Connect with us

Hi, what are you looking for?

သတင်း

တောင်ကိုရီးယားနိုင်ငံတွင် 7July အထိမ်းအမှတ် ဆန္ဒပြပွဲများ ပြုလုပ်

တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့နှင့် ဒယ်ဂူးမြို့တို့တွင် ပြည်ပရောက်မြန်မာနိုင်ငံသားများ စုပေါင်း၍ သမိုင်းဝင် 7 July ကျောင်းသားအရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် ဆန္ဒပြပွဲများကို ယမန်နေ့က ပြုလုပ်ခဲ့သည်။

ဇူလိုင် ၇၊၂၀၂၅။ သုည/People’s Spring

တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့နှင့် ဒယ်ဂူးမြို့တို့တွင် ပြည်ပရောက်မြန်မာနိုင်ငံသားများ စုပေါင်း၍ သမိုင်းဝင် 7 July ကျောင်းသားအရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် ဆန္ဒပြပွဲများကို ယမန်နေ့က ပြုလုပ်ခဲ့သည်။

ယင်းဆန္ဒပြပွဲကို မြန်မာ့ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် (MFDMC) ၊ Busan Network ၊ RAM အဖွဲ့အစည်းများမှ ဦးဆောင်၍ တောင်ကိုရီးယားရောက် ဒီမိုကရေစီအင်အားစု အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

7 Julyတွင်ကျဆုံးခဲ့သောသူရဲကောင်းများ၏ ရည်မှန်းချက်များကို ယနေ့တိုင် မျိုးဆက်သစ်လူငယ်များက ဦးဆောင်ပြီး စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ရန် လုပ်ဆောင်နေကြောင်းနှင့်ယင်းသမိုင်းဝင်နေ့မှ ရရှိသော စည်းလုံးညီညွတ်မှု စွမ်းအားဖြင့် စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ကာစစ်မှန်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်မည်ဟု ယုံကြည်ကြောင်း MFDMC က ဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

သတင်း

ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် နယ်သာလန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့မှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး မွေးနေ့ဆုတောင်းပွဲကို ဒီကနေ့ (ဇွန် ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အိန္ဒိသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ တော်လှန်ပြည်သူတွေ ပူးပေါင်းပြီး အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်တပ်အပေါ် အသိအမှတ်ပြုဆက်ဆံနေခြင်းနဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေခြင်းတို့ကို ကန့်ကွက်ရှုတ်ချတဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီကနေ့ (ဇွန် ၁၀) မှာ ပြုလုပ်ခဲ့ပါတယ်။