Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်၏ ကာမီကာဇေဒရုန်းတစ်စီး ထိုင်းနိုင်ငံဘက်တွင်ပျက်ကျ

စစ်ကောင်စီ၏ ကာမီကာဇေ အ​သေခံဒရုန်းတစ်စီး ထိုင်းနိုင်ငံဘက် ယနေ့(ဇူလိုင် ၂၂ ရက်)တွင် ပျက်ကျခဲ့ကြောင်း ထိုင်းမတိချွန်သတင်းဌာနက ဖော်ပြသည်။

ဇူလိုင်-၂၂၊၂၀၂၅။ရဲခေါင်/People’s Spring

စစ်ကောင်စီ၏ ကာမီကာဇေ အ​သေခံဒရုန်းတစ်စီး ထိုင်းနိုင်ငံဘက် ယနေ့(ဇူလိုင် ၂၂ ရက်)တွင် ပျက်ကျခဲ့ကြောင်း ထိုင်းမတိချွန်သတင်းဌာနက ဖော်ပြသည်။

တာ့ခ်ခရိုင်၊ထာဆောင်ယောင်မြို့နယ်၊ ထာ့ဆောင်ယောင် ကျေးရွာအုပ်စု၊ ခွန်မယ်ဝဲရွာအနီး တောအုပ်တစ်ခုတွင် စစ်တပ်၏ ကာမီကာဇေဒရုန်းကို တွေ့ရှိခဲ့ခြင်းဟုဓါတ်ပုံများနှင့်တကွ​ဖော်ပြသည်။

ထိုင်းစစ်တပ်၏တပ်ဖွဲ့အမှတ် (၃၅) က စစ်ဆေးနေပြီး ဒရုန်းတွင် ဘက်ထရီ တစ် လုံး၊ မော်တာအင် ဂျင်အထောက်ခံအပိုပစ္စည်း တစ်ခုနှင့် ဦးဘက်တွင်ဓာတ်ငွေ့ဘူး (ဗုံးခေါင်းဟုခန့်မှန်း) တပ်ဆင်ထား ကို ကနဦးတွေ့ရှိကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ဒရုန်းကျသည့်နေရာကို အန္တရာယ်ရှိသောဇုန် ဟု အမှတ်အသားချသတ်မှတ်ထားပြီး ဒေသခံရွာသူရွာသားများကိုသတိပေးထား​သည်။ တွေ့ရှိခဲ့သည့် ဒရုန်းနှင့်ဆက် စပ်၍ စစ်ဆင်ရေးဌာနချုပ် သို့ ပို့ဆောင်ထားပြီး ထိုင်းစစ်တပ်က ဆက်လက်စစ်ဆေးသွားမည်ဟု သိရသည်။

လက်ရှိတွင် အဆိုပါဒရုန်းသည်မြန်မာစစ်တပ်ပိုင်ဖြစ်ကြောင်း ထိုင်းစစ်တပ်က ခန့်မှန်ထားပြီး ယခုနှစ် ဧပြီ လနှင့် မတ်လအတွင်းက KNU တပ်မဟာ ၇ စခန်းအနီး ဗုံး ကြဲခဲ့သည့် ဒရုန်းအမျိုးအစားနှင့် ထပ်တူကျနိုင်ကြောင်း ​ဖော်ပြသည်။

အဆိုပါဒရုန်းသည် KNU/KNLA၏ ခွန်မယ်ဝဲရွာတော်ဘက်တိုက်ရန် ရည်ရွယ်မှုရှိသော်လည်း ပစ်မှတ်မှလွဲ၍ ထိုင်းနယ်မြေအတွင်းသို့ ကျလာခဲ့သည်ဟုလည်း ထိုင်းစစ်တပ်က သုံးသပ်ထားသည်။

မြဝတီမြို့တောင်ဘက်၌ မြန်မာ-ထိုင်းနယ်စပ်တွင် စစ်တပ်၏ နှစ်ခုတည်းကျန်သည့်ဝေါလေဗျူဟာ နှင့် တီသဲလယ်ကာကင်းစခန်းမကျအောင် စစ်တပ်က တိုက်​လေယာဥ် နှင့် Y-12 ​လေယာဥ်သုံး၍ ဗုံးကြဲခဲ့သလို ဇူလိုင် ၁၃ ရက်တွင် ကာမီကာဇေ အသေခံဒရုန်းများဖြင့် ဗုံးကြဲခဲ့​သည်။

မတ်လခန့်မှစ၍ KNU/KNLA တပ်ဖွဲ့၏ စစ်ရေးဦးဆောင်မှုနှင့်အတူ PDF ၊ KNDO စ​သောပူး​ပေါင်းတပ်ဖွဲ့များက တောင်းပိုင်းစစ်မျက်နှာတစ်လုံးရှိ အ ကြမ်းဖက်စစ်ကောင် စီ တပ်စခန်းများအားလုံးကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

မြန်မာ-ထိုင်းနယ်စပ်တ​​လျှောက်တွင် KNU တပ်မဟာ ၇၊၆ ၊၄ ရှိစစ်တပ်စခန်းများကိုဆက်တိုက်သိမ်းပိုက်​နေသည်။ စစ်ကောင်စီ၏ပူးလူးတူ၊ ခလယ့်ဒေး၊ တခေါဘီခွီး၊ မော်ဖားသူးစခန်း ၊တာလယ်စခန်းများ၊ မယ်လ၊ ဘလက်ဒို၊ မော်ခီး၊ ဘုရင့်နောင်စခန်းကုန်း၊ ကနဲလေးစခန်းနှင့် ရွှေအေးမြိုင်တပ်စခန်းများကိုဆက်တိုက်သိမ်းပိုက်ခဲ့သည်။ ဇွန်လ ၃ ရက်နေ့တွင် သေ့ဘောဘိုးစခန်း၊ ဇွန်လ ၂၂ ရက်နေ့တွင် ထီးကပလယ်စခန်း၊ ဇူလိုင်လ ၁၂ ရက်နေ့တွင် ဥကရစ်ထစခန်းတို့ကို ဆက်တိုက် ထိုးစစ်ဆင်သိမ်းပိုက်ထားပြီး ယခုအခါနယ်စပ်တွင် စစ်တပ်စခန်းအနည်းငယ်သာကျန်​တော့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရောက်နေချိန်မှာ စစ်တပ်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ အသတ်ခံခဲ့ရတဲ့ ရုရှားလူငယ် မောင်နှမကို လူသတ်သမားတွေက မြှုပ်နှံထားခဲ့ရာ နေရာမှာ သူတို့အတွက် ရည်စူးပြီး ဆုတောင်းပွဲ တစ်ခုကို ကျင်းပခဲ့ပါတယ်။

သတင်း

အာဏာသိမ်းမြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ကြိုဆိုခဲ့တဲ့ထိုင်းအစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD)ထဲ ဝင်ရောက်ဖို့ အားထုတ်မှုတွေကို ထိခိုက်လာစေနိုင်ကြောင်းထိုင်းရဲ့အဓိကအတိုက်အခံ နိုင်ငံရေး ပါတီက သတိပေးလိုက်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရဲနှစ်ဦးကို ပစ်သတ်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ဆက်နွှယ်တဲ့ သံသယရှိသူ နှစ်ယောက်ကို သုတ်သင် ရှင်းလင်းခဲ့ကြောင်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။