Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့က စစ်သင်္ဘောအချို့ထပ်မံဆန်တက်

မန္တလေးမြို့၊ဂေါဝိန်ဆိပ်ကမ်းက စစ်သင်္ဘော ၆ စီးခန့် ဒီ​နေ့မနက်မှာဧရာဝတီမြစ်အတိုင်းထပ်မံဆန်တက်လာတာမို့ မြစ်ကမ်းအနီးက ပြည်သူတွေ ထပ်မံရှောင်တိမ်း နေရတယ်လို့ဒေသခံ​တွေက​ပြောပါတယ်။

​ဂေါဝိန်ဆိပ်ကမ်းမှ ဇူလိုင် ၁၇ ရက်​နေ့မှာထွက်ခွာပြီး ဗန်း​မော်မြို့ကို ဆန်တက်​နေတဲ့ စစ်​ရေယာဥ်အုပ်စုထဲမှ ၂ စီး

ဇူလိုင်၂၂၊၂၀၂၅၊မေ/People Spring

မန္တလေးမြို့၊ဂေါဝိန်ဆိပ်ကမ်းက စစ်သင်္ဘော ၆ စီးခန့် ဒီ​နေ့မနက်မှာဧရာဝတီမြစ်အတိုင်းထပ်မံဆန်တက်လာတာမို့ မြစ်ကမ်းအနီးက ပြည်သူတွေ ထပ်မံရှောင်တိမ်း နေရတယ်လို့ဒေသခံ​တွေက​ပြောပါတယ်။

ဇူလိုင်လ၂၂ရက်မနက်၉နာရီကျော် လောက်က စစ် သင်္ဘော၆စီးခန့် မန္တလေး-‌ကျောက်မြောင်းလမ်းအတိုင်းထပ်မံ ဆန်တက်နေတာလို့သိရပါတယ်။

“ဆန်တက်မယ့်သတင်းရတာနှစ်ရက်လောက်ရှိပြီ။ ပြည်သူပိုင်သင်္ဘော တွေကိုဖမ်းပြီး စစ်သင်္ဘော တွေနဲ့ စဆန်နေပြီလို့ သိရတယ်”လို့ ဒေသခံတဦး က People’s Spring ကိုပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်က ဇူလိုင် ၁၇ ရက်မှာ ဗန်း​မော်ကိုဆန်တက်​နေတဲ့ စစ်​ရေယာဥ် အုပ်စုထဲမှာလည်း ပုဂ္ဂလိကပိုင်​ရေယာဥ်​တွေကိုဖမ်းဆီးထားတာ​တွေပါတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

ဒီစစ်သင်္ဘောတွေဟာ ဇူလိုင်လ ၁၇ ရက်နေ့က ​ဂေါဝိန်ဆိပ်ကမ်းကစထွက်သွားတဲ့ စစ်သင်္ဘော တွေနောက်ကို စစ်ကူထပ်လိုက်တာဖြစ်နိုင်သလို သပိတ်ကျင်းမြို့ကို ရေကြောင်းကနေပါ ထိုးစစ်ဆင်ဖို့လည်း ဖြစ်နိုင်တယ်လို့ တော်လှန်ရေး တပ် ဖွဲ့ဝင်အချို့က ခန့်မှန်းထားကြပါတယ်။

စစ်သင်္ဘောတွေဆန်တက်ချိန်မှာ စစ်ကောင်စီတပ်ကလေကြောင်းပစ်ကူ၊လက်နက်ကြီးပစ်ကူတွေနဲ့ ဆန်တက်လေ့ရှိတာမို့မြစ်ကမ်းအနီးကျေးရွာတွေ စတင်တိမ်းရှောင်နေကြရပြီလို့ ​​ဒေသခံအချို့က​ပြောပါတယ်။

ဇူလိုင်လ၁၇ရက်နေ့ကဆန်တက်ခဲ့တဲ့စစ်သ​င်္ဘာတွေကို စစ်ကောင်စီ‌‌က လေယာဉ်ပစ်ကူ ပေးကာ ဒေသခံ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာမို့ ဝက်လက်မြိုနယ်အရှေ့ခြမ်းကပြည်သူ ၂၁ ဦး အ

ထိသေဆုံးခဲ့ပါတယ်။အဲဒီ စစ်သင်္ဘော ​၁၇ စီးကို ​တော်လှန်​ရေးတပ်ဖွဲ့​တွေက ဇူလိုင် ၁၉ ရက်မှာ တိုက်ခိုက်တာ​ကြောင့် ၁ စီးနစ်မြုပ်ပြီး ၃ စီးစက်ခန်းမီး​လောင်ခဲ့တယ်လို့ မန္တ​လေး PDF ကထုတ်ပြန်ပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။