Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်တွင်တိုက်ပွဲဆက်ဖြစ်ပြီး မြို့ပေါ်ရပ်ကွက်မှ ဒေသခံများညတွင်းချင်းထွက်ပြေးနေရ

ဖားကန့်တွင်တိုက်ပွဲဆက်ပြင်းထန်နေပြီး အေးမြသာယာရပ်ကွက်အတွင်း စစ်ကောင်စီစစ်ကြောင်းဝင်လာ၍ဒေသခံများညတွင်းချင်း ထွက်ပြေးတိမ်းရှောင်နေကြသည်။

ဖားကန့်တွင်တိုက်ပွဲဆက်ပြင်းထန်နေပြီး အေးမြသာယာရပ်ကွက်အတွင်း စစ်ကောင်စီစစ်ကြောင်းဝင်လာ၍ဒေသခံများညတွင်းချင်း ထွက်ပြေးတိမ်းရှောင်နေကြသည်။

ဇူလိုင်-၄၊၂၀၂၅။ဇော်ရမ်း/People’s Spring

ဖားကန့်တွင်တိုက်ပွဲဆက်ပြင်းထန်နေပြီး အေးမြသာယာရပ်ကွက်အတွင်း စစ်ကောင်စီစစ်ကြောင်းဝင်လာ၍ဒေသခံများညတွင်းချင်း ထွက်ပြေးတိမ်းရှောင်နေကြသည်။

ဖားကန့်မြို့ဒေသအခေါ် အမှိုက်ပုံနေရာတွင်ယခင်ရက်ကတိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီးဇူလိူင်၄ ရက်တွင်စစ်ကောင်စီထိန်းချုပ်သွားပြီဟု ဒေသခံများကပြောသည်။

“စစ်ကောင်စီစစ်ကြောင်းတွေဖားကန့်မြို့ထဲအထိစဝင်လာပြီ။အေးမြသာယာရပ်ကွက်ကလူတွေ ညတွင်းချင်းထွက်ပြေးရတာပါ။ စစ်ကောင်စီဆက်ဝင်လာရင် မြို့ထဲက ဒေသခံတွေလည်းနေလို့ရမှာမဟုတ်တော့ဘူး”ဟုဖားကန့်ဒေသခံတဦးကပြောသည်။

Public Service Announcement

Public Service Announcement

အေးမြသာယာရပ်ကွက်မှဒေသခံများသည် မမုံရွာဘက်သို့ခြေလျင်၊ဆိုင်ကယ်၊စက်လှေများဖြင့်ထွက်ပြေးလာခဲ့ကြခြင်းဖြစ်သည်။

ဇူလိုင်လ၂ရက်ည၌ တိုက်ပွဲတွင်ဆွတ်ဘွမ်ရွာအတွင်း နေအိမ်တစ်လုံးပေါ်သို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး အရပ်သားနှစ်ဦး သေဆုံးကာ ၁၁ ဦး ဒဏ်ရာရရှိခဲ့သည်။ ဇူလိုင် ၄ ရက်တိုက်ပွဲတွင်လည်း အရပ်သားသုံးဦး ထိခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ဖားကန့်တွင် စစ်ကောင်စီစစ်ကြောင်းများ လှုပ်ရှားမှုရှိနေ၍ တိုက်ပွဲဆက်လက်ဖြစ်ပွားနိုင်ပြီး ဒေသခံပြည်သူများအနေဖြင့် လုံခြုံရေးသတိပြုနေထိုင်ကြရန် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက သတိပေးထားသည်။

KIA၊KPDFအနေဖြင့် စစ်ကောင်စီစစ်ကြောင်းများကို ထိထိမိမိဟန့်တားနိုင်ရန်လိုအပ်နေကြောင်းဒေသတွင်းစစ်ရေးလေ့လာသူများကဝေဖန်​နေသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။