Connect with us

Hi, what are you looking for?

သတင်း

ကမ္မ-ပေါက်လမ်းပိုင်းရောက် စစ်ကောင်စီစစ်ကြောင်း လေကြောင်းပစ်ကူယူ၍ ရှေ့တိုးနေ

မကွေးတိုင်း၊ ပေါက်မြို့သို့ စစ်ကောင်စီစစ်ကြောင်းဦးတည်နေစဉ် ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီက ကမ္မ-ရေပြာလမ်းပိုင်းတစ်လျှောက်ကို Y-12 လေယာဉ်ဖြင့် ဗုံးကြဲခဲ့သည်။

စစ်ကောင်စီယာဥ်တန်း ပခုက္ကူမြို့မှ ထွက်ခွာလာစဥ်

ဇူလိုင်-၄၊ ၂၀၂၅။ ဇော်ရမ်း/People’s Spring

မကွေးတိုင်း၊ ပေါက်မြို့သို့ စစ်ကောင်စီစစ်ကြောင်းဦးတည်နေစဉ် ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီက ကမ္မ-ရေပြာလမ်းပိုင်းတစ်လျှောက်ကို Y-12 လေယာဉ်ဖြင့် ဗုံးကြဲခဲ့သည်။

ယနေ့ နံနက် ၆ နာရီခန့်မှစတင်၍ Y-12 လေယာဉ်ဝဲပြီး ၆နာရီခွဲခန့်တွင် ဗုံးကြဲခြင်းဟု ပေါက်မြို့ခံတစ်ဦးက ပြောသည်။

“အောက်က ကားတန်းက အစီးရေ ရာချီတယ်။ တက်မတောင်ကို ကျော်လာပြီ။ ပေါက်မြို့နယ်ထဲကို ဝင်ဖို့ လုပ်နေတာ။ လေကြောင်းက ဗုံးတွေ အများကြီးကြဲတာပါ”ဟု အဆိုပါ ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

ယနေ့ နံနက် ၆နာရီခွဲမှ ၉နာရီခန့်အထိ ဗုံးကြဲခဲ့ပြီး အရပ်သားထိခိုက်မှု ရှိ၊မရှိ မသိရသေးပေ။

“ပေါက်မြို့နယ်ထဲကို ကြဲတာပါ။ အရပ်သား အထိအခိုက် ရှိ၊မရှိ အတည်မပြုနိုင်သေးပါဘူး” ဟု ပခုက္ကူမြို့နယ် လူသားချင်းစာနာထောက်ထားရေးတာဝန်ခံက ပြောသည်။

ပေါက်မြို့သို့ ဦးတည်နေသော စစ်ကောင်စီစစ်ကြောင်းသည် ပခုက္ကူမြို့၊ အမှတ်(၁၀၁)‌ခြေမြန်တပ်မဌာနချုပ်လက်အောက်ခံ ခြေလျင်တပ်ရင်းများဖြစ်သည့် ခလရ(၂၅၁၊ ၁၅၂၊၂၅၄၊၂၅၇၊၂၅၈၊၂၅၉၊ ၂၃၅)၊ ပြည်သူ့စစ်သင်တန်းအပတ်စဉ် ၅၊၆၊၇၊၈၊၉မှ သင်တန်းဆင်းများလည်းပါဝင်သည့် စစ်ကြောင်းဖြစ်သည်။ မေလ ၂၉ရက်မှစ၍ ကမ္မမြို့သို့ ဝင်ရောက်လာပြီး ယခုရက်ပိုင်းတွင် ပေါက်မြို့သို့ ဆက်လက်ထွက်ခွာနေခြင်းဖြစ်သည်။

စစ်ကောင်စီယာဉ်တန်းသည် ကမ္မနှင့် ပေါက်မြို့ကြားရှိ တက်မတောင်၊ သာကြီး‌တောင်ကြား၌ ရှိနေကြောင်းသတင်းရရှိသည်။ ပေါက်နှင့် ထီးလင်းမြို့ကြားရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ(၂၄)ကို ဦးတည်နေသည်ဟု ကာကွယ်ရေးရဲဘော်များကပြောသည်။ ကပစ(၂၄)ကို တော်လှန်ရေးအင်အားစုများက လျှပ်စစ်မီးနှင့် ရိက္ခဖြတ်တောက်ထား၍ စစ်ကောင်စီက ရိက္ခာ၊ လူအင်အားဖြည့်တင်းရန် ကြိုးပမ်းနေသည်ဟု သတင်းရရှိသည်။

လက်ရှိတွင် ကမ္မမြို့ပေါ်၌ စစ်ကောင်စီစစ်ကြောင်းတစ်ကြောင်းကျန်ရစ်ခဲ့သည်။ ကမ္မ မြို့ပေါ်နေလူဦးရေ၏ ၉၀ ရာခိုင်နှုန်းခန့်သည် စစ်ဘေးရှောင်နေရပြီး အကူအညီများပေးကြရန် ပခုက္ကူမြို့နယ်လူသားချင်းစာနာထောက်ထားရေးတာဝန်ခံက အကူအညီတောင်းထားသည်။ စစ်ကောင်စီစစ်ကြောင်းစတင်ဝင်လာ၍ ပေါက်မြို့နယ်မှ ဒေသခံများလည်း စစ်ဘေးရှောင်ရန် စီစဉ်နေရပြီဟု သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ ထိုးစစ်ဆင်နေတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က မေလ ၂၄ရက်နဲ့ ဒီကနေ့မနက်မှာ လေကြောင်း ပစ်ကူပေးတိုက်ခိုက်မှုတွေလုပ်ဆောင်နေကြောင်း ဒေသ သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ဗျူဟာမှာ KNU တပ်မဟာ (၅) ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီးဗျုဟာစခန်းမကျအောင်စစ်ကောင် စီတပ်ကလေယာဉ်နဲ့ နေ့စဉ်နီးပါးပစ်ကူပေးနေတယ်လို့ တပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိမ်းမကားရဲစခန်းကနေ မြောက်ဘက်ကို စစ်တပ်စစ်ကြောင်းထိုးလာပြီး ဒေသခံ ၁၀၀နီးပါးကို ဖမ်းဆီးထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ဖယ်ခုံမြို့နယ်ကတောင်စလုံးကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းမှူးအပါအဝင် သေဆုံးထိခိုက်သူတွေများတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေနဲ့ မြေပြင်ရဲဘော်တွေက လူထုနွေဦးကို ပြောပါတယ်။