Connect with us

Hi, what are you looking for?

သတင်း

ဧရာဝတီမှစစ်စခန်းအချို့ AAနှင့်ပူးပေါင်းတပ်သိမ်းပိုက်

ဧရာဝတီတိုင်း၊မြန်အောင်ခရိုင်၊အင်္ဂပူမြို့နယ်မှ စစ်ကောင်စီတပ်စွဲထားသည့်ကျေးရွာအချို့ကိုအာရက္ခတပ်တော် (AA ) နှင့် ပူးပေါင်းတပ်များကတိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းသတင်းရရှိသည်။

၂၀၂၅ နှစ်ဆန်းပိုင်းက ရက္ခိုင် နှင့် ဧရာဝတီတိုင်းအစပ်တိုက်ပွဲများတွင် AA တပ်ဖွဲ့ဝင်များကို​တွေ့ရစဥ်။ဓါတ်ပုံ-AA Infodesk

ဇွန်-၃၀၊၂၀၂၅။မိထက်/People’s Spring

ဧရာဝတီတိုင်း၊မြန်အောင်ခရိုင်၊အင်္ဂပူမြို့နယ်မှ စစ်ကောင်စီတပ်စွဲထားသည့်ကျေးရွာအချို့ကိုအာရက္ခတပ်တော် (AA ) နှင့် ပူးပေါင်းတပ်များကတိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းသတင်းရရှိသည်။

တိုက်ပွဲများပြင်းထန်နေသည့်လေးမျက်နှာမြို့နယ်နှင့် ဆက်စပ်နေသောကျေးရွာများ ၌ တပ်စွဲထားသည့် စစ်တပ်စခန်းများကို ဇွန်လဆန်းတွင် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ယခုရက်ပိုင်း၌ နေ့ရောညပါ တိုက်ပွဲများပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီးနောက် ဇွန်လ၂၉ရက်ညနေပိုင်းတွင် စခန်းသုံးခုထက်မနည်းသိမ်းယူလိုက်ခြင်းဟု စစ်​ရေးသတင်းရင်းမြစ်အချို့က​ပြောသည်။

ဧရာဝတီတိုင်းအခြေစိုက် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက” စစ်တပ်ဘက်ကသေတာတွေအများကြီးရှိတယ်။ လက်နက်တွေလည်းအများကြီးရထားတယ်” ဟုပြောသည်။

Public Service Announcement

Public Service Announcement

AA နှင့် ပူးပေါင်းတပ်များသိမ်းယူလိုက်သည့် ‌နေရာသည် ဟင်္သာတခရိုင်၊ ကွင်းကောက်မြို့ရှိ စစ်ကောင်စီတန်းမြင့်လေ့ကျင်းရေးကျောင်း တတက(၅) နှင့်လည်း မိုင်အနည်းငယ်သာကွာဝေးသည်ဟုသိရသည်။

စခန်းသိမ်းတိုက်ပွဲနှင့်ပတ်သက်၍ AAကသတင်းမထုတ်ပြန်သေးပေ။

AAနှင့် ပူးပေါင်းတပ်များသည် ပြီးခဲ့သည့် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလက ဖြစ်ပွားသောတိုက်ပွဲများအတွင်း ရွှေသောင်ယံမြို့၊သာပေါင်းမြို့တို့မှ စစ်တပ်စခန်းအချို့ကိုလည်း သိမ်းပိုက်ခဲ့သည်။

စစ်ကောင်စီတပ် နှင့် AA ဦး​ဆောင်​သောပူးပေါင်းတပ်များကြား ဧရာဝတီတိုင်းအတွင်းရှိ ရေကြည်မြို့နယ်၊ လေးမျက်နှာမြို့နယ်၊ အင်္ဂပူမြို့နယ်တို့တွင် လတ်တ​လောတိုက်ပွဲများဖြစ်ပွားနေသည်။ ရေကြည်မြို့နယ်ရှိ စစ်ကောင်စီအဓိကတပ်စွဲထားသည့်အမြောက်တပ်(၃၄၄)အနီး၌လည်း တိုက်ပွဲများ ပြင်းထန်နေသည်။

“အခုရက်ပိုင်းတွေ ‌တိုက်ပွဲတော်တော် ပြင်းပြင်းထန်ထန်ဖြစ်နေတာပါ။ လက်နက်ကြီးပစ်ခတ်မှုတွေလည်း ဆက်တိုက်ပဲ။ ညဘက်တွေဆို လေကြောင်းက ပစ်ကူပေးတာပါ။ AAနဲ့ ပူးပေါင်းတပ်တွေကတော့ရှေ့ဘက်ကိုတိုးလာတဲ့ သဘောထင်တယ်”ဟုဟင်္သာတမြို့ခံတဦးကပြောသည်။

တိုက်ပွဲများပြင်းထန်နေစဉ် စစ်​ကောင်စီကရန်ကုန်တိုင်းဘက်မှ ဧရာဝတီတိုင်းသို့ဝင်သည့်လမ်းကြောင်းများ နှင့် မြို့အဝင်အထွက်ဂိတ်များ၌ စစ်ဆေးမှုများကို ပို၍တင်းကြပ်​နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ စစ်သား​အ​လောင်း​တွေရဲ့ ဓါတ်ပုံမှတ်တမ်း​တွေကိုအာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်လိုက်ပါတယ်။

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေကို အာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။