Connect with us

Hi, what are you looking for?

သတင်း

ဧရာဝတီမှစစ်စခန်းအချို့ AAနှင့်ပူးပေါင်းတပ်သိမ်းပိုက်

ဧရာဝတီတိုင်း၊မြန်အောင်ခရိုင်၊အင်္ဂပူမြို့နယ်မှ စစ်ကောင်စီတပ်စွဲထားသည့်ကျေးရွာအချို့ကိုအာရက္ခတပ်တော် (AA ) နှင့် ပူးပေါင်းတပ်များကတိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းသတင်းရရှိသည်။

၂၀၂၅ နှစ်ဆန်းပိုင်းက ရက္ခိုင် နှင့် ဧရာဝတီတိုင်းအစပ်တိုက်ပွဲများတွင် AA တပ်ဖွဲ့ဝင်များကို​တွေ့ရစဥ်။ဓါတ်ပုံ-AA Infodesk

ဇွန်-၃၀၊၂၀၂၅။မိထက်/People’s Spring

ဧရာဝတီတိုင်း၊မြန်အောင်ခရိုင်၊အင်္ဂပူမြို့နယ်မှ စစ်ကောင်စီတပ်စွဲထားသည့်ကျေးရွာအချို့ကိုအာရက္ခတပ်တော် (AA ) နှင့် ပူးပေါင်းတပ်များကတိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းသတင်းရရှိသည်။

တိုက်ပွဲများပြင်းထန်နေသည့်လေးမျက်နှာမြို့နယ်နှင့် ဆက်စပ်နေသောကျေးရွာများ ၌ တပ်စွဲထားသည့် စစ်တပ်စခန်းများကို ဇွန်လဆန်းတွင် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ယခုရက်ပိုင်း၌ နေ့ရောညပါ တိုက်ပွဲများပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီးနောက် ဇွန်လ၂၉ရက်ညနေပိုင်းတွင် စခန်းသုံးခုထက်မနည်းသိမ်းယူလိုက်ခြင်းဟု စစ်​ရေးသတင်းရင်းမြစ်အချို့က​ပြောသည်။

ဧရာဝတီတိုင်းအခြေစိုက် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက” စစ်တပ်ဘက်ကသေတာတွေအများကြီးရှိတယ်။ လက်နက်တွေလည်းအများကြီးရထားတယ်” ဟုပြောသည်။

Public Service Announcement

Public Service Announcement

AA နှင့် ပူးပေါင်းတပ်များသိမ်းယူလိုက်သည့် ‌နေရာသည် ဟင်္သာတခရိုင်၊ ကွင်းကောက်မြို့ရှိ စစ်ကောင်စီတန်းမြင့်လေ့ကျင်းရေးကျောင်း တတက(၅) နှင့်လည်း မိုင်အနည်းငယ်သာကွာဝေးသည်ဟုသိရသည်။

စခန်းသိမ်းတိုက်ပွဲနှင့်ပတ်သက်၍ AAကသတင်းမထုတ်ပြန်သေးပေ။

AAနှင့် ပူးပေါင်းတပ်များသည် ပြီးခဲ့သည့် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလက ဖြစ်ပွားသောတိုက်ပွဲများအတွင်း ရွှေသောင်ယံမြို့၊သာပေါင်းမြို့တို့မှ စစ်တပ်စခန်းအချို့ကိုလည်း သိမ်းပိုက်ခဲ့သည်။

စစ်ကောင်စီတပ် နှင့် AA ဦး​ဆောင်​သောပူးပေါင်းတပ်များကြား ဧရာဝတီတိုင်းအတွင်းရှိ ရေကြည်မြို့နယ်၊ လေးမျက်နှာမြို့နယ်၊ အင်္ဂပူမြို့နယ်တို့တွင် လတ်တ​လောတိုက်ပွဲများဖြစ်ပွားနေသည်။ ရေကြည်မြို့နယ်ရှိ စစ်ကောင်စီအဓိကတပ်စွဲထားသည့်အမြောက်တပ်(၃၄၄)အနီး၌လည်း တိုက်ပွဲများ ပြင်းထန်နေသည်။

“အခုရက်ပိုင်းတွေ ‌တိုက်ပွဲတော်တော် ပြင်းပြင်းထန်ထန်ဖြစ်နေတာပါ။ လက်နက်ကြီးပစ်ခတ်မှုတွေလည်း ဆက်တိုက်ပဲ။ ညဘက်တွေဆို လေကြောင်းက ပစ်ကူပေးတာပါ။ AAနဲ့ ပူးပေါင်းတပ်တွေကတော့ရှေ့ဘက်ကိုတိုးလာတဲ့ သဘောထင်တယ်”ဟုဟင်္သာတမြို့ခံတဦးကပြောသည်။

တိုက်ပွဲများပြင်းထန်နေစဉ် စစ်​ကောင်စီကရန်ကုန်တိုင်းဘက်မှ ဧရာဝတီတိုင်းသို့ဝင်သည့်လမ်းကြောင်းများ နှင့် မြို့အဝင်အထွက်ဂိတ်များ၌ စစ်ဆေးမှုများကို ပို၍တင်းကြပ်​နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေက စစ်တပ်ရဲ့ စခန်းငယ်တခုကို AAထပ်မံသိမ်းပိုက်

သတင်း

ကျောက်တော်မြို့ဗုံးကြဲမှုမှာ ကျူးလွန်သူ အာဏာသိမ်းစစ်တပ်နဲ့ ပါဝင်ပတ်သက်သူတယောက်ချင်းစီကို ဖော်ထုတ်ပြီးလက် တုံံ့ပြန်တိုက်ခိုက်သွားမယ်လို့ အာရက္ခတပ်တော်(AA)ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောကြားလိုက်ပါတယ်။

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်​ကျော်လာပါပြီ။သုံးပါတ်​ကျော် ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်း​နေပါတယ် ။

သတင်း

ကိုးကန့်တပ်မတော်(MNDAA)ရဲ့ လောက်ကိုင်မြို့မှာ ကျင်းပတဲ့ လမုန့်စားပွဲကို ​မြောက်ပိုင်းမဟာမိတ်ညီ​နောင်သုံး​ဖော်ဖြစ်တဲ့ အာရက္ခတပ်တော်(AA)၊ တအာင်တပ်မတော်(TNLA)နဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်တွေ အတူတကွတက်ရောက်ခဲ့ကြပါတယ်။

Trending

Facebook