Connect with us

Hi, what are you looking for?

သတင်း

ချင်းလက်နက်ကိုင်တပ်များအကြားပဋိပက္ခ ငြိမ်းချမ်းသောနည်းဖြင့် အဖြေရှာရန် NUG ယာယီသမ္မတ တိုက်တွန်း

ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲများအကြား မတူကွဲပြားမှုများကို စစ်ရေးနည်းလမ်း ဖြင့် အဖြေရှာရန်လုပ်ဆောင်မှုများကိုသက်ဆိုင်ရာပါဝင်ပတ်သက်သည့် ချင်းလက်နက်ကိုင် အဖွဲအစည်းများအားလုံးက ချက်ခြင်းရပ်တန့်၍ ချင်းလူထုတရပ်လုံး လိုလားသည့် ငြိမ်းချမ်းသော နည်းလမ်းဖြင့် နိုင်ငံရေး စားပွဲဝိုင်းတွင်သာ ညှိနှိင်းအဖြေရှာကြရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ယာယီသမ္မတ ဒူဝါလရှီးလကတိုက်တွန်းလိုက်သည်။

NUG ယာယီသမ္မတ ဒူဝါလရှီးလ ။ ဓါတ်ပုံ-ဇာနည်ဖြိုး

ဇူလိုင်-၉၊၂၀၂၅။ထားမြတ်/People’s Spring

ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲများအကြား မတူကွဲပြားမှုများကို စစ်ရေးနည်းလမ်း ဖြင့် အဖြေရှာရန်လုပ်ဆောင်မှုများကိုသက်ဆိုင်ရာပါဝင်ပတ်သက်သည့် ချင်းလက်နက်ကိုင် အဖွဲအစည်းများအားလုံးက ချက်ခြင်းရပ်တန့်၍ ချင်းလူထုတရပ်လုံး လိုလားသည့် ငြိမ်းချမ်းသော နည်းလမ်းဖြင့် နိုင်ငံရေး စားပွဲဝိုင်းတွင်သာ ညှိနှိင်းအဖြေရှာကြရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ယာယီသမ္မတ ဒူဝါလရှီးလကတိုက်တွန်းလိုက်သည်။

ချင်းအမျိုးသားတပ်ဦး (CNF/CNA)၊ချင်းအမျိုးသားအဖွဲချုပ်(CNO/ CNDF)၊ချင်းကာကွယ်ရေးတပ်ဖွဲ-ဟွားငိုးလ်ရမ်း (CDF-Hualngoram)တို့အားလိပ်မူပြီးယာယီသမ္မတကဇူလိုင် ၉ရက်တွင် တိုက်တွန်းချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဇူလိုင် လဆန်းမှစ၍ ချင်းလက်နက်ကိုင်တပ်များ အချင်းချင်းကြား မတူကွဲပြားသည့်သဘောထားအမြင်များ၊ ပဋိပက္ခများကို ငြိမ်းချမ်းသည့်နည်းလမ်းဖြင့် အမြန်ဆုံးအဖြေရှာကြရန် ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ချင်းလက်နက်ကိုင်တပ်များအကြားတိုက်ပွဲ ဖြစ်ပွားခြင်း နှင့် စစ်ရေးတင်းမာမှုများဆက်တိုက်ဖြစ်ပွားနေမှုများကြားသိရမှုအတွက်ဝမ်းနည်းရကြောင်းယာယီသမ္မတက အသိပေးသည်။

ယနေ့အချိန်အခါသည် ဘုံရန်သူဖြစ်သည့် အကြမ်းဖကစစ်ကောင်စီကို တိုင်းရင်းသားပြည်သူလူထု တရပ်လုံးမှ ဝိုင်းဝန်းတော်လှန်နေချိန်ဖြစ်သည့်အတွက် တော်လှန်ရေး အဖွဲအစည်းများအကြား စည်းလုံးညီညွတ်မှု၊ အပြန်အလှန် နားလည်ယုံကြည်မှုတိုကို လက်တွဲခိုင်မာစွာ တည်ဆောက်ထားရ မည့် အချိန်အခါဖြစ်ဟုလည်း ​ဖော်ပြထားသည်။

တော်လှန်ရေးအင်အားစုများကြား၌ ပဋိပက္ခများ၊ မတူကွဲပြားသည့် သဘောထားအမြင်များ ပေါ်ပေါက် လာပါက လက်နက်ဖြင့် မဖြေရှင်းဘဲ ငြိမ်းချမ်းစွာဆွေးနွေးအဖြေရှာသည့်နိုင်ငံရေးယဉ်ကျေးမှုကို ကိုင်စွဲထားမှသာလျှင်တော်လှန်ရေးပန်းတိုင်ကိုအရောက်လှမ်းနိုင်မည်ဟုယုံကြည်ကြောင်းလည်း ယာယီသမ္မတ၏ တိုက်တွန်းချက်၌ ဖော်ပြထားသည်။

