Connect with us

Hi, what are you looking for?

သတင်း

“မင်းတို့စစ်ဖိနပ်အောက်မှာငါဘယ်တော့မှဒူးထောက်မှာမဟုတ်ဘူးကွ”စာသားနဲ့စစ်ကိုင်းမှာ ဆန္ဒပြ

စစ်ကိုင်းတိုင်းအတွင်းသပိတ်အဖွဲ့တွေ၊ဒေသခံပြည်သူတွေက ဒီကနေ့ (ဇွန်လ ၂၈)မှာ “မင်းတို့စစ်ဖိနပ်အောက်မှာငါဘယ်တော့မှဒူးထောက်မှာမဟုတ်ဘူးကွ”စာသားနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြတဲ့သပိတ်လှုပ်ရှားမှုတွေပြုလုပ်ခဲ့ကြပါတယ်။

ဇွန်-၂၈၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်းသပိတ်အဖွဲ့တွေ၊ဒေသခံပြည်သူတွေက ဒီကနေ့ (ဇွန်လ ၂၈)မှာ “မင်းတို့စစ်ဖိနပ်အောက်မှာငါဘယ်တော့မှဒူးထောက်မှာမဟုတ်ဘူးကွ”စာသားနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြတဲ့သပိတ်လှုပ်ရှားမှုတွေပြုလုပ်ခဲ့ကြပါတယ်။

ယင်းမာပင်မြို့နယ်မှာ နောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေးသပိတ်က ဒီမိုကရေစီအရေးတိုက်ပွဲဝင်ရင်း စစ်အာဏာရှင်တွေရဲ့ ကြိုးပေးကွပ်မျက်ခြင်းခံခဲ့ရတဲ့ ချင်းအမျိုးသားကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးရဲ့ နောက်ဆုံးအချိန် ကြိုးစင်ပေါ်ကရဲရဲတောက်ပြောကြားခဲ့တဲ့ “မင်းတို့စစ်ဖိနပ်အောက်မှာ ငါ ဘယ်တော့မှ ဒူးထောက်မှာမဟုတ်ဘူးကွ” အဆိုအမိန့်ကို ကိုင်စွဲပြီး ဆန္ဒပြခဲ့ပါတယ်။

ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း ရွာပေါင်းစုံသပိတ်စစ်ကြောင်းဟာအကြမ်းဖက် စစ်တပ်ရဲ့ ပစ်ခတ်ဖြိုခွင်းရာမှာ ကျဆုံးခဲ့သော ရဲဘော်ဖိုးချမ်းကျဆုံးခြင်း၄နှစ်၃လပြည့်အဖြစ်အလေးပြုခြင်း အခမ်းအနားကို ပြုလုပ်ခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ဆားလင်းကြီးမြို့နယ်မှာလည်း လက်ပံတောင်းတောင်ဒေသ သပိတ်အင်အားစုက ဦးဆောင်ပြီး “မင်းတို့စစ်ဖိနပ်အောက်မှာ ငါ ဘယ်တော့မှ ဒူးထောက်မှာမဟုတ်ဘူးကွ” ဆိုတဲ့ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးရဲ့ အဆိုအမိန့်ကို ကိုင်ဆောင်ကာ ချီတက်ဆန္ဒပြခဲ့ပါတယ်။

ဒါ့အပြင်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး၊ တရားမဝင်အတုအယောင်ရွေးကောက်ပွဲ အလိုမရှိ၊ စစ်အာဏာရှင်စနစ် ကျရှုံးရေး ကြွေးကြော်သံတွေနဲ့ သပိတ်လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်းမှာတော်လှန်ပြည်သူတွေကနယ်မြေမငြိမ်သက်မှုကြားထဲကနေ အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေကို နေ့စဉ်ပြုလုပ်နေပါတယ်။

ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်၊ လက်ပံတောင်းသပိတ်

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ကနီမြို့နယ်မှာ သပိတ်အင်အားစုနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး ရွှေဝါရောင်တော်လှန်ရေး (၁၉)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှု စက်တင်ဘာ ၁၈ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ စစ်ကောင်စီ သံရုံးရှေ့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြပွဲ စက်တင်ဘာ ၁၅ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် မြေပဲနှုတ်နေတဲ့ တောင်သူ ၁ ဦး သေဆုံးခဲ့ပါတယ်။