Connect with us

Hi, what are you looking for?

သတင်း

ချင်းတွင်းမြစ်ကြောင်းမှ စစ်သင်္ဘောအုပ်စု မော်လိုက်ရောက်ရှိ၊ ဒေသခံများချောဆွဲ၍ ကုန်ချခိုင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်း လေကြောင်းအကူအညီဖြင့် ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စုသည် မော်လိုက်မြို့ဆိပ်ကမ်းသို့ ရောက်ရှိလာပြီး ဒေသခံများအားချောဆွဲ၍ သင်္ဘောပေါ်ပါကုန်ပစ္စည်းများ ထမ်းပိုးသယ်ချခိုင်းနေကြောင်း သတင်းရရှိသည်။

ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီ စစ်သင်္ဘောအုပ်စုမှ တစ်စီးအား တွေ့ရစဉ်။ ဓာတ်ပုံ - CRBVS

ဇူလိုင်-၂၃၊၂၀၂၅၊လူအေး/People’s Spring

ချင်းတွင်းမြစ်ကြောင်းအတိုင်း လေကြောင်းအကူအညီဖြင့် ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စုသည် မော်လိုက်မြို့ဆိပ်ကမ်းသို့ ရောက်ရှိလာပြီး ဒေသခံများအားချောဆွဲ၍ သင်္ဘောပေါ်ပါကုန်ပစ္စည်းများ ထမ်းပိုးသယ်ချခိုင်းနေကြောင်း သတင်းရရှိသည်။

စစ်သင်္ဘောသုံးစီးအပါအဝင် စုစုပေါင်းသင်္ဘော အစီးရေ ၃၀သည် မုံရွာ၊ ဆားလင်းကြီး၊ ယင်းမာပင်၊ ကနီ၊ မင်းကင်း၊ ကလေးဝမြို့နယ်တို့ကို ဖြတ်သန်းပြီး မော်လိုက်မြို့သို့ ဇူလိုင်၂၂ရက်က ရောက်ရှိလာခြင်းဖြစ်သည်။

” ဒေသခံတွေကို ချောဆွဲပြီး ကုန်တွေချခိုင်းနေတယ်ဗျ။ မလိုက်နိုင်တဲ့သူတွေကို ၅,၀၀၀ ကောက်တယ်။ အရမ်းအဆင်မပြေသူတွေကို ၄,၀၀၀ တောင်းတယ်။ သန်းရွှေခေတ်တုန်းကလိုပဲ ပြည်သူတွေကို ခိုင်းတာ”ဟု မော်လိုက်ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်သင်္ဘောအုပ်စုသည် လက်နက်ခဲယမ်းနှင့်ရိက္ခာများ၊ ဘိလပ်မြေအိတ်များ၊ရေနံနှင့် စက်သုံးဆီများကို ကုန်တင်ယာဉ်များဖြင့်တင်ဆောင်လာပြီး ကမ်းကပ်သည့် မြို့တိုင်းတွင် ခွဲတမ်းဖြင့် ကုန်ချခဲ့သည်။ မြစ်ကြောင်းတလျှောက် လေကြောင်းမှ လုံခြုံရေးယူ၍ ထွက်ခွာလာခြင်းဖြစ်သည်။

” စခန်းတွေ၊ ပျူရွာတွေအတွက် လာပို့တာ။သူတို့ ဟုမ္မလင်းအထိ တက်မှာပါ”ဟု မော်လိုက်ဒေသခံတစ်ဦးက ပြောသည်။

ဇူလိုင် ၁၆ရက်က ကနီနှင့်မင်းကင်းမြို့နယ်စပ်၌ ရှိနေစဉ် ပြည်သူ့ကာကွယ် ရေးပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့သေးသည်။ ဇွန်လ ၂၈ရက် နံနက်က ဆားလင်းကြီးမြို့နယ်ကိုဖြတ်သန်းစဉ် စစ်ကောင်စီက ဘေးပတ်ဝန်းကျင်ကျေးရွာများအား ပါရာမော်တာနှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ရာ အရပ်သားလေးဦး သေဆုံးခဲ့သည်။

ကနီမြို့နယ်ဖြတ်သန်းစဉ်ကလည်း ဂျက်ဖိုက်တာ၊ Y12လေယာဉ်၊ ပါရာမော်တာတို့ဖြင့် လေကြောင်းမှ ဗုံးကြဲပြီး စစ်သင်္ဘောအုပ်စုကလည်း စက်သေနတ်များ၊ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည်။ လူထိခိုက်မှုမရှိသော်လည်း နေအိမ်အချို့ပျက်စီးခဲ့သည်။

ချင်းတွင်းမြစ်ကမ်း ဘေးကျေးရွာများ လက်နက်ကြီးအန္တရာယ်နှင့် လေကြောင်းအန္တရာယ်သတိပြုကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကသတိပေးထားသည်။

လက်ရှိတွင် ချင်းတွင်းမြစ်ကြောင်းအတွင်း စစ်ကောင်စီသင်္ဘောအစီးရေ ၃၀ကျော် ရှိနေသလို ဧရာဝတီမြစ်ကြောင်းတွင်လည်း သင်္ဘောအစီးရေ ၂၀ကျော်ရှိနေသည်။

မန္တလေးမြို့၊ ဂေါ်ဝန်ဆိပ်ကမ်းမှထွက်လာသော စစ်ကောင်စီသင်္ဘောအုပ်စုကို ဧရာဝတီမြစ်ကြောင်း၌ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ပြီး သင်္ဘောအချို့နှစ်မြုပ်ပျက်စီးခဲ့သည်။ အဆိုပါသင်္ဘောအုပ်စုသည် ယနေ့တွင် ထီးချိုင့်မြို့နယ်အတွင်း ရောက်ရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်က ရန်ကင်းတောင်စခန်းကုန်း ထိုးစစ်ဆင်နေတဲ့ စစ်တပ်ဟာ ပြန်ဆုတ်ခွာသွားရတယ်လို့ Mawlaik Revolutions တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်မှာ တိုက်ပွဲ ဖြစ်ပြီး စစ်ကောင်စီတပ်က ရုပ်အလောင်းတွေအပါအဝင် ရှော့တိုက်ဒုံးတွေနဲ့ လက်နက်တွေ သိမ်းရတယ်လို့ Mawlaik Revolutionsက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ၊ ​မော်လိုက်မြို့နယ်က စစ်တပ် နဲ့ပျူ​စောထီး​တွေပူး​ပေါင်းတပ်ထိုင်ထားတဲ့ ​ထော်သာပျူစခန်း၊ ​တောင်းအင်ပျူစခန်း​တွေကို ​တော်လှန်​ရေးတပ်​တွေကသိမ်းပိုက်ပြီး​နောက် စက်တင်ဘာလ ဒုတိယပါတ်မှာ ပျူ​​စောထီးစခန်းသုံးခုကိုထပ်မံသိမ်းပိုက်ခဲ့တယ်လို့ တော်လှန်​ရေးတပ်ဖွဲ့ဝင်အချို့က​ပြောပါတယ် ။

သတင်း

မော်လိုက်မြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များပိတ်ဆို့ထားသည့်တောင်းအင်စခန်းမှစစ်ကောင်စီနှင့်ပျူစောထီးအင်အား ၂၀၀ နီးပါးသည် ဆုတ်ခွာထွက်ပြေးသွားကြောင်းသတင်းရရှိသည်။