Connect with us

Hi, what are you looking for?

သတင်း

အောင်ဇေယျစစ်​ကြောင်းကအလင်းဝင်လာတဲ့ စစ်သားတွေ အောင်ဇေယျကိုပြန်တိုက်ဖို့ သင်တန်း ဆင်း

စစ်ကောင်စီရဲ့အောင်ဇေယျစစ်ဆင်ရေးကနေ အလင်းဝင်လာတဲ့စစ်သားတွေထဲက ပြန်လည်တိုက်ခိုက်မယ့် တပ်သားတွေကို ကျားသစ်နက်စစ်ကြောင်းကဦးစီးပြီး အထူးတိုင်း ဗျူဟာအမှတ်(၃၂)ရဲ့ အောင်ဇေယျအပါတ်စဥ် သင်တန်းဆင်းပွဲပြုလုပ်ခဲ့ပါတယ်။

​အောင်​ဇေယျစစ်​ကြောင်းက​နေ ​တော်လှန်​ရေးအဖွဲ့​တွေထံအလင်းဝင်လာတဲ့ စစ်သား​တွေရဲ့ စစ်သင်တန်းဆင်းပွဲ။ဓါတ်ပုံ-ကျားသစ်နက်စစ်​ကြောင်း

ဇူလိုင်-၃၊၂၀၂၅။ထားမြတ်/People’s Spring

စစ်ကောင်စီရဲ့အောင်ဇေယျစစ်ဆင်ရေးကနေ အလင်းဝင်လာတဲ့စစ်သားတွေထဲက ပြန်လည်တိုက်ခိုက်မယ့် တပ်သားတွေကို ကျားသစ်နက်စစ်ကြောင်းကဦးစီးပြီး အထူးတိုင်း ဗျူဟာအမှတ်(၃၂)ရဲ့ အောင်ဇေယျအပါတ်စဥ် သင်တန်းဆင်းပွဲပြုလုပ်ခဲ့ပါတယ်။

အထူးတိုင်းဗျူဟာအမှတ်(၃၂)အောင်ဇေယျအပါတ်စဥ် သင်တန်းဆင်းပွဲကို ကရင်အမျိုးသားအစည်းအရုံး(KNU)ရဲ့ ဗဟိုကော်မတီဝင် ပဒိုစောတောနီးတက်ရောက်ခဲ့ပါတယ်။ တပ်သား ၂၀ဦးထက်မနည်းပါရှိတဲ့ အောင်ဇေယျအပါတ်စဥ်က သင်တန်းသားတွေကို လက်နက်ပါတပ်ဆင်ပေးတာ တွေ့ရပါတယ်။

“လူထုတိုက်ပွဲမှ လူထုအောင်ပွဲများဖော်ဆောင်နိုင်ဖို့ ကျားနက်စစ်ကြောင်းမှ လူထုအတူတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကတိပြုအပ်ပါသည် ။ မိမိတို့နှင့်အတူစစ်ဆင်ရေးအရှိန်မြှင့်တင်နိုင်ရေးအတွက် တပ်သားသစ်များစိစစ်ခေါ်ယူနေပါပြီ”လို့ ဗျူဟာအမှတ်(၃၂)လက်အောက်ခံ ကျားသစ်နက်စစ်ကြောင်းက ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

၂၀၂၄ လေးလပိုင်းကစပြီး ၂၀၂၅ နှစ်လပိုင်းအထိ လက်နက်နဲ့ အလင်းဝင်လာသူ ၁၉ ဦးရှိပြီး ဖမ်းမိသူ ခုနစ်ဦးအပါအဝင် စုစုပေါင်း အောင်ဇေယျစစ်ကြောင်းက ၅၈ဦးအထိ ရောက်ရှိနေတယ်လို့ ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်မှူးဒါဘောက လူထုနွေဦးကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလပိုင်းက ပြောထားပါတယ်။

