Connect with us

Hi, what are you looking for?

သတင်း

မန္တလေးကနေဗန်းမော်သွားတဲ့စစ်သင်္ဘောတွေ တိုက်ခိုက်ခံရ

မန္တလေးမြို့ကနေ ဗန်းမော်ကိုစစ်ကူသွားတဲ့ စစ်သင်္ဘောတွေတိုက်ခိုက်ခံရပြီး တစ်စီးမြှုပ်သွားကာ သုံးစီးခန့် စက်ခန်းတွေ ထိခိုက်သွားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က​ပြောပါတယ်။

​ဂေါဝိန်က​နေ ဗန်း​မော်တက်​နေ​သော စစ်သင်္ဘော​တွေထဲက ၁ စီး

ဇူလိုင်-၁၉၊၂၀၂၅။မေ/People’ Spring

မန္တလေးမြို့ကနေ ဗန်းမော်ကိုစစ်ကူသွားတဲ့ စစ်သင်္ဘောတွေတိုက်ခိုက်ခံရပြီး တစ်စီးမြှုပ်သွားကာ သုံးစီးခန့် စက်ခန်းတွေ ထိခိုက်သွားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က​ပြောပါတယ်။

ဧရာဝတီမြစ်အတွင်းတစ်​နေရာမှာ ​တော်လှန်​ရေးတပ်​တွေက တိုက်ခိုက်ခံခဲ့ရတာလို့ သိရပါတယ်။

“အခုထိတိုက်ပွဲဖြစ်နေတာ။လေယာဉ်တွေလည်း ဆက်တိုက်ကြဲနေတယ်။သပိတ်ကျင်းနဲ့ခင်ဦးနယ်စပ်က အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးလိုပဲ “လို့ ဒေသခံတဦးက စစ်တပ်က​လေ​ကြောင်းမှပစ်ကူ​ပေးခုခံ​နေတာကို ယ​နေ့ည ၇ နာရီ ခွဲခန့်မှာပြောပါတယ်။

Public Service Announcement

Public Service Announcement

လက်တလော သိရတဲ့သတင်းအရသံခွန် ၁စီး မြှုပ်သွားပြီး စက်ခန်းပျက်ကာ ရေထဲမျော​နေတဲ့ စစ်သ​သင်္ဘောတွေကို တွန်းသင်္ဘောတွေနဲ့ ပြန်ဆွဲကာ ဆန်တက်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်က Y-12၊ Mi-35 တိုက်ခိုက်​ရေးရဟတ်ယာဥ်​တွေနဲ့ တရစပ်ဗုံးကြဲတာနေတယ်လို့ သိရပါတယ်။စစ်တပ်​ရေယာဥ်​တွေတိုက်ခိုက်ခံရတာကို စစ်တပ်မှာလည်း သတင်းတက်​နေပြီလို့စုံစမ်းသိရပါတယ် ။

မန္တလေးကနေ ဗန်းမော်မြိုကို စစ်ကူပို့ဖို့ ဇူလိုင်လ၁၇ ရက်နေ့က စစ်တပ်က ​​ဂေါဝိန်ဆိပ်ကမ်းက စစ်သင်္ဘော၅စီးနဲ့တွဲ သင်္ဘော ၇ စီးတို့နဲ့ဆန်တက်လာခဲ့တာပါ ။

ဇူလိုင် ၁၇ ရက်ညက ဝက်လက်မြို့နယ်၊ရှိမ်းမကားကျေးရွာရဲ့အ ရှေ့ဘက်ကမ်းမှာ ညအိပ်ကာအဲဒီမြောက်ဘက်က ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်ခဲ့တာမို့ ပြည်သူ ၂၀ ဦးခန့်သေဆုံးပြီး ၃၀ ခန့်ဒဏ်ရာရခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်း စုန်ဆင်းလာတဲ့စစ်သင်္ဘောတွေ ဒီက​နေ့ မနက်မှာ မန္တလေး ​ဂေါဝိန်ဆိပ်ကမ်းကိုဆိုက်ကပ်ပြီးဒဏ်ရာရစစ်သားအများစုကို ပြင်ဦးလွင်စစ်ဆေးရုံကိုပို့ထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်က တိုက်ပွဲတွေမှာ ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်သားတွေကို မြစ်ကြီးနာမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ လေကြောင်းကနေပို့ပြီး ဆေးကုသနေတယ်လို့ သတင်းရရှိပါတယ်။

Facebook