Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာညဘက် လမ်းပေါ်ထွက်တဲ့လူငယ်တွေကို စစ်တပ်က ပြန်ဖမ်းလာ

မန္တလေးမြို့မှာ စစ်ကောင်စီတပ်က ညဘက် လမ်းပေါ်ထွက်တဲ့ လူငယ်တွေကို စစ်မှုထမ်းဖို့ ပြန်လည် ဖမ်းဆီးလာကြောင်းမြို့ခံတွေကပြောပါတယ်။

မန္တလေးမြို့ပေါ်မှ စစ်ဆေးနေတဲ့ စစ်သား​တွေကို တွေ့ရစဥ်။ ဓာတ်ပုံ-CJ

ဇွန်-၂၅၊၂၀၂၅။မေရီ/People’s Spring

မန္တလေးမြို့မှာ စစ်ကောင်စီတပ်က ညဘက် လမ်းပေါ်ထွက်တဲ့ လူငယ်တွေကို စစ်မှုထမ်းဖို့ ပြန်လည် ဖမ်းဆီးလာကြောင်းမြို့ခံတွေကပြောပါတယ်။

မန္တလေးမှာငလျင်ကြီးလှုပ်ခတ်ပြီးနောက် လူငယ်​တွေကိုဖမ်းဆီးတာတွေ အနည်းငယ် အရှိန်လျော့သွားခဲပေမယ့် အခုအခါ ညဘက်ထွက်တဲ့လူငယ်တွေကို စစ်မှုထမ်းဖို့ ပြန်လည်ဖမ်း​ဆီးလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇွန်လ တတိယပတ်ထဲကပဲ မန္တလေးမြို့လယ်၊ ဘူတာကြီးအနောက်ဘက် ၃၂ လမ်းပေါ်မှာရှိတဲ့ စားသောက်ဆိုင်တဆိုင်က ဝန်ထမ်း ၃ ဦးကို ည ၁၀ နာရီကျော် လမ်းဘေးထိုင်နေလို့ဆိုပြီး စစ်မှုထမ်းဖို့ ဖမ်းဆီးသွားကြောင်းဒေသခံတချို့ကပြောပါတယ်။

Public Service Announcement

Public Service Announcement

“ညအစောကြီးရှိသေးတယ်။ဆိုင်ရှေ့တင်ဖုန်းသုံးနေကြတာ။ အဲဒါကို ကားတွေနဲ့ပတ်နေတုန်း တွေ့ပြီး ဖမ်းသွားတာ။”လို့ တွေ့မြင်လိုက်တဲ့ အမျိုးသမီးတဦးက ပြောပါတယ်။

ဖမ်းဆီးခေါ်ဆောင်သွားခံရတဲ့လူငယ်တွေကို ဘယ်ကိုပို့ဆောင်ထားတယ်ဆိုတာ မသိရသေးပါဘူး။

ဒါ့အပြင် စစ်ကောင်စီက နေ့ခင်းပိုင်းမှာလည်း ဆိုင်ကယ်လိုင်စင် နဲ့ ယာဥ်မောင်းလိုင်စင်တွေကို စစ်ဆေးတာကိုအ​ကြောင်းပြပြီး လူကိုပါ ဖမ်းဆီးခေါ်ဆောင်နေတယ်လို့ မြို့ခံတွေက ပြောပြပါတယ်။

စစ်ကောင်စီဟာ ရန်ကုန်၊ မန္တလေး မြို့ကြီးတွေအပြင် ၎င်းတို့အာဏာသက်ရောက်ရာ ဒေသတွေမှာ အ​ကြောင်းပြချက်မျိုးစုံနဲ့ လူငယ်​တွေကိုဖမ်းပြီး စစ်မှုထမ်း တပ်သားသစ်တွေကို ရှေ့တန်းတွေအထိ ပို့ဆောင်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။