Connect with us

Hi, what are you looking for?

သတင်း

ညောင်ဦးမြို့နယ်တိုက်ပွဲမှာ တော်လှန်ရေးတပ်ဖွဲ့ဝင် ၁၀ ဦး ကျဆုံး

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်က ငါ့သရောက်ဒေသတိုက်ပွဲအတွင်းမှာ တော်လှန်ရေးတပ်ဖွဲ့ဝင် ၁၀ ဦးကျဆုံးခဲ့ပြီး ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ တော်လှန်ရေးတပ်တွေဆီက သိရပါတယ်။

PDF ​တွေထံက သိမ်းဆည်းရရှိတယ်လို့ စစ်တပ်ဝါဒဖြန့် တယ်လီဂရန်​တွေမှာ ဖြန့်ချီ​နေတဲ့ဓါတ်ပုံတစ်ပုံ

ဇွန်-၃၊၂၀၂၅။ရှိန်း/People’s Spring

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်က ငါ့သရောက်ဒေသတိုက်ပွဲအတွင်းမှာ တော်လှန်ရေးတပ်ဖွဲ့ဝင် ၁၀ ဦးကျဆုံးခဲ့ပြီး ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ တော်လှန်ရေးတပ်တွေဆီက သိရပါတယ်။

ဇွန်လ၂ရက် မနက်ပိုင်းမှာ ငါ့သရောက်မြို့တောင်ဘက်က (၅)မိုင်ခန့်အကွာမှာရှိတဲ့တောင်တောရွာ၊ ရွာပုလဲရွာ နဲ့ဖလန်ကန် ကျေးရွာ‌‌ကြားတွေမှာ တော်

လှန်ရေးပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ် တွေပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“ကင်းပုံးနဲ့ တွေ့ပြီးကိုယ့်ဘက်ကကျွံသလိုဖြစ်သွားတာ။အဲဒီမှာရဲ‌ဘော်တွေ ကျတာပဲ။ပြန့်လာတဲ့ပုံတွေက ကျွန် တော်တို့ရဲဘော်တွေဆိုတာ မှန်ပါတယ်”လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကပြောပါတယ်။

နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့က အကျဆုံးပိုများခဲ့သလို မြင်းခြံခရိုင်တပ်ရင်း (၃) မှရဲဘော်တစ်ဦးကျဆုံးခဲ့တယ်လို့ တပ်ရင်း(၃)တာဝန်ရှိသူက အတည်ပြုပါတယ်။

ဒေသတော်လှန်ရေးတပ်တွေနဲ့ရင်းစပ်သူတစ်ဦးကတော့ ပုဂံပြည်ဘီလူးတပ်လို့ခေါ်တဲ့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရဲဘော်တွေ အများဆုံးကျဆုံးတာလို့ ပြောပါတယ်။ ဒါ့အပြင် ရဲဘော်နှစ်ဦးလည်း ဖမ်းဆီးခံရသေးတယ်လို့ဆိုပါတယ်။

တိုက်ပွဲဖြစ်စဉ်နဲ့ ပတ်သက်လို့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဇီးထံ ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ဇွန်လ နောက်ဆုံးပတ်ကညောင်ဦးမြို့ရဲ့အနောက်ဘက်ခြမ်းမှာ စစ်ကြောင်းသုံးကြောင်းနဲ့ အရှေ့ဘက်ခြမ်းမှာ စစ်ကြောင်းတစ်ကြောင်း စုစုပေါင်း စစ်ကြောင်းလေကြောင်းနဲ့ ထိုးခဲ့ပါတယ်။

အဲဒီစစ်ကြောင်းထိုးမှုအတွင်းမှာငါ့သရောက်ဒေသက ကျေးရွာခြောက်ရွာလောက် စစ်ကြောင်းထိုးခံရပြီး ဆင်သားမွေး၊သနပ်ပင်၊ ကမ္မနဲ့ တောင်သာနယ်က ကင်းဇလုပ်ရွာတွေ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ညောင်ဦးပကဖက ပြောထားပါတယ်။ ဒါ့အပြင် သနပ်ပင်ရွာ ရွာသားသုံးဦးနဲ့ ဆင်သားမွေးရွာက ရွာသားတစ်ဦးကို PDFထောက်ပို့လို့ စွပ်စွဲပြီး စစ်တပ်က သတ်ဖြတ်ခဲ့ပါသေးတယ်။

ငါ့သရောက်ဒေသဟာ စစ်တပ်အာဏာသိမ်းပြီးကတည်းက တိုက်ပွဲတွေကြမ်းနေတဲ့ မြင်းခြံ – တောင်သာမြို့နဲ့ နယ်မြေစပ်ဆက်တာကြောင့် အဲဒီဒေသမှာ မကြာခဏ တိုက်ပွဲတွေ ဖြစ်ပွားပါတယ်။

ဒီစစ်ကြောင်းဟာ ဇူလိုင် ၁ ရက်က မောင်းဂွက်တောနဲ့ ရွာပုလဲကျေးရွာတွေကို မီးရှို့ဖျက်ဆီးခဲ့သေးတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။