Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာသုံးရက်အတွင်းအင်အားအသင့်အတင့်ရှိ နောက်ဆက်တွဲငလျင်ငယ်တစ်ခုထပ်မံလှုပ်ခတ်

မန္တလေးမြို့မှာ သုံးရက်အတွင်း အင်အားအသင့်အတင့်ရှိတဲ့ နောက်ဆက်တွဲ ငလျင်ငယ်တစ်ခု ထပ်မံလှုပ်ခတ်သွားတာကြောင့် မြို့ခံတွေ စိုးရိမ်နေကြပါတယ်။

(မတ်လ ၂၈ရက်မှာ လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးအပြီး မန္တလေးနန်းမြို့ရိုး ပြိုပျက်မှုကို တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

ဇူလိုင်-၁၈၊ ၂၀၂၅။ မေရီ/People’s Spring

မန္တလေးမြို့မှာ သုံးရက်အတွင်း အင်အားအသင့်အတင့်ရှိတဲ့ နောက်ဆက်တွဲ ငလျင်ငယ်တစ်ခု ထပ်မံလှုပ်ခတ်သွားတာကြောင့် မြို့ခံတွေ စိုးရိမ်နေကြပါတယ်။

ဒီကနေ့ ညနေ ၄ နာရီဝန်းကျင်က မန္တလေးမြို့ပေါ်မှာ ငလျင်ငယ်တစ်ခု လှုပ်ခတ်သွားပြီး အဆောက်အအုံတွေ ခါယမ်းတဲ့အထိ သိသာခဲ့တာကြောင့် ထွက်ပြေးခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

“ပထမတကြိမ်က နည်းနည်းလူပ်တာ။ နောက်တကြိမ်ပြင်းတယ်။ အကုန်ထွက်ပြေးရတယ်”လို့ မန္တလေးမြို့ခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကမ္ဘာတစ်ဝန်း​မြေငလျင် သတင်း​တွေ​ဖော်ပြ​ပေး​နေတဲ့ အ​မေရီကန်မြေငလျင်တိုင်းတာ​ရေးဌာန (USGS) က ​​မြေငလျင်ဟာ ​ရွှေဘိုမြို့ ​​အ​ရှေ့ ၊အ​ရှေ့​မြောက်ဘက် ၃၅ ကီလိုမီတာ(၂၁ မိုင်​ကျော်) ၊​မြေအနက် ၁၀ ကီလိုမီတာ(၆ မိုင်​ကျော်)ကိုဗဟိုပြုပြီး ပြင်အား ၅ .၄ အဆင့်ရှိငလျင်လှုပ်ခတ်ခဲ့တာလို့​ဖော်ပြပါတယ် ။

ဒီကနေ့ ငလျင်ဟာ မတ္တရာမြို့ရဲ့ အနောက်မြောက်ဘက်(၆)မိုင်ခန့်အကွာ မြေအောက်အနက် (၁၈)ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ၅.၅ ရစ်ချ်တာစကေးအဆင့်နဲ့ လှုပ်ခတ်သွားတာဖြစ်ကြောင်းစစ်​ကောင်စီရဲ့ မိုးဇလက ထုတ်ပြန်ပါတယ်။

ဒီကနေ့ငလျင်ကို မန္တလေးမြို့အပြင် ပြင်ဦးလွင်၊ အမရပူရ၊ မိတ္ထီလာ၊ စစ်ကိုင်း၊ မုံရွာ အစရှိတဲ့ဒေသတွေမှာပါ သိသိသာသာလှုပ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက် မနက် ၃ နာရီ ၂၈ မိနစ်ခန့်ကလည်း လှုပ်ခတ်ခဲ့တဲ့ နောက်ဆက်တွဲငလျင်ဟာလည်း အင်အား ၄.၉ ရစ်ချ်တာစကေးရှိပြီး မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်ရဲ့ အရှေ့တောင်ဘက် (၄) မိုင်ခန့်အကွာ မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု လှုပ်ခတ်သွားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့အနီးကို ဗဟိုပြုပြီး အင်အားအတော်အသင့်ရှိတဲ့ငလျင် လှုပ်ခတ်သွားပြီး ရှေးဟောင်းမြို့တော် ပုဂံဒေသအထိ သိသိသာသာ လှုပ်ခတ်သွားကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

ကျူရှူးကျွန်းပေါ်က ငလျင်ဘေးသင့် ကူမာမိုတို ဒေသဆီ ဂျပန်ဝန်ကြီးချုပ် စနအဲ တကိချိက ကိုယ်တိုင် သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။