Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ အင်အားအနည်းငယ်ပြင်းတဲ့ ငလျင်ကြောင့် မြို့ခံတွေထိတ်လန့်

မန္တလေးမြို့မှာဒီနေ့မနက်ပိုင်းကအင်အားအနည်းငယ်ရှိတဲ့ နောက်ဆက်တွဲငလျင်တခု လှုပ်ခတ်သွားပြီး မြို့သူမြို့သားတွေ ထိတ်လန့်ခဲ့ကြပါတယ်။

ဇူလိုင်-၃၊ ၂၀၂၅။Scorpio/People’s Spring

မန္တလေးမြို့မှာဒီနေ့မနက်ပိုင်းကအင်အားအနည်းငယ်ရှိတဲ့ နောက်ဆက်တွဲငလျင်တခု လှုပ်ခတ်သွားပြီး မြို့သူမြို့သားတွေ ထိတ်လန့်ခဲ့ကြပါတယ်။

ဒီကနေ့ မနက် ၇ နာရီ ၁၂ မိနစ် ဝန်းကျင်က မန္တလေးမြို့မှာ အင်အားအနည်းငယ်ရှိတဲ့ နောက်ဆက်တွဲ ၂ ခု လှုပ်ခတ်သွားပြီး အနည်းငယ်ပြင်းထန်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

“တဝုန်းဝုန်း ရမ်းခါသွားတာပဲ။ အသံကြီးအရင်လာတာ။ငလျင်ကတော်တော်ကြမ်းတယ်။”လို့မန္တ​လေးမြို့ခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒီမနက် ငလျင်ကို မန္တလေးတင်မကဘဲ ပြင်ဦးလွင်၊ တံတားဦး၊ စစ်ကိုင်း၊ စဥ့်ကိုင် မြို့နယ်တွေကအစ သိသာခဲ့တယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

အနည်းငယ်ပြင်းထန်တဲ့ငလျင်ကြောင့် လူတွေနေအိမ်တိုက်တာတွေပေါ်ကနေ လမ်းပေါ်ဆင်းပြေးခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်ပြီးနောက် ၃ လကျော်အတွင်း လှုပ်ခတ်ခဲ့တဲ့ နောက်ဆက်တွဲငလျင်တွေထဲမှာ ဒီကနေ့မနက် လှုပ်ခတ်ခဲ့တဲ့ငလျင်ဟာ သိသာပြီး ပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။

ဒီမနက်ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုတွေ ရှိမရှိ မသိရသေးပါဘူး။

ထိုင်း​မြေငလျင်ဌာနက​တော့ ဒီမနက်လှုပ်ခတ်တဲ့ငလျင်ဟာ ပြင်ဦးလွင်၊အနီးစခန်းတောင်ဘက်မှာဖြစ်ပြီး ပြင်အား၄ ဒသမ ၉ ရှိတယ်လို့​ဖော်ပြထားပါတယ်။ ငလျင်ဗဟိုချက်ဟာ ပြင်ဦးလွင်မြို့​တောင်ဘက် ၁၉ မိုင်ခန့် အကွာအ​ဝေးမှာဖြစ်တယ်လို့​သိရပါတယ်။

ဒီမနက်ငလျင်ဟာတံတားဦးမြို့ရဲ့အနောက်မြောက်ဘက် ၅ မိုင်ခန့်အကွာကို ဗဟိုပြုပြီး ပြင်းအား ၄ ဒသမ ၈ အဆင့်နဲ့ လှုပ်ခတ်သွားတာလို့ စစ်ကောင်စီရဲ့ မိုးဇလက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

Facebook