Connect with us

Hi, what are you looking for?

သတင်း

ဆဲဗင်းဂျူလိုင်အထိမ်းအမှတ် ဆန္ဒပြပွဲများ

ဒီကနေ့ (ဇူလိုင် ၇)မှာ ကျရောက်တဲ့ (၆၃)နှစ်မြောက် ဆဲဗင်း ဂျူလိုင် အထိမ်းအမှတ်နေ့အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ​တွေကို နိုင်ငံတဝန်းက သပိတ်အဖွဲ့တွေကပြုလုပ်ခဲ့ကြပါတယ်။

ဇူလိုင် ၇၊၂၀၂၅။ သုည/People’s Spring

ဒီကနေ့ (ဇူလိုင် ၇)မှာ ကျရောက်တဲ့ (၆၃)နှစ်မြောက် ဆဲဗင်း ဂျူလိုင် အထိမ်းအမှတ်နေ့အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ​တွေကို နိုင်ငံတဝန်းက သပိတ်အဖွဲ့တွေကပြုလုပ်ခဲ့ကြပါတယ်။

ရန်ကုန်မြို့ လူစည်ကားရာ YBS ဘက်စ်ကားနဲ့ မှတ်တိုင်တွေမှာ ( ၇.၇.၆၂ “ဆဲဗင်း ဂျူလိုင် သွေးကြွေးဆပ်၊ ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်” ) စာသားပါ စတေကာတွေ ကပ်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ရွာပေါင်းစုံသပိတ်၊ အောင်လံလွှင့်မည်ရွှေရေကြည်၊ အောင်လံလွှင့်မည်ဒေါင်းသွေးနီနဲ့ သွေးမအေးတဲ့ရွှေနွယ်သွေးသပိတ်တို့ ပူးပေါင်းကာ သမဂ္ဂအဆောက်အဦး ဖြိုချဖျက်စီးခံခဲ့ရပြီး ကျောင်းသားများစွာ သွေးမြေကျခဲ့ရတဲ့ ၇ ဇူလိုင် ကျောင်းသားအရေးအခင်း ၆၃နှစ်ပြည့်အဖြစ် “၇.၇.၆၂မမေ့ကြနဲ့” စာသားကိုင်စွဲကာ တပ်ပေါင်းစု သပိတ်ကို ချီတက်ခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီကလည်း ဆဲဗင်းဇူလိုင်ကျောင်းသားအရေးတော်ပုံ နိုင်ငံတော်အဆင့်လုပ်ကြံခံရမှုအား အောက်မေ့သတိရတဲ့အထိမ်းအမှတ် လှုပ်ရှားမှုကို၊ကလေးဒေသ နေရာအနှံမှာပြုလုပ်ခဲ့ပါတယ် ။

ယင်းမာပင်မြို့နယ်အတွင်း ကျေးရွာတစ်ရွာမှာလည်း တော်လှန်ပြည်သူတွေနဲ့အတူ လူငယ့်အားမာန်သပိတ်စစ်ကြောင်းတို့ ပူးပေါင်းကာ 7 July အရေးခင်း ၆၃နှစ်ပြည့် အထိမ်းအမှတ် စစ်အာဏာရှင်ကျရှုံးရေး လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

မ​ကွေးတိုင်း၊ပခုက္ကူမြို့နယ်အတွင်း တစ်နေရာမှာလည်း ပခုက္ကူလူထုတိုက်ပွဲကော်မတီ (PPRC) နဲ့ ဒေသခံကျောင်းသား မိဘပြည်သူတွေ ပူးပေါင်းကာ (၆၃)နှစ်ပြည့် ဆဲဗင်းဂျူလိုင်အခမ်းအနားနဲ့ဆန္ဒပြလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

မြိုင်မြို့နယ်မှာလည်း ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)နဲ့ အရာတော်မြို့နယ် ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)တို့ ပူးပေါင်းပြီး ဆဲဗင်းဂျူလိုင်နေ့ အထိမ်းအမှတ်အဖြစ် အခမ်းအနားတရပ်ကို ကျင်းပခဲ့ပါတယ်။

တနင်္သါရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်မှာလည်း ၆၃ နှစ်မြောက် ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံ အထိမ်းအမှတ်အနေနဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

အဲဒီလှုပ်ရှားမှုကို ဆဲဗင်းဂျူလိုင်အရေးတော်ပုံမှာ ပါဝင်ခဲ့ကြတဲ့ နောင်တော် ကျောင်းသူ/သားများကို ဂုဏ်ပြုတဲ့အနေဖြင့် “ဆဲဗင်းဂျူလိုင်စိတ်ဓါတ် ကိုင်စွဲ၊ စစ်ပလ္လင်ကို ဒေါင်းအလံနဲ့ ဖြိုလှဲ” ခေါင်းစဥ်နဲ့ ပြုလုပ်ခဲ့ပါတယ်။

စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ချီတက်လမ်းလျှောက်ခဲ့ကြတဲ့အပြင် ဆဲဗင်းဂျူလိုင်အရေးတော်ပုံအပါအဝင် ခေတ်အဆက်ဆက် ဒီမိုကရေစီလှုပ်ရှားမှုအတွင်း ကျဆုံးခဲ့ရသူတွေကို အလေးပြုတာ၊ လွမ်းသူပန်းခွေချတာ၊ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ကဗျာရွတ်ဖတ်တာတွေလည်း ပြုလုပ်ခဲ့ပါတယ်။

သရက်ချောင်းမြို့နယ်မှာလည်း ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ ဦးဆောင်ပြီး ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံ အထိမ်းအမှတ်အနေနဲ့ “ဆဲဗင်းဂျူလိုင်စိတ်ဓါတ် ကိုင်စွဲ၊ စစ်ပလ္လင်ကို ဒေါင်းအလံနဲ့ ဖြိုလှဲ” စာသားကို​င်ဆွဲကာ ဆန္ဒပြခဲ့ပါတယ်။

ယင်းလှုပ်ရှားမှုကို ဆဲဗင်းဂျူလိုင်အရေးတော်ပုံမှာ ပါဝင်ခဲ့ကြတဲ့ နောင်တော် ကျောင်းသူ/သားများကို ဂုဏ်ပြုတဲ့အနေဖြင့် ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ သပိတ်ကော်မတီဝင်က ဆိုပါတယ်။

ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်၊ SPTSC ၊ DDMSC ၊ ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီ

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ နိုင်ငံခြားရေးဝန်ကြီးရုံးရှေ့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး ဂျပန်အစိုးရအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)ကို အသိအမှတ်ပြုပြီး ထောက်ခံအားပေးဖို့ ဒီကနေ့ (ဧပြီ ၁၆)မှာ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ နိုင်ငံရေးအကျဥ်းသားတွေအားလုံးလွတ်မြောက်ရေး လှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ် ဖားကန့်မြို့နယ်နဲ့ လွတ်မြောက်နယ်မြေက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ Blue Shirt ကမ်ပိန်းနဲ့ တော်လှန်သံချပ် လှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၁၁)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ဖမ်းဆီး​ထောင်ချတာခံ​နေရသူ Myanmar Now ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်ကို လွှတ်ပေးဖို့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က မြန်မာသံရုံးရှေ့မှာ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေက ဆန္ဒပြခဲ့ကြပါတယ်။