Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာငလျင်ဒဏ်သင့်အဆောက်အအုံပြင်ဆင်ဖို့ လုပ်သားရှားပါးနေ

မန္တလေးမြို့မှ ငလျင်ဒဏ်သင့် အဆောက်အအုံ ပြင်ဆင်ဖို့ ပန်းရံနဲ့ လက်သမား လုပ်သား ရှားပါးနေကြောင်း မြို့ခံတွေက ပြောပါတယ်။

မန္တလေးမြို့တွင်မတ်လ၂၈ ရက်နေ့ကငလျင်ကြီးလှုပ်ခတ်ပြီးနောက်တွေ့ရစဥ်။ဓါတ်ပုံ-ဒေသခံ

ဇူလိုင်-၂၊၂၀၂၅။မေရီ/People’s Spring

မန္တလေးမြို့မှ ငလျင်ဒဏ်သင့် အဆောက်အအုံ ပြင်ဆင်ဖို့ ပန်းရံနဲ့ လက်သမား လုပ်သား ရှားပါးနေကြောင်း မြို့ခံတွေက ပြောပါတယ်။

မန္တလေးမြို့မှာ ငလျင်ဘေးဒဏ်သင့်အဆောက်အအုံတွေကို ပြင်ဆင်မှုတွေ စတင်ပြုလုပ်လာချိန် ပြင်ရမယ့်အဆောက်အအုံနဲ့ ပန်းရံနဲ့လက်သမားအင်အား မလောက်ငပဲ လုပ်သား ရှားပါးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

“အလုပ်သမားက ဘယ်မှကို မရတာ။ စောင့်ရဦးမယ်ပဲပြောတယ်။”လို့ အဆောက်အဦးပြင်ဖို့စောင့်နေတဲ့ မြို့ခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပန်းရံလက်သမားငှားရမ်းခတွေနှစ်ဆခန့်မြင့်တက်နေတာတောင် ငှားလို့မရတာလို့ မြို့ခံတွေက ဆိုပါတယ်။

“နှစ်ဆပေးပြီးခေါ်ထားတာ။ ဒါကိုဟိုဘက်ဆိုက်ကလည်း မပြတ်သေးလို့ ခဏသွားပေးရဦးမယ်ဆိုလို့ ပြန်ရပ်ထားရတယ်။”လို့ ချမ်းမြသာစည်မြို့နယ်က အိမ်ပြင်နေတဲ့ အမျိုးသားတဦးက ပြောပါတယ်။

ပြိုတဲ့အဆောက်အအုံများတာကြောင့်အပြင် တံတားဦး၊ စစ်ကိုင်း မင်းကွန်းဘက်တွေက ပန်းရံ၊ လက်သမားတွေဟာ စစ်ကောင်စီရဲ့ စစ်မှုထမ်း အဓမ္မဖမ်းဆီးမှုတွေကြောင့် မန္တလေးမြို့ပေါ် မလာရဲတော့လို့ လုပ်သားအင်အားနည်းပါးသွားရတာလည်း ပါဝင်တယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။

မန္တလေးမြို့မှာ ငလျင်ကြီး လှုပ်ခတ်ပြီးတာ ၃ လ ကျော်ခဲ့ပေမယ့် ဒီကနေ့အထိ အပျက်အစီးတွေကို ပြည်သူတွေကိုယ်တိုင် ကိုယ်ထူကိုယ်ထ ရှင်းလင်းနေရပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမစနိုင်သေးဘူးလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

Facebook