Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုမှာမီးပြတ်နေလို့မြို့ခံတွေအခက်​တွေ့

စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့မှာလျှပ်စစ်ဓါတ်အားပြတ်တောက်​နေတာတစ်ပါတ်ကျော်ကြာလာလို့ အခက်အခဲဖြစ်နေတယ်လို့မြို့ခံတွေကပြောပါတယ်။

ရွှေဘိုပင်မဓာတ်အားခွဲရုံကို ၂၀၁၉ ခုနှစ်အတွင်းကတွေ့ရစဥ်။ ဓာတ်ပုံ- ပြန်ဆက်

ဇူလိုင်-၁၈၊၂၀၂၅။ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့မှာလျှပ်စစ်ဓါတ်အားပြတ်တောက်​နေတာတစ်ပါတ်ကျော်ကြာလာလို့ အခက်အခဲဖြစ်နေတယ်လို့မြို့ခံတွေကပြောပါတယ်။

ဇူလိုင် ၉ ရက်ဝန်းကျင်ကစပြီးရွှေဘိုမြို့ပေါ်တမြို့လုံးလျှပ်စစ်ဓာတ်အားစတင်ပြတ်တောက်ခဲ့တာပါ။လျှပ်စစ်မီးပြတ်တောက်နေလို့ သောက်သုံးရေမှာအစ အခက်အခဲဖြစ်နေကြောင်း မြို့ခံတွေက ပြောပါတယ်။

“ရွှေဘိုမြို့မီးပျက်နေတာတောင် ၉ ရက်ရှိပြီ။ ရေအခက်အခဲဖြစ်နေတာ။”လို့မြို့ခံတဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

လျှပ်စစ်ဓာတ်အားပြတ်တောက်နေလို့ ဂတ်စ်နဲ့ ထမင်းဟင်းချက်ပြုတ်နေရပြီးဂတ်စ်တွေပါဝယ်ရခက်နေတယ်လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

လျှပ်စစ်ဓာတ်အား ပြတ်တောက်နေမှုကြောင့် ဖုန်းလိုင်းတွေနဲ့ ဖိုင်ဘာအင်တာနက်လိုင်းတွေပါ လိုင်းအဆင်မပြေမှုများရှိလာပြီး အဆက်အသွယ်တွေပြတ်တောက်နေတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

ဓာတ်အားပြတ်တောက်ရခြင်းအကြောင်းရင်းကိုတော့ မသိရသေးပါဘူး။ ဓာတ်အားလိုင်းပြင်ရမယ့်နေရာတွေကို စစ်ကောင်စီရဲ့ လျှပ်စစ် ဝန်ထမ်းတွေက သူတို့လုံခြုံရေးကြောင့် သွားမပြင်ရဲလို့ ကြန့်ကြာနေတာဖြစ်ကြောင်း မြို့ခံတချို့က ဆိုပါတယ်။

ဒါ့အပြင် လျှပ်စစ်ဓာတ်အားပြတ်တောက်နေချိန် ရွှေဘိုမြို့တောင်ဘက်အဝင်ဂိတ်က စစ်တပ်ကလည်း ညပိုင်းတွေမှာ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ မြို့ထဲကို ရမ်းသမ်းပစ်ခတ်နေလို့ မြို့ခံတွေ စိုးရိမ်နေရတယ်လို့ သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမြန်မာနိုင်ငံဒေသအသီးသီးမှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ပိုမိုဆိုးရွားလာနေပြီး အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ (SMEs) နဲ့ တပိုင်တနိုင် စီးပွားရေး လုပ်ငန်းများ အခက်တွေ့နေရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ရွှေဘိုမြို့မှာဒီနေ့ မနက်က လှုပ်သွားတဲ့ ရစ်ခ်တာစကေး ၅ဒဿမ၂အဆင့်ငလျင်ကြောင့် စစ်ကိုင်းတိုင်းအပြင် မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်အထိ သိသိသာသာခံစားခဲ့ရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ၊ရွှေဘိုမြို့နယ်မှာသပိတ်အင်အားစုတွေက ဦးဆောင်ပြီး အာဇာနည်နေ့လှုပ်ရှားမှုမှာ ပြည်သူလူထုပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းနှိုးဆော်မှုတွေ ဒီကနေ့ (ဇူလိုင် ၁၅) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ အုန်းတော-ရွှေဘို မဟာဓာတ်အားလိုင်းတစ်လိုင်း ထပ်မံပျက်စီးသွားပြီး ရွှေဘိုတစ်မြို့လုံး ၃ ပတ်နီးပါးကြာ လျှပ်စစ်မီးပြတ်တောက်နေကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ ညဘက် လျှပ်စစ်မီးပြတ်တောက်ချိန် သူခိုးတွေ သောင်းကျန်းနေပြီး ၃ ရက်ဆက်တိုက် ဖောက်ထွင်းခိုးယူခံနေရကြောင်း ဒေသခံတွေက ပြောပါတယ်။