တိုက်ခိုက်ခဲ့တဲ့ကာလအတွင်း အောင်ဇေယျစစ်ကြောင်းက ၅၀၀ကျော်‌​သေဆုံးခဲ့တယ်လို့ ၂၀၂၅ ​ဖေ​ဖော်ဝါရီလမှာ​ပြောပါတယ်။

အဲဒီ​နောက်ပိုင်းအလင်းဝင်လာသူများစွာရှိသလို၊တိုက်ပွဲအတွင်း​သေဆုံးသူ များစွာလည်းရှိခဲ့ပါတယ်။

မြဝတီဒေသအတွင်းက တပ်ရင်း​တွေ၊စခန်း​တွေ လက်လွတ်ခဲ့ရတဲ့စစ်​ကောင်စီ က ဆုံးရှုံးစစ်စခန်းတွေကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ဆိုကာ အာဏာသိမ်းစစ်ကောင်စီရဲ့ ဒုခေါင်းဆောင်ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကိုယ်တိုင်ကွပ်ကဲတဲ့ နိုင်ငံ​တော်အဆင့် “​အောင်​​ဇေယျစစ်ဆင်​​ရေး”လို့ အမည်​ပေးပြီး တပ်မ(၅၅)ဦးဆောင်တဲ့ အင်အား ၁,၂၀၀ခန့်ပါ အောင်ဇေယျစစ်ကြောင်းဟာ ၂၀၂၄ ဧပြီ ၉ရက်ကစပြီး ဖားအံနဲ့ ​မော်လမြိုင်ဘက်က ချီတက်လာခဲ့ပါတယ်။

လေးရက်နဲ့ မြဝတီမြို့ကိုအ​ရောက်ချီတက်မယ်လို့ ကြွေး​ကြော်ခဲ့​ပေမယ့် တစ်နှစ်ကျော်ကြာတဲ့ အထိ ဒေါနတောင်ပေါ်၊ တောနောရေတံခွန်မှာ ရှေ့ဆက်မတိုးနိုင်တော့ဘဲ ပိတ်မိနေပါတယ်။

လက်ရှိမှာလည်း တော်လှန်ရေးတပ်တွေက အောင်ဇေယျစစ်ကြောင်းကို အပိုင်းပိုင်းဖြတ်တောက် ပိတ်ဆို့ထားပါတယ်။

စစ်ကောင်စီ၏ လက်အောက်မှ ရုန်းထွက်ပြီး စစ်ကောင်စီက ကရင်ပြည်နယ်အတွင်း ဖော်ဆောင်နေသည့် အောင်ဇေယျ စစ်ဆင်ရေးကို ပြန်လည်တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့သည့် ရဲဘော်များအတွက် ဂုဏ်ယူကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကလည်း​ပြောကြားသည်။

စစ်ကောင်စီမှ အလင်းဝင်လာသော တပ်သားများကို ကျားသစ်နက်စစ်ကြောင်းက ဦးစီးပြီး အထူးတိုင်း ဗျူဟာအမှတ် ၃၂ အောင်ဇေယျ အပါတ်စဥ် သင်တန်းဆင်းပွဲကို ဇူလိုင်လ ၂ရက်က ကျင်းပခဲ့တယ်လို့ ကျားသစ်နက် စစ်ကြောင်းက ထုတ်ပြန်ခဲပါတယ်။ သင်တန်းဆင်းပွဲသို့ KNU ဗဟိုကော်မတီဝင်လည်း ဖြစ်သူ ပဒိုစောတောနီးလည်း တက်ရောက်ခဲ့ပါတယ်။

သင်တန်းဆင်းရဲဘော်များအား လာရောက်ဂုဏ်ပြုခဲ့သည့် ပဒိုစောတောနီးကအခုစစ်သင်တန်းဆင်းပွဲသည် အခြားသင်တန်းများနှင့်မတူ ကွဲပြား​တယ်လို့မှတ်လျက်ပြုပါတယ်။

“ဘာဖြစ်လို့လဲဆိုတော့ သင်တန်းအောင်မြင်ပြီးသွားတဲ့ရဲဘော်တွေက တခြား လူတွေလို တော်လှန်ရေးထဲဝင်လာတာ မဟုတ်ဘဲ သူကအသွင်သဏ္ဍန်တမျိုးနဲ့ပေါ့ အထူးသဖြင့် အဓမ္မ စစ်သားစုဆောင်းခံရတဲ့ အထူးသဖြင့် အောင်ဇေယျစစ်ဆင်ရေးနဲ့ပါလာတဲ့သူတွေ။ အကြောင်းအမျိုးမျိုးနဲ့ ပါလာတဲ့သူတွေ ။ဒါပေမဲ့ သူတို့က လုံး၀ အညံ့မခံဘဲနဲ့ မရရအောင်ထွက်ပြေးလာတယ်။ နောက်ပြီးတော့ ကျနော်တို့နဲ့ လက်တွဲပြီးတော့ ဒီအောင်ဇေယျ စစ်ဆင်ရေးကို ပြုတ်ပြုတ်ပြုန်းသွားအောင် ပြန်တိုက်မယ်ဆိုတဲ့ခံယူချက်နဲ့အဲဒါကြောင့်မို့လို့ မတူဘူးလို့ပြောချင်တာ” လို့ ပဒိုစောတောနီးက ပြောပါတယ်။

ပထမတခေါက်ကသင်တန်းအပါတ်စဥ် (၁ ) မှာ အောင်‌ဇေယျ စစ်သား ၄၃ ယောက်။အခု ဒုတိယတခေါက်က ၂၆ ယောက်မှာ အောင်ဇေယျ စစ်သား ၂၁ ယောက်ပါတယ်လို့သိရပါတယ် ။

“ဘယ်လိုပဲဖြစ်ဖြစ် အဲဒါကို မတရားမှုကို သိသိကြီးနဲ့ ခေါင်းငုံ့မခံဘဲနဲ့ အခြေအနေတခုအခါအခွင့်တခုကြုံတာနဲ့ မရရအောင်ထွက်ပြေးလာပြီးတော့ ဒီ စကစကို ပြန်တိုက်မယ်ဆိုတဲ့ဟာကတော့ တကယ်ဂုဏ်ယူစရာကောင်းတယ်။ စကစလက်အောက်မှာ ရှိနေတဲ့ လူငယ်လူရွယ်တွေလည်း မနည်းပါဘူး။ ရုန်းမထွက်နိုင်ဘဲ သေပွဲဝင်ရတဲ့သူတွေလည်း မနည်းပါဘူး။ ဒါကို ဒီလိုအဖြစ်ဆိုးမျိုးလုံး၀ အဖြစ်မခံဘဲနဲ့ မရရတဲ့နည်းနဲ့ ထွက်လာ နောက်ပြီးတော့ ဒီစကစကို ပြန်တိုက်မယ်ဆိုတာ အင်မတန်ပဲ ကျနော်တို့ သမိုင်းမှာ ဂုဏ်ရောင်ပြောင်တဲ့အနေအထားတခုကို ရောက်သွားမယ်ဆိုတာ တိုက်တွန်းချင်တယ်။ လူထုကလည်း ဒါကို တော်တော်လေးကို အားရဂုဏ်ပြုသွားမှာပါလို့ ပြောချင်ပါတယ်”လို့ ပဒိုစောတောနီးကဆက်​ပြော ပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေထံ အလင်းဝင်တာ၊ လက်နက်ချတာတွေ ဆက်လက်ရှိနေပြီး စက်တင်ဘာပထမပတ်အတွင်းမှာ အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စစ်သားနဲ့ ရဲ၊ ပြည်သူ့စစ် စုစုပေါင်း ၁၂၈ဦး ရှိဟု ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်ရဲ့ စစ်မှုထမ်းတပ်သား (၂)ဦး လက်နက်နဲ့ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၇) ဘားအံ(ဖားအံ)ခရိုင်က ထုတ်ပြန်ပါတယ်။

Facebook