Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ပိုင် အာမီရမ် စက်ရုံ မီးလောင်

ရန်ကုန်မြို့၊ရွှေပြည်သာမြို့နယ်ရှိ စစ်ကောင်စီ၏အာမီရမ်( Army Rum) အရက်ချက်စက်ရုံမီးလောင်မှုဖြစ်ခဲ့ကြောင်းမီးသတ်တပ်ဖွဲ့ကယနေ့(ဇူလိုင် ၂၃ရက်) သတင်းထုတ်ပြန်သည်။

ရွှေပြည်သာမြို့နယ်ရှိ စစ်ကောင်စီ​၏အာမီရမ်အရက်ချက်စက်ရုံမီးလောင်မှု ငြှိမ်းသတ်နေစဉ်။ ဓာတ်ပုံ - MFSD

ဇူလိုင်-၂၃၊၂၀၂၅။တေဇ/People’s Spring

ရန်ကုန်မြို့၊ရွှေပြည်သာမြို့နယ်ရှိ စစ်ကောင်စီ၏အာမီရမ်( Army Rum) အရက်ချက်စက်ရုံမီးလောင်မှုဖြစ်ခဲ့ကြောင်းမီးသတ်တပ်ဖွဲ့ကယနေ့(ဇူလိုင် ၂၃ရက်) သတင်းထုတ်ပြန်သည်။

ယင်းမီးလောင်မှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသော်လည်း စက်ရုံနာမည်မပါဝင်ပဲ နာရီဝက် ကျော်ကြာ မီးငြှိမ်းသတ်ခဲ့ရကြောင်း သတင်းထုတ်ပြန်ထားသည်။

ယင်းမီးလောင်မှု သွားရောက်မီးငြှိမ်းသတ်ခဲ့သည့် အမှတ်(၄)ရပ်ကွက် ရွှေပြည်သာမြို့နယ်အရန်မီးသတ်စခန်းက ဓာတ်ပုံများ နှင့် Live ဗီဒီယိုကိုတင်ခဲ့သော်လည်း ပို့စ်များကို ပြန်ဖျက်သွားသည်ကို တွေ့ရသည်။

Public Service Announcement

Public Service Announcement

ယင်းအကြောင်းအရာနှင့်ပတ်သက်၍ ယင်းမီးသတ်စခန်းသို့ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။

ဇူလိုင် ၂၃ရက် နံနက် ၉နာရီခွဲခန့်တွင် ပေါက်ကွဲသံကြားရပြီး မီးလောင်မှုဖြစ်ခဲ့ခြင်းဖြစ်ကြောင်း ရွှေပြည်သာမြို့နယ် သတင်းများကိုဖော်ပြပေးနေသည့် Shwe Pyi Thar Information ကဖော်ပြထားသည်။

မီးလောင်မှုဖြစ်သည့်စက်ရုံအတွင်းသို့ မီးသတ်ကားများနှင့် အရေးပေါ်ကားများဝင်သွားသောကြောင့် ထိခိုက်မှုရှိနိုင်ကြောင်း ဒေသခံတစ်ဦးက ပြောကြားချက်ကို အထက်ပါပေ့ခ်ျ၌ ရေးသားထားသည်။

စစ်ကောင်စီ၏ အာမီရမ် စက်ရုံကို ဇန်နဝါရီ ၃၁ ရက် ညက အနောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေး(ပကဖ)တိုက်ခိုက်ရေးအဖွဲ့က အဝေးပစ်လောင်ချာဖြင့် ၄၀ မမ သုံးလုံးပစ်ခတ် တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်မှာ မူကြိုကျောင်းတစ်ခု မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ကလေးတွေနဲ့ ဆရာ ဆရာမ စုစုပေါင်း လူ ၃၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

သတင်း

ကရင်ပြည်နယ်၊မြ၀တီမြို့ကနေအိမ်တစ်လုံးမှာဒီနေ့ (ဇွန်လ၁၉ ရက်) နေ့ခင်းပိုင်းကမီးလောင်မှုဖြစ်ရာကလေးနှစ်ဦးသေဆုံးသွားပြီးသက်ကြီးပိုင်းအမျိုးသားတစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြ၀တီမီးသတ်ကသတင်းထုတ်ပြန်ပါတယ်။

သတင်း

အိန္ဒိယနိုင်ငံ၊ဒေလီမြို့တော်ကဟိုတယ်နဲ့ စားသောက်ဆိုင် တွဲဖွင့်ထားရာ အဆောက်အအုံတစ်လုံးမှာ မီးလောင်မှု ဖြစ်ပွားပြီး အနည်းဆုံး ၂၁ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်မှာ စစ်ကောင်စီရဲ့ယာဥ်ထိန်းရဲကင်း မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။