Connect with us

Hi, what are you looking for?

သတင်း

ပြည်တွင်းစက်သုံးဆီ​ဈေးဆက်တက် ၊နှစ်ပါတ်အတွင်း တစ်လီတာ ၃၅၀ ကျပ်​ဈေးတက်

ပြည်တွင်းစက်သုံးဆီစျေး မှာ စစ်​ကောင်စီ၏တရားဝင်သတ်မှတ်ချက်အရပင် ဇွန်လ​နောက်ဆုံးပါတ်တွင် တစ်လီတာ ကျပ် ၂၀၀ ကျော် စျေးထပ်တက်လာပြီး နှစ်ပါတ်အတွင်း တစ်လီတာ ၃၅၀ ​ကျပ်ဈေးတက်လာသည်။

၂၀၂၄ စက်တင်ဘာလက ရန်ကုန်မြို့ရှိ စက်သုံးဆီအ​ရောင်းဆိုင်ကို​တွေ့ရစဥ်။ဓါတ်ပုံ-People's Spring

ဇွန်-၂၇၊၂၀၂၅။ရဲ​ခေါင်/People’s Spring

ပြည်တွင်းစက်သုံးဆီစျေး မှာ စစ်​ကောင်စီ၏တရားဝင်သတ်မှတ်ချက်အရပင် ဇွန်လ​နောက်ဆုံးပါတ်တွင် တစ်လီတာ ကျပ် ၂၀၀ ကျော် စျေးထပ်တက်လာပြီး နှစ်ပါတ်အတွင်း တစ်လီတာ ၃၅၀ ​ကျပ်ဈေးတက်လာသည်။

စစ်​ကောင်စီ၏ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကောမတီကဇွန် ၂၇ ရက်တွင်သတ်မှတ်​သော ရည်ညွှန်းစျေးများမှာ ဓာတ်ဆီ ၉၂ တစ်လီတာ ၃,၁၄၀ကျပ်၊၉၅တစ်လီတာ၃,၂၁၀ကျပ် ၊ဒီဇယ် တစ်လီတာ ၂,၇၃၀ကျပ်၊ပရီမီယံဒီဇယ် တစ်လီတာ ကျပ် ၃,၃၈၅ကျပ် ဖြစ်သည်။

ထိုစျေးများသည်ဇွန် ၂၆ ရက်နှင့်နှိုင်းယှဥ်ပါက တစ်လီတာ ကျပ် ၂၀၀ ကျော်စီ တက်လာခဲ့ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

ပြည်ပသွင်းကုန် စက်သုံးဆီသည် ဇွန်လ ဒုတိယပတ်က အရှေ့အလယ်ပိုင်းဒေသ အစ္စရေး-အီရန်စစ်ပွဲကြောင့် ကမ္ဘာ့ရေနံစျေးတက်ခဲ့ပြီးပြည်တွင်းစက်သုံးဆီစျေးသည် ဇွန်လ ၁၂ ရက်ကစ၍ စျေးခဲ့သည်။

သို့သော် နှစ်ဖက်စစ်ပွဲ ရပ်နားသွားချိန်တွင် ကမ္ဘာ့ရေနံစျေးမှာ အကျဘက်ရောက်နေပြီဖြစ်သော်လည်းပြည်တွင်းစက်သုံးဆီစျေးသည်ဆက်လက်မြင့်တက်နေကြောင်း စက်သုံးဆီစျေးကွက် စောင့်ကြည့်​လေ့လာ​နေသူတစ်ဦးက​ပြောသည်။

“ကမ္ဘာ့ရေနံစျေးကစစ်မဖြစ်မီကစျေးထက်တောင် ပိုကျနေတယ်။ပြည်တွင်းသတ်မှတ်စျေးကတော့ နှစ်ပတ်အတွင်းကို တစ်လီတာ ကျပ် ၃၅၀ လောက် စျေးတက်တာ။အတက်စျေး မိသွားလို့လား။ဒါမှမဟုတ်ဒေါ်လာစျေးတက်လို့လားဆိုတာတော့ သက်ဆိုင်သူတွေပဲပြောရမယ်ထင်တယ်။စျေးတက်၊စျေးကျတာကိုတော့ စက်သုံးဆီကော်မတီကရှင်းပြဖို့ သင့်တယ်”ဟု ၎င်းက ပြောသည်။

ပြည်ပသွင်းအားစုကို မှီခိုနေရသည့်အပြင် အချိန်မရွေး မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့နိုင်သည့် အခြေအနေကြောင့် ဒေါ်လာငွေလဲနှုန်းသည်ဇွန်လ ပထမပတ်ကစ၍အတက်စျေးသို့ဦးတည်နေသည်။လက်ရှိ ငွေလဲနှုန်းအရ တစ်ဒေါ်လာလျှင် အဝယ် ၄,၅၀၀ ကျပ်နှင့် အရောင်း ၄,၆၀၀ ခန့် ရှိသည်။

စစ်ကိုင်းငလျင်​ကြောင့် နိုင်ငံ့စီးပွားရေးကို ကြီးမားစွာထိခိုက်​စေခဲ့ခြင်း၊ အာဏာသိမ်းစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO က စစ်​​ကောင်စီ နှင့် မြန်မာနိုင်ငံကို အရေးယူရန်အတည်ပြုခြင်း ၊စစ်​ကောင်စီ၏ စီမံခန့်ခွဲမှုအလွဲများ ၊ လူငယ်များကို စစ်သားသစ်အဖြစ် အဓမ္မစု​ဆောင်းမှုတို့​ကြောင့် လူငယ်များနိုင်ငံမှ ၊လုပ်ငန်းခွင်မှ ထွက်​ပြေးကြရပြီး လုပ်သားအင်အားစုများဆုံးရှုံးခြင်း ၊​ငွေ​ကြေး​ဖောင်းပွခြင်းစ​သည့်အ​ကြောင်းအရင်းမျိုးစုံ​ကြောင့် မြန်မာ့စီးပွားရေး မှာ အကြပ်အတည်းပေါင်းစုံဖြစ်လာနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်အချို့က​​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

အသုပ်စုံ ဆိုတာနဲ့ မိတ်ဆွေတို့က ခေါက်ဆွဲ၊ကြာဇံ၊တို့ဟူး၊အာလူး စတဲ့အရာတွေကို ရောထွေးပြီး သုပ်ထားတဲ့ စားစရာလို့ မြင်မိကြမှာပါ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စက်သုံးဆီဆိုင်အချို့ ခွဲတမ်းအတိုင်း ရောင်းချမပေးလို့ဆိုပြီး စက်သုံးဆီဝယ်ယူသူတွေနဲ့ အငြင်းပွားမှုတွေဖြစ်ပွားနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်တွင်းစက်သုံးဆီဈေး သုံးပတ်ဆက် ဈေးကျပေမယ့် ဈေးနှုန်းက သိသိသာသာလျော့နည်းသွားတာတော့ မရှိသေးဘူးလို့ ယာဉ်ပိုင်ရှင်တွေက ပြောပါတယ်။