သြဂုတ် ၁၇၊၂၀၂၆။ ဟာနာဆန်/People’s Spring
ပေါ်တာဆွဲခံရပြီး ခလရ(၂၅၆)တပ်ရင်းရောက်နေတဲ့ စစ်မှုထမ်းတပ်သား ၁ဦး လက်နက်ယူ ထွက်ပြေးလာပြီး ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ထံ အလင်းဝင်လာပါတယ်။
သြဂုတ် ၁၂ ရက် ည ၈ နာရီခန့်က ရေစကြိုမြို့နယ် အမှတ် (၂၅၆)ခြေလျင်တပ်ရင်း(ခလရ-၂၅၆)က တပ်သား ထက်ဝင်းစိုးဟာ MA3 ၁လက်နဲ့ အလင်းဝင်လာကြောင်း ရေစကြိုပကဖအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
“သူက ပစ(ပြည်သူ့စစ်မှုထမ်း)၊ အပတ်စဥ် ၅၊ သူက ဧရာဝတီတိုင်းဘက်ကပါ။ ပေါ်တာဆွဲခံရတာ။ ၂၀၂၄ မှာ တပ်ထဲရောက်တာ။”လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement
အလင်းဝင်သူကို ရေစကြိုပကဖရဲဘော်တွေက ဘေးကင်းလုံခြုံစွာနဲ့ သွားရောက်ခေါ်ဆောင်ပေးနိုင်ခဲ့ပြီး လက်နက်ပါတဲ့အတွက် ဆုကြေးငွေ ၂၅ သိန်းကျပ် ချီးမြှင့်ကာ လုံခြုံတဲ့နေရာမှာ ထားပေးထားတယ်လို့ ရေစကြိုပကဖက ထုတ်ပြန်ပါတယ်။
စစ်တပ်က ခလရ (၂၅၆)တပ်ရင်းကို ရောက်ရှိလာတဲ့ စစ်မှုထမ်းတပ်သားသစ်တွေကို ပခုက္ကူခရိုင်မှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ပေါက်နဲ့ မြိုင်နယ်တွေ ပို့ဆောင်လေ့ရှိတာကြောင့် ထွက်ပြေးသူတွေ မကြာခဏ ရှိနေကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။


















































