Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်မြို့အနီးတိုက်ပွဲပြင်းထန်နေ

ကချင်ပြည်နယ်၊ဖားကန့်မြို့အနီးတွင် ယ​နေ့ညနေပိုင်း၌ တိုက်ပွဲများ ပြင်းထန်နေကြောင်းဒေသခံ အချို့က ပြောသည်။

KIA တပ်ဖွဲ့ဝင်များ (ပုံ​ဟောင်းဖြစ်ပါသည်)။ဓါတ်ပုံ-CJ

ဇွန်-၂၅၊၂၀၂၅။ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ဖားကန့်မြို့အနီးတွင် ယ​နေ့ညနေပိုင်း၌ တိုက်ပွဲများ ပြင်းထန်နေကြောင်းဒေသခံ အချို့က ပြောသည်။

ဖားကန့်မြို့အနီး အင်မာယာန်ဒေသသို့ စစ်တပ်က စစ်ရေးလှုပ်ရှားလာ၍ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်​နေခြင်းဖြစ်သည်ဟု ဆိုသည်။

“ဖားကန့် တိုက်ပွဲပြင်းထန်နေတယ်။အမှိုက်ပုံ(ရတနာမြေစာ)နဲ့ အင်မာယာန်သုဿာန် ကြား။ စစ်ကြောင်းက အင်မာယာန်ဘက်စထိုးလာလို့ထိတွေ့မှု ဖြစ်တာ။ တွေနေတုန်း။ ဖားကန့်မြို့နဲ့နီးတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

ဖားကန့်မြို့ခံတဦးကလည်း အင်မာယာန်ဘက်၌ ပစ်ခတ်သံများ ကြားနေရဆဲဖြစ်ကြောင်း ဇွန် ၂၅ ရက်ညပိုင်း၌ ပြောသည်။

စစ်ကောင်စီတပ် ၏ စစ်ရေးလှုပ်ရှားမှုများကြောင့် အင်မာယာန်ဒေသနေပြည်သူများ ဂရုစိုက်ကြရန် ကချင်သတင်းရင်းမြစ်အချို့ကဇွန် ၂၄ ရက်ကတည်းက သတိပေးထားသည်။

စစ်ကောင်စီတပ် နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်များကဖားကန့်ဒေသပြန်လည်စိုးမိုးနိုင်ရေးစစ်ကြောင်းထိုးနေ၍ လုံးခင်း၊မှော်စီစာ အပါအဝင် ဖားကန့်မြို့အနီးတ၀ိုက်နေရာဒေသများ၌ မေလကုန်ပိုင်းမှစ၍ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။

ဖားကန့်မြို့နယ်ကာမိုင်း-ဖားကန့်လမ်းတွင်လည်း စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားလာ၍ ယခုရက်ပိုင်းအတွင်း KIAနှင့် စစ်ကောင်စီအကြား တိုက်ပွဲများမကြာခဏ ဖြစ်ပွားလျက်ရှိသည်ဟု သတင်းရင်းမြစ်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

အမြန်လမ်းက တောင်ငူ - အုတ်တွင်းမြို့လမ်းပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

Facebook