ့ ပြန်ဝယ်နေကြတာရှိတယ်။ဒါပေမယ့် မရောင်းကြဘူး။အပြင်စျေးကွက်မှာတော့ ၈၀ ပါးပါးနဲ့ အကိုင်၊အလွှတ်ရှိ တယ်။ရွှေဆိုတာ အကျမှမရှိတာအတက်ကြီးပဲလေ။ဒီ လေးနှစ်အတွင်းစျေးထိုးတက်နေတာက မြန်မာငွေ အရမ်းဖောင်းပွတာကြောင့်ပါတယ်”ဟု ရွှေအရောင်း အဝယ်ပြုလုပ်နေသူတစ်ဦးက ၎င်း၏ အမြင်ကိုရှင်းပြသည်။

ရွှေစျေးတည်ငြိမ်ကျဆင်းရေးအတွက်ရွှေဆိုင်များဆက်လက်ဖွင့်လှစ်ထားနိုင်သော်လည်း အခေါက်ရွှေများရောင်းဝယ်ခြင်းမလုပ်ရန်နှင့် ရွှေလှော်ဖို(ရွှေသန့်စင်ဖို)လုပ်ငန်းများရပ်ထားရန် ရွှေလုပ်ငန်းရှင်များအသင်းကိုစစ်ကောင်စီကညွှန်ကြားထားသည်။

စစ်ကောင်စီထိန်းချုပ်မှုအောက်ရှိနေသည့် ရွှေလုပ်ငန်း ရှင်အသင်းက ၁၆ ပဲရည်တစ်ကျပ်သား ၅၉ သိန်း ကျပ်ဖြင့်ဇွန် ၂၁ရက်တွင် စျေးဖွင့်ထားသည်။ထိုစျေးဖြင့် မည်သည့် ရွှေဆိုင်မှ အရောင်း၊အဝယ်မပြုလုပ်ပေ။

စစ်ကောင်စီလက်ထက် ဖုံးကွယ်ထားသော စစ်ရေးအသုံးစရိတ်နှင့် စုစုပေါင်းပြည်တွင်းအသားတင်ထုတ်ကုန် (GDP)တွင်နှစ်စဥ်လိုငွေပြမှုအပါအဝင် တိုးမြင့်လာသော ပြည်ပချေးငွေကို ကျားကန်ပေးနေရသည့် ဗဟိုဘဏ် က ဒေါ်လာချုပ်ကိုင်မှုသာလျှင် မြန်မာ့စီးပွားရေး နှင့် အခြေခံလူထုကို ပိုမိုမွန်းကြပ်လာစေကြောင်း စီးပွား ရေးလုပ်ငန်းရှင်အချို့က ​ပြောသည်။

ပြည်ပသွင်းအားစုကို မှီခိုနေရသည့်အပြင် အချိန်မရွေး မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့နိုင်သည့် အခြေအနေကြောင့် ဒေါ်လာငွေလဲနှုန်းသည်လည်း ယခင်တစ်ဒေါ်လာ ၄,၄၇၀ ကျပ်မှ ယခု ၄,၅၅၀ ကျပ်ဖြင့်အတက်​ဈေးတွင်သာရှိနေသည်။

စစ်ကောင်စီ၏ ဗဟိုဘဏ်က ဒေါ်လာစျေးကစားသူများနှင့် လုပ်ငန်းလိုင်စင်မရှိဘဲ နိုင်ငံခြား ငွေ ဝယ်ယူ၊ ရောင်းချ နှင့် လဲလှယ်သူများကို အရေးယူမည်ဟု ဇွန်လ ၁၂ ရက်က စာထုတ်ပြန်၍ ခြိမ်းခြောက်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

လွှတ်တော်ဆီက ခွင့်ပြုချက်ရရင် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ပုံ ရိုက်နှိပ်ထားတဲ့ ဒေါ်လာ ၂၅၀ တန် ငွေစက္ကူ အသစ်တွေ ထုတ်ဝေလာနိုင်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြောပါတယ်။

ဆောင်းပါး

အသုပ်စုံ ဆိုတာနဲ့ မိတ်ဆွေတို့က ခေါက်ဆွဲ၊ကြာဇံ၊တို့ဟူး၊အာလူး စတဲ့အရာတွေကို ရောထွေးပြီး သုပ်ထားတဲ့ စားစရာလို့ မြင်မိကြမှာပါ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စက်သုံးဆီဆိုင်အချို့ ခွဲတမ်းအတိုင်း ရောင်းချမပေးလို့ဆိုပြီး စက်သုံးဆီဝယ်ယူသူတွေနဲ့ အငြင်းပွားမှုတွေဖြစ်ပွားနေကြောင်း ဒေသခံတွေက ပြောပါတယ်။