ချင်းလက်နက်ကိုင်တပ်များအကြား ငြိမ်းချမ်းစွာ အဖြေရှာပြီး ချင်းတော်လှန်ရေးအင်အားစုများအကြား စုစည်းညီညွတ်မှုကို ခိုင်ခိုင်မာမာ တည်ဆောက်ကာ ချင်းလူထုအကျိုး၊ တော်လှန်ရေးအကျိုး ဆက်လက်သယ်ပိုး နိုင်ကြပါစေဟုလည်း ထုတ်ပြန်ချက်၌ ပါရှိသည်။

ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက အချင်းချင်းအကြား ပြဿနာကို နိုင်ငံရေးနည်းအရ ဖြေရှင်းရန်တိုက်တွန်းမှုများကိုကျေးဇူးတင်ကြောင်း နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့အချင်းချင်းအကြားတိုက်ပွဲဖြစ်ပွားမှုများကို ဆွေးနွေးရေးလမ်းကြောင်းဖြင့်ဖြေရှင်းနိုင်ရေး ကြိုးပမ်းနေကြောင်းဇူလိုင် ၉ရက်မနက်တွင် ပြောကြားသည်။

“ချင်းအရေး ပူပန်ပေးမှုတွေအပေါ် ကျေးဇူးတင်တယ်။ ဆွေးနွေးရေးလမ်းကြောင်းအတွက် ကြိုးစားနေပါတယ်။ ဒီအတွက် မီဇိုရမ် အစိုးရ ကိုလည်း ကျေးဇူးတင်ပါတယ်” ဟု ဆလိုင်းထက်နီက People’s Spring သို့ပြောသည်။

အချင်းချင်းဆွေးနွေးအဖြေရှာရန်တိုက်တွန်းချက်များနှင့်ပတ်သက်ပြီး မေးမြန်းရန် CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထံသို့လည်း ဆက်သွယ်ထားသည်။ ဆလိုင်းတင်မီအနေဖြင့် နှစ်ဖက်အကြား တိုက်ပွဲစတင်ကတည်းက ဆွေးနွေးညှိနှိုင်းအဖြေရှာရန် အသင့်ရှိဟု ပြောကြားထားသည်။

ညီအစ်ကိုအချင်းချင်းကြား တိုက်ပွဲဖြစ်ပွားမှုဂုဏ်ယူစရာ မဟုတ်ဟု ၎င်းကဆိုသည်။

“ဒါက မဖြစ်သင့်တဲ့ စကစ တိုက်ခိုက်နေတဲ့ နှစ်ဖွဲကြားမှာ ပဋိပက္ခ ဖြစ်တာကျနော်တိုက စားပွဲပေါ်မှာ ဖြေရှင်းလို ရရင်တော့ အမြန်ဆုံးဖြေရှင်းချင်တယ်” ဟု ဆလိုင်းတင်မီက ပြောကြားထားသည်။

ချင်းညီနောင်အဖွဲဝင် PDF ဇိုလဲန်း ဒုဥက္ကဋ္ဌ ဒေါက်တာကင်တန်ကလည်း ဖလမ်းမြိုနယ်အတွင်းဖြစ်ပွားနေသည့် ချင်းလက်နက်ကိုင်တပ်အချင်းချင်းအကြား တိုက်ပွဲနှင့်ပတ်သက်၍ အငြင်သာဆုံး ပြဿနာဖြေရှင်းနိုင်ရေး နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားရန်လိုအပ်ကြောင်း ချင်းပြည်မြောက်ပိုင်း နောက်ဆုံးလှိင်းအတွ့ အွန်လိုင်းမှ ရန်ပုံငွေ ရှာဖွေခြင်း အခမ်းအနား၌ ပြောကြားထားသည်။

“ညီအကိုရင်းတွေဖြစ်တဲ့အတွက် ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ အဖြေရှာ နိုင်ဖို ကြိုးစားကြဖို လိုပါမယ်” ဟု ဒေါက်တာကင်တန်က​ပြောသည်။

လက်ရှိတွင် PDF ဇိုလဲန်းအနေဖြင့် ချင်းညီနောင်၏ ထုတ်ပြန်ချက်အတိုင်း အကောင်းဆုံး ပြဿနာ ဖြေရှင်းနိုင်ရေး ပြင်ပမှ အားပေးနေချိန်ဖြစ်သည်ဟုဒေါက်တာကင်တန်က ပြောသည်။ချင်းတပ်ဖွဲအချင်းချင်းအကြား ပြဿနာများ ညှိနှိုင်းဖြေရှင်းနိုင်ရေးအတွက် ချင်းပြည်သူများ၊ ပြည်တွင်း အဖွဲအစည်း၊ ပုဂ္ဂိုလ်များက တိုက်တွန်းပြောဆိုထားသကဲ့သို အိန္ဒိယနိုင်ငံ ရှိ ချင်းမျိုးနွယ်စုဖြစ်သော မီဇိုရမ်ပြည်နယ် အစိုးရနှင့် မီဇိုရမ်ပြည်နယ်ရှိ အရပ်ဘက်အဖွဲအစည်းအချိုကလည်း ချင်းတိုင်းရင်းသားအချင်းချင်းဆွေးနွေးဖြေရှင်းရန် တိုက်တွန်းလျက်ရှိသည်ဟု ချင်းသတင်းရင်းမြစ် တဦးက ပြောပြသည်။

CNDFနှင့် CDF ဟွာလ်ငိုးရမ်းတိုသည် မီဇိုရမ်အစိုးရ၏ စေ့စပ်ပေးမှုဖြင့် တိုက်ပွဲစတင်ဖြစ်ပွားခဲ့အပြီး ရက်ပိုင်းအတွင်း နှစ်ဖက်တွေ့ဆုံရန် စီစဉ်ခဲ့သေးသည်။ ဇူလိုင် ၂ရက်က တိုက်ပွဲစတင်ခဲ့ရာ ဇူလိုင် ၅ရက်တွင် CNDFနှင့် CDF ဟွာလ်ငိုးရမ်းတို မီဇိုရမ်ပြည်နယ်၌ တွေ့ဆုံရန် သဘောတူခဲ့ကြသည်။ သိုသော်လည်း CDF ဟွာလ်ငိုးရမ်း၊CNA နှင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်တို့က စစ်ကောင်စီထံမှ တိုက်ခိုက်သိမ်းပိုက်ထားသည့် မြန်မာ- အိန္ဒိယ နယ်စပ်မြို ရိဒ်ခေါ်ဒါကို CNDFက ဇူလိုင် ၅ရက်တွင်သိမ်းပိုက်ခဲ့ရာတွေ့ဆုံပွဲပျက်သွားသည့်အပြင် ဇူလိုင် ၆ရက်တွင် CNDF ဌာနချုပ်ကို CNA က ပြန်လည်သိမ်းပိုက်ခဲ့ရာတိုက်ပွဲပိုမိုကျယ်ပြန့်လာခဲ့သည်။

လတ်တလော ဖလမ်းတိုက်ပွဲများကို ဆွေးနွေးပွဲများ ကျင်းပပြီး ပြဿနာဖြေရှင်းရန် တိုက်တွန်းမှုများ ရှိနေသော်လည်း ချင်းလက်နက်ကိုင်တပ် အချင်းချင်းအကြား ဇူလိုင် ၈ရက်နေ့အထိ တိုက်ပွဲဆက်ရှိနေကြာင်း ချင်းသတင်းရင်းမြစ်တဦးက ပြောပြထားရာ စစ်ရေး အခြေအနေများ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

နွေဦးတော်လှန်ရေးအတွင်းမှာ ပေါ်ပေါက်လာတဲ့ စစ်ရေးရည်မှန်းချက်တွေကို အကောင်အထည် ဖော်နိုင်ဖို့ အမိန့်ပေးကွပ်ကဲမှု တစ်ခုတည်းအောက်မှာ စစ်ဒေသအလိုက် ဦးစီးကွပ်ကဲဖို့ ကြိုးစားနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) နဲ့ ကိုးကန့်တပ်မတော်(MNDAA)တို့ရဲ့နှစ်ဖက်တွေ့ဆုံဆွေးနွေးမှု အောင်မြင်ပါစေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ယာယီသမ္မတ ဒူဝါလရှီးလ က ဆုတောင်းပေးခဲ့ပြီးတော်လှန်ရေးအကျိုး မထိခိုက်စေသော ညှိနှိုင်းဖြေရှင်းမှု ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်းဖော်ပြပါတယ်။

သတင်း

တော်လှန်ရေးဟာစုစည်းညီညွတ်မှုအားနဲ့ ပြည်သူ့အားကို မြဲမြဲစွာ ဆုပ်ကိုင်ထားရမှာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတဒူဝါလရှီးလက ထပ်လောင်းနှိုးဆော်လိုက်ပါတယ